Monday 15 October 2012

ကိုကာကိုလာအချိုရည်၏အသုံးဝင်ပုံ


ကိုကာကိုလာအချိုရည်၏ အသုံးဝင်ပုံ

ကိုကာကိုလာအချိုရည်မှာ အခြား အသုံးပြုလို့ရ တဲ့ နည်းလမ်းများလည်း ရှိနေပါသေးတယ်။

သံချေးများ ဖယ်ရှားခြင်း

ကိုကာကိုလာအချိရည်ကလည်း အက်ဆစ်တစ်မျိုးဖြစ်ပါတယ်။ သံချေးစား ထားတဲ့ ဝက်အူရစ်၊ ပလယ်ရာ အစရှိသဖြင့် သံတိုတဆ အစိတ်အပိုင်းများ အားလုံးကို ကိုကာကိုလာအရည်နဲ့ ဆေးချပြီး သေချာ သုတ်ပေးရင် သံချေး များ ပြောင်စင်သွားပါတယ်။


ဖိုက်ဘာ၊ကြွေတို့မှ အပေအကြံများ ဖယ်ရှားခြင်း

ဖိုက်ဘာ၊ ကြွေအလွာတို့မှာ ကပ်ပြီး ကျန်ရှိတတ်တဲ့ အညစ်အကြေးများကို ကိုကာကိုလာနဲ့ ဆေးထုတ်ရင် ပြောင်ပါတယ်။ အဝတ်လျှော်စက်တွင် ညစ်ပတ်နေတာမျိုး၊ လက်ဆေး ကြွေခွက်တို့မှာ အစွန်းအထင်းပေနေ တာမျိုး၊ မည်းနေတာမျိုးဆိုရင် ကိုကာကိုလာအချိုရည်နဲ့ ဆေးကြောလို့ ရပါတယ်။

ဆေးဝါးအဖြစ် သုံးစွဲခြင်း

ဝမ်းလျှောရောဂါအပြင် ဝမ်းနဲ့ ပက်သက်တဲ့ ရောဂါအချို့ ကို ကိုကာကိုလာ အချိုရည်သောက်ပြီး ပျောက်ကင်းစေ နိုင်ပါတယ်။ ဗိုက်မအီမသာဖြစ်နေတာ၊ အစာမကြေတာ၊ လေအောင့်တာဆိုရင် ကိုကာကိုလာအချိုရည်သောက်ချပြီး သက်သာစေပါတယ်။ ဝမ်းပျက်၊ဝမ်းလျှော ဖြစ်နေသူများလည်း ကိုကာကို လာ အချိုရည်သောက်ပြီး ကုသလို့ ရပါတယ်။

ပိုးသတ်ဆေးအဖြစ် သုံးစွဲခြင်း

အိမ်မှာ ကပ်တွယ်တတ်တဲ့ ပိုးကောင်တွေ၊ ခရုတွေ၊ အင်းစက်တွေကို ကိုကာကိုလာ အချိုရည်လောင်းပြီးတော့ လည်း ဖယ်ရှားပါတယ်။ ပထမတော့ သကြားဓာတ်ပါတဲ့အတွက် သောက်သုံးမိပြီး ပါဝင်တဲ့ အတွင်း အက်ဆစ်ဓာတ်ကို ပိုးကောင်တို့ မခံနိုင်ပါဘူး။ ကားမှန်နဲ့ ကားတွေပေါ်မှာ ကပ်နေတတ်တဲ့ အင်းဆက်များလည်း ဖယ်ရားနိုင်ပါတယ်။

ဟင်းချက်ရာတွင် အသုံးပြုခြင်း

ဗနီကာ၊ ရှာလကာရည် တစ်မျိုးပဲ ဖြစ်ပါတယ်။ အသားဟင်းချက်ရာမှာ ကိုကာကိုလာအချိုရည်ကို ရှာလကာရည် ထည့်သလို အချိးအစား မှန်မှန် ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ အသားရဲ့  မကျက်နိုင်တဲ့အစိုင် အခဲတွေကြားကို ဖောက်ပေးပြီး ဟင်းအနှစ်အားလုံးကို အသားတွေထဲ ထိ ပြန့်နှံ့စေမှာ ဖြစ်ပါတယ်။ ပိုမို အရသာ ရှိတဲ့ အသားဟင်း တစ်ခွက် ရရှိစေတယ်လို့ ဆိုပါတယ်။

ကိုကာကိုလာအချိုရည်ဟာ ကာဘွန်နိုက်အချိုရည် တစ်မျိုးဖြစ်ပြီး ရေ ဓာတ်ဖြည့်ဆည်းပေးသလို အစာအိမ်တွင်းက မကြေညက်တဲ့အစား အစာများကို ချေဖျက်ပေးပါတယ်။ သကြားဓာတ်လည်း ကြွယ်ဝတဲ့အ တွက် သွေးထဲကို ဂလူးကိုစ့်ဓာတ် ကောင်းကောင်း ထောက်ပံ့ပေးပါတယ်။ သူ့မှာ ပါဝင်တဲ့ ဓာတ်များက သောက်သုံးရန်အပြင် အခြား အသုံးဝင် တဲ့ နေရာများလည်း ရှိနေတာကို ယခုလို သိရပါတယ်။
---
Ref:unusualfacts

http://innewsmyanmar.blogspot.com/2012/10/blog-post_5580.html


  • 278 people like this.
  • Ko Jpeg ဒါဆိုကိုကာကိုလာအက်ဆစ်တွေပါတာပေါ့...သောက်ရမှာလား..မသောက်ရဘူးလား
  • Akari Soe Mon i use it to remove stain from oven grin
  • Kaung Myat [[311827535528950]]
  • Hein Thant Oo မြန်မာပြည်က စတားကိုလာ တို့ မက်စ် ကိုလာတို့က ညံ့တာပေါ့နော်
  • Hein Thant Oo ဟားဟား
  • Arsene Zayyar MinNg အက်စစ်ပျော့ဆိုတာ ကလည်း စားစရာ တွေ ထဲက တခုပါပဲ ..။ (ဥပမာ သံပရာသီး)
  • Kayay Phyu ဒါဆိုဘယ်လိုလုပ်မလဲ သောက်ရမှာလားသောက်ရဘူးလား အစာအိမ်ရောဂါရှိတဲ့သူတော့သွားပြီ အက်ဆစ်တွေနဲ့မသောက်နာပဲကောင်းပါတယ်
  • Moe Moe Than စမ်းသုံးကြည့်ရမယ်
  • Chaw Chaw Thank you
  • Mekong Kyaw Swar အဲဒါကြောင့်ကိုကာကိုလာသောက်ပြီးရင် ငါ့သွားတွေပိုဖြူလာတာကိုး LOL
  • Nang Seng Han သွားဖြူတာကောင်းတယ်...အူတွေ...အသဲတွေ...အစာအိမ်တွေ...ကျောက်ကပ်တွေ..နှလုံးတွေ...ဖြူမှာမကြောက်ဘူးလား....
  • Travis Pei A woman in America drunk coca cola everyday and now she died!!!
  • Aye Myatthwe tan say lon bay
  • ChoMe Wai ဝက်သားတုတ်ထိုးလုပ်စားယင်ဝက်အူတွေကို အကြားကြီးမပြုတ်ချင်ရင် ကိုလာတလုံးနဲ့တညလောက်စိမ်ထားရင် သိပ်အကြာကြီးပြုတ်စရာမလိုဘူး
  • Myo Min ဒါဆိုရင်တော့ စဉ်းစားစရာဖြစ်နေပြီ အူတွေအသည်းတွေနှလုံးတွေ ၀မ်းပိုက်လဲ ပျက်စီးမှာဧကန်မလွဲပါ
  • No Rule သံပုရာသီး၊ လိမ္မော်သီး မှာလအက်စစ်ပါတာပဲ။ သံပုရာရည်၊ လိမ္မော္ဖ်ရည်ဆိုတာလဲရှိတာပဲ။တခုစဉ်းစားမိလို့ပါ။ မြန်မာမှာလဲ မက်စ်ကိုလာ၊ စတားကိုလာ တွေရှိတာပဲဘာမှပြောသံမကြားရဖူးဘူး (မပြောကြ၊မဖွကြဘူး)။ ခုကိုကာကိုလာအချိုရည် ကုပ္မဏီလာတော့မယ်ဆိုမှ တမျိုးတမျိုးမရိုးရဘူး။ အရင်ကVOIP , GTalk, Pfingo,Skype... တွေကို တရားမဝင်ကြေငြာပြီး သုံးမရတဲ့ YTalk ကိုပဲရောင်းစားတဲ့သဘောမျိုးများလား။ တရားမဝင်ကြေငြာလို့မရတော့ မကောင်းဘူးဆိုပြီးလုပ်ရော။ ကိုကာကိုလာ အချိုရည် က ကမ္ဘာတလွှားမှာ သောက်သုံးနေကြတာပဲ။ တကယ်အန္တရယ်ရှိပြီဆို ဟိုနိုင်ငံတွေကFDA တွေက ( ဒီမြန်မာပြည်ကFDA လို လာဘ်ပေးတာနဲ့ရတဲ့မဟုတ်တာ) ဒီတိုင်းဘာမှမပြောပဲငြိမ်နေကြပါ့မလား။
  • Gu Rugyi အကုန်မသောက်ပါနဲ့ ထက်ဝက်ခန့်ချန်ထား

    ပါ ကျန်တစ်ဝက် နာ သောက်မှာ ဟီးဟီး
  • Katerina K Oo ခန်ဒါကိုယ်တွက်ကောင်းတာ ၂ချက် ပစ်စည်းများ ချေးပြောင်ဖို့ တွက်က ၄ချက် ဆိုတော့ကာ 2:1 ဆက်ပီး သောက်သုံး ရန် သင့်မသင့် စဉ်းစားစရာပဲနော် ( ရင်က သောက်ခဲ့တဲ့ အူလေးတွေကို သနားလိုက်တာ ) ဟင့် tongue
  • No Rule တကယ့်တကယ်ပြောကြကြေးဆို ကျနော်တို့စီက စားသောက်စရာတွေကမှအလွန်ဆိုးရွားအန္တရယ်ကြီးနေတာ။ ပဲဆီဆိုပြီး ဘာမှန်းမသိသောဆီများကို ''ဆပ်ပြာအပြင်းစား'' တွေရော ပဲဆီနံ့ထည့်ပြီး ဈေးကြီးကြီးနဲ့ရောင်း။ ( ပဲဆီကုမ္ပဏီကကားနဲ့လာချတဲ့ဆီတွေပါ၊ အပြင်မှာအတုလုပ်တာမဟုတ်ပါ၊ တံဆိပ်အစစ်ပဲဆီအတုပါ။) အချဉ်ရည်ဆိုလည်း ဆာလဖျူရစ်အက်စစ်(တွင်းထွက်အက်စစ်ပါ ၊သံပုရာသီးလိုမျိုးပါတဲ့ စားလို့ရတဲ့အက်စစ်မဟုတ်ပါ)။ စားစရာတော်တော်များများမှာလဲ ''ဆိုးဆေး'' များအပြည့်ပါ။ လက်ဖက်(နိုင်ငံကျော်အရီးတောင်း) (ခုတော့နိုင်ငံတင်မဟုတ် ကမ္ဘာပါကျော်ပြီ) ဆိုးဆေးများအပြည့်။ စင်ကာပူကိုတင်လို့ဟိုကစစ်ပြီးပြောမှအရှက်ကွဲခဲ့တာ။
  • Thaw Tar ဒါစီးပွားရေးတိုက်ခိုက်မှုလို့ထင်ပါတယ်။
  • Thaw Tar ဒါမြန်မာကို ကိုကာကိုလာဝင်လာမှ အဲလိုသတင်းတွေတွေ့တာပါ အရင်တုန်းကဘာမှ မဖြစ်ပါဘူး။ သူတို့ရှင်ပြိုင်ချင်တခြားနည်းနဲ့ပြိုင်ပေါ့ဘာလို့ဒီလိုလုပ်တာလဲ။ ကိုကာကိုလာဆိုတာ ကိုရီးယားမှာလူကြိုက်များနေတဲ့အချိုရည်ပါ။ ဒီနိုင်ငံမှာအဲလိုပါရင်ရောင်းလို့မရပါဘူး။ Max Myanmar ကိုလဲခုလိုတိုက်ခိုက်ဘူးပါတယ်။ ဒါတရုတ်ပိုင်ကုမ်ပဏီပဲဖြစ်မယ်ထင်ပါတယ်။
  • Zay Yar Min သေချာတယ်..ပြည်တွင်းက အချိုရည်ကုမဏီတွေပေါင်းပြီး လုပ်ကြံနေတာဖြစ်မယ်.
    QQ ကားတွေ တုန်းကလဲ စက်မှူ (၂)မှာ စပြီးေ၇ာင်းကတည်းက (အပြီးစီးသိန်း၁၁၀ နဲ.)ကလဲ ကညနမှာလုပ်ငန်းလိုင်စင် အနီမပေးဘူးဆိုပြီးသတင်းလွင့်.ပြီးတော့ ဆန်တအိတ်တင်တာနဲ.ခါးကျိုးကျတယ်ဘာညာလျောက်ပြော.အခုလဲ ချယ်ရီ ကားတွေ ကို တစ်နစ်ပြည့်ရင် လုပ်ငန်းလိုင်စင်မပေးဘူး...အဆုတ်ရောဂါရတယ်.နဲ.ပြည်တွင်းကကားကုမဏီအရစ်ကျနဲ.ေ၇ာင်းတာမထွက်တော့ဒီလို ဂျာနယ်မဂဇင်းတွေ မှာ ပိုက်ဆံပေးပြီးအကောက်ကြံနေကျတာပါ.ဈေးမကျကျအောင်လူမ၀ယ်ချင်အောင်.အဲဒါမှသူတို.အရစ်ကျကားတွေေ၇ာင်းရမှာလေ..အဲဒီကားက သိန်း ၃၀ ပေးတစ်လ 4 သိန်းကျော်နစ်နစ်လေ.သိန်း၁၄၀လောက်တန်တာကို ၁၈၀လောက်ကျမယ်.ပြီးတော့ ဂျပန်လေလံကဂရိတ်နိပ့်ကီလိုများနေတာတွေ ဈေးပေါပေါနဲ့ ဆွဲလာတဲ့ကားတွေ ပြန်ေ၇ာင်းနေတာဖြစ်မယ်..တရားခံကတော့ အဲဒီအရစ်ကျ ကားကုမဏီ တွေကအပုတ်ချနေတာပါ..
  • Khant Ko ဒီပြသနာက year 2k လောက်ကတည်းက ပေါ်တာပါ ... ခုမှထုတ်တာမဟုတ်ပါဘူး ... ကြာပါပီ ခင်ဗျ smile
  • Yu Yu Maw အဲ့လိုသာပြောကြေးဆို တခြားနိုင်ငံတွေမှာ နှစ်ပေါင်း များစွာ ဒါတွေပဲသောက်လာတာ ဘာမှမဖြစ်ကြ တော့ဘူးလားးး
  • Win Naing အသုံးဝင်တာတွေက မနည်းပါလား ဟရို့......ဟုတ်ပါ့မလား မကာလုရဲ့....ခိခိခိခိ
  • Post Ml အတူတူ ပါဘဲ ဗျာ ကိုကာကိုလာလဲ တစ်ခြားအချိုရည်တွေ ကို တိုက်ခိုက်တဲ့ အကြောင်းတွေ ဖတ်ဘူးပါတယ်.. အဲ ဒါပေမယ့် ကျွန်တော်က တော့ ဘာအချိုရည် မှမထုတ်ဘူးနော်.... မနေနိုင် မထိုင်နိုင် ၀င်ပြောမိတာပါ..
  • H Naing O Double မနည်းဘာလား....အသုံးဝင်တာတွေ

No comments: