Sunday 14 October 2012

ဒုက္ခတဲ့လား.. လာစမ်းပါစေ။... ဒီမှာ အချစ်ရှိတယ်။



ဒီမြင်ကွင်းကို သူတို့ ရက်ကွက်သားတို့ အဖို့ ရိုးနေပြီ။ မိန်းမဖြစ်သူက ယောင်္ကျားကို မနက်၊ည ကြောပိုးလာတာ နှစ်ပေါင်း နှစ်ဆယ်ကျော်တောင် ရှိနေပြီတဲ့။

ဟုတ်ပါတယ်။ မိန်းမဖြစ်သူက ယောင်္ကျားကို ဘေးမှာချပြီး လူစည်ကားတဲ့နေရာမှာ တောင်းရမ်းနေရတာပါ။


ရှိသမျှပစ္စည်းဥစ္စာ အကုန်ရောင်းပြီး ယောင်္ကျားဖြစ်သူကို ကုသလာခဲ့ပြီးပြီ။ ရောဂါပျောက်ကင်းခြင်း မရှိဘူး။ အလုပ်ဟူသမျှ မရွေးစတမ်း လုပ်ခဲ့ပြီးပြီ။ ရောဂါအခြေအနေ ပိုဆိုးလာခဲ့တယ်။

ကြံရာမရတဲ့အဆုံး အခုလို တောင်းရမ်းစားသောက်ရတဲ့ဘဝ ဖြစ်နေတာပါ..တဲ့..အသက် ၄၅နှစ်ရှိ မိန်းမဖြစ်သူက ပြောပြတယ်။ သူတို့တွေ နှစ်ဆယ်အရွယ်ကတည်းက လက်ထက်ခဲ့ကြတယ်။ မကြာဘူး၊ ယောင်္ကျားဖြစ်သူက ခါးနာရောဂါနဲ့ နှလုံးချွတ်ယွင်းတဲ့ ရောဂါခံစားခဲ့ရတယ်။

ဟုတ်ပါတယ်... နှစ်ပေါင်းနှစ်ဆယ်လုံးလုံး သူမ ဒုက္ခအမျိုးမျိုး ခံခဲ့တယ်။

စွန့်ပစ် မသွားချင်ဘူးလား...။ စိတ်မကူးတဲ့အပြင် ဖြစ်နိုင်ရင် သူမသာ လူစားလဲ ခံပေးလိုက်ချင်ပါသတဲ့....။

ဒီပုံက ဗီယက်နမ်မြောက်ပိုင်း မြို့ငယ်လေးတစ်မြို့က သူတောင်းစား လက်မယားပုံပါ။ ဗီယက်နမ် အွန်လိုင်း အင်တနက်မှာ သူမရဲ့သစ္စာတရားကို ချီးမွမ်းထားကြတယ်။

နှစ်ပေါင်းနှစ်ဆယ်ကျော်ပြီး နောက်ထပ် နှစ်ပေါင်းဘယ်လောက် အထိ သူမချစ်နေဦးမလဲဆိုတာ.....။

ဒုက္ခတဲ့လား.. လာစမ်းပါစေ။... ဒီမှာ အချစ်ရှိတယ်။

http://hilight.kapook.com/view/77267

ခမ်းကီး
— with Saw Karen Lay, Davi Khin, Ma Marlar Return and 33 others.

No comments: