Wednesday 17 October 2012

သတိရစရာ အမှတ်တရများ (၁၈


မိုးဇေညိမ်း

မြန်မာနိုင်ငံအတွင်းမှာ လက်တလော ရှိနေတဲ့ ထောက်လှမ်းရေး အဖွဲ့အစည်း တွေကတော့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ) တို့ရှိပါတယ်။ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနကို စတင်ဖွဲ့စည်းစဉ်က အဓိကတာဝန်ဟာ စီးပွားရေးဆိုင်ရာ ပြစ်မှုတွေနဲ့ အဂတိလိုက်စားမှုတွေကိ
ု စုံစမ်းစစ်ဆေး တရားစွဲဆိုဖို့ ဖြစ်ပေမဲ့ နိုင်ငံတော် ထောက်လှမ်းရေး စက်ဝန်းရဲ့ တစ်စိတ်တစ်ဒေသအဖြစ်လည်း ဆောင်ရွက်ရပါတယ်။
စုဆောင်းရရှိတဲ့ သတင်းတွေထဲက ဦးစီးဌာနအနေနဲ့ ကိုင်တွယ်ဖို့ တာဝန်မရှိတဲ့ သတင်းမျိုးတွေကို သက်ဆိုင်ရာအခြားထောက်လှမ်းရေးအဖွဲ့တွေဆီ လွှဲပြောင်းပေးရပါတယ်။ အထူး စံစမ်းစစ်ဆေးရေးဦးစီးဌာနဟာ ၁၉၈၉ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ (၁၈) နှစ်ကျော် ကာလအတွင်းမှာ နိုင်ငံရေးနဲ့ပတ်သတ်တဲ့သတင်း (၈၇ ၄၇၃) ခုကို သတင်းရဲတပ်ဖွဲ့အတွက် စုဆောင်း လွှဲပြောင်း ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့လက်အောက်မှ အထူးတပ်ဖွဲ့တွေဖြစ်တဲ့ သတင်းရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ မူးယစ် ရဲတပ်ဖွဲ့တွေကလည်း ထောက်လှမ်းရေးစက်ဝန်းရဲ့အစိတ်အပိုင်းတွေဖြစ်သလို တိုင်း/ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတွေကလည်း ထောက်လှမ်းရေးနဲ့သတင်း စုဆောင်းရေး လုပ်ငန်းတွေကို လုပ်ဆောင်ရပါတယ်။ သတင်းရဲတပ်ဖွဲ့ရဲ့ အဓိကတာဝန်ကြီး လေးရပ်ထဲက နှစ်ခုကတော့ နိုင်ငံတော်ရဲ့လုံခြုံရေးဆိုင်ရာ ထောက်လှမ်းရေးနဲ့ တန်ပြန်ထောက်လှမ်းရေးလုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ တိုင်း/ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတွေဆီက ထောက်လှမ်းရေးသတင်းတွေကိုတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ဦးစီး(၁)ဌာနခွဲဖြစ်တဲ့ ထောက်လှမ်းရေးနဲ့ လုံခြုံရေးဌာနခွဲက တည်းဖြတ်စိစစ်ရပါတယ်။ ဌာနခွဲမှူးကတော့ ဒုရဲမှူးကြီး ကျော်မိုးကြည် ဖြစ်ပြီး လုံခြုံရေးနှင့် မှုခင်းဌာန၊ ညွှန်ကြားရေးမှူး ရဲမှူးကြီးမြင့်ဝေနဲ့ ရဲဦးစီးအရာရှိချုပ် ဗိုလ်မှူးကြီး (ရဲမှူးချုပ်) ခင်မောင်စီ တို့က ကြီးကြပ်တာဝန်ခံရပါတယ်။ ထောက်လှမ်းရေးနှင့်လုံခြုံရေးဌာနခွဲက စုစည်းရရှိတဲ့ သတင်းတွေကို အခြား ထောက်လှမ်းရေးအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းစိစစ်ဖို့အတွက် သတင်းညှိနှိုင်းအစည်းအဝေးကို ပုံမှန်ကျင်းပပြီး ထောက်လှမ်းရေး အဖွဲ့အစည်းအချင်းချင်း သတင်းတွေ ဖလှယ်ကြပါတယ်။

၂၀၀၄ ခုနှစ်မှာ စစ်ထောက်လှမ်းရေးတွေရဲ့ လုပ်ပိုင်ခွင့်နဲ့ နာမည်တွေ မှေးမှိန်သွားခဲ့ပြီးတဲ့နောက် နာမည်ရလာခဲ့တဲ့ ထောက်လှမ်းရေး အဖွဲ့အစည်းကတော့ သတင်းရဲတပ်ဖွဲ့ပါပဲ။ နောက်ပိုင်းမှာ တပ်မတော် စစ်ဖက်ရေးရာလုံခြုံရေး အရာရှိချုပ်ရုံး(စရခ) ကို ပြန်လည်ဖွဲ့စည်းခဲ့ပေမဲ့ စတင်ဖွဲ့စည်းစကာလတွေမှာ သတင်းပေးကွန်ယက် မတည်ဆောက်နိုင်သေး တာမို့ သတင်းရဲတပ်ဖွဲ့နဲ့ ထောက်လှမ်းရေးနဲ့လုံခြုံရေးဌာနခွဲက သတင်းတွေကို မျက်နှာအောက်ကျို့တောင်းယူ၊ မိတ္တူဆွဲ၊ ခေါင်းစဉ်ပြောင်းပြီး တင်ပြခဲ့ရ တာတွေ ရှိပါတယ်။ အဲလို မိတ္တူရနိုင်ဖို့ အတွက်လည်း အာရကေပေးခဲ့ရ ပါတယ်။ (ရဲဆိုတော့ သိတဲ့အတိုင်းပဲ၊ ကျောက်ခဲတောင် ရေညှစ်လို့ရရင် ညှစ်မဲ့သူတွေလေ) ခုဆိုရင်တော့ စရခ ဟာလည်း ရှစ်နှစ်သားအရွယ် ရောက်ပြီမို့ သူ့ဟာနဲ့သူတော့ ဂျိုလေးပေါက်လာပြီ၊ အစွယ်လေးထွက်လာပြီလို့ ပြောလို့ရပါတယ်။

အခြား ထောက်လှမ်းရေးအဖွဲ့အစည်းတွေ စုဆောင်းရရှိတဲ့ နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ သတင်းတွေကိုတော့ သတင်း ရဲတပ်ဖွဲ့မှ ကိုင်တွယ်ဆောင်ရွက်ပါ တယ်။ ရရှိတဲ့ သတင်း အချက်အလက်တွေအပေါ် မူတည်ပြီး စောင့်ကြည့် ပါတယ်။ ဖမ်းပါတယ်။ တရားစွဲပါတယ်။ စစ်ထောက်လှမ်းရေးတွေ ဖျက်သိမ်းစကတော့ လစ်ဟာသွားတဲ့ ထောက်လှမ်းရေး စက်ဝန်းကို ဖြည့်ဆည်းနိုင်ဖို့အတွက် သတင်းရဲတပ်ဖွဲ့ကို တိုးချဲ့ဖွဲ့စည်းဖို့ ဦးစားပေး(၁) အနေနဲ့ စီစဉ် ဆောင်ရွက်ခဲ့ပါတယ်။ သို့ပေမဲ့ အရပ်သား အစိုးရကာလမှာ ဆန္ဒပြမှုတွေကို စစ်တပ်နဲ့နှိမ်နှင်းရင် နိုင်ငံတကာက ပြောမှာ ကြောက်တဲ့အတွက် ရဲတပ်ရင်းတွေတိုးချဲ့ဖွဲ့စည်းမှုကို ဦးစားပေး(၁) အဖြစ် ပြန်ပြီး သတ်မှတ်ခဲ့ရပါတယ်။ သတင်း ရဲတပ်ဖွဲ့ရဲ့ လက်ရှိ ဖွဲ့စည်းပုံအရ တပ်ဖွဲ့မှူးရုံး (၁) ရုံး၊ တပ်ဖွဲ့ခွဲမှူးရုံး (၂) ရုံး (အောက်မြန်မာပြည်/ အထက် မြန်မာပြည်)၊ တိုင်း/ပြည်နယ်တပ်ဖွဲ့ရုံး (၁၇) ရုံး၊ အထူးသတင်းရဲ တပ်ဆွယ်ရုံး (၂၀) ရုံး၊ (က/ခ) အဆင့် တပ်ဆွယ်ရုံး (၁၇၅) ရုံး ရှိပါတယ်။ အဲဒီ လက်အောက်ခံ တပ်ဆွယ်ရုံးတွေက နေ့စဉ်စုဆောင်းပေးပို့တဲ့ ထောက်လှမ်းရေး သတင်းတွေကို ပြည်တွင်းရေးရာဌာနကြီးက စိစစ်စုစည်းပြီး ရဲချုပ်ရုံးနဲ့ ပြည်ထဲရေး ၀န်ကြီးရုံးတို့ကို ပြန်လည်အစီရင်ခံရပါတယ်။ ကဲ … အဲဒီ အကြောင်းတွေတော့ နောက်မှပဲ ဆက်ပါဦးမယ်။

ဘုန်းကြီးကျောင်းတွေ အကြောင်းဆက်ပြောကြစို့။ မန္တလေးတိုင်း၊ (၈) မြို့နယ်မှာ စောင့်ကြည့်ဖို့ ပစ်မှတ်လုပ်ထားတဲ့ ဘုန်းကြီးကျောင်း (၂၉)ကျောင်း ရှိပါတယ်။ အဲဒီထဲက တချို့ကျောင်းတွေနဲ့ပတ်သတ်ပြီး စောင့်ကြည့်နေတဲ့ သတင်းရဲတပ်ဖွဲ့ဝင်တွေ ပေးပို့ထားတာလေးတချို့ကို ဗဟုသုတဖြစ်အောင် လိုတိုရှင်း ရေးလိုက်ပါတယ်။ မူရင်း ပေးပို့ချက်တွေအတိုင်းမို့ တိုတိုတုတ်တုတ်ပါပဲ။ (မစိုးရိမ်တိုက်သစ်၊ စာသင်သံဃာ (၂၈ဝဝ)ကျော်ရှိခဲ့၊ နာယကချုပ်ဆရာတော်မှာ ဦးရာဇာဓမ္မဖြစ်၊ ယခင်နိုင်ငံရေးလှုပ်ရှားမှုဖြင့် ထိန်းသိမ်းခံ ခဲ့ရဘူး၊ နာယက ဆရာတော် ဦးဝိစိတ္တသာရ(ခ)ဝိရသူသည် အစ္စလာမ် ဘာသာမှန်းတီးရေး တရားဟောခဲ့၊ အကျဉ်းကျခံခဲ့ရသော တပည့်သံဃာများကို ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်ရန် ခွင့်ပြု၊ ကျောင်းတိုက်ကြေငြာသင်ပုန်းတွင် လှုံ့ဆော်စာများကပ်လေ့ရှိပြီး နိုင်ငံရေးအသွေးအရောင် ရှိသည့် သံဃာများ သီတင်းသုံးနေထိုင်လျှက်ရှိ) နောက်တစ်ကျောင်းကတော့ (မြတောင်တိုက်၊ သံဃာစုစုပေါင်း (၇၁၅)ပါးရှိ၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသာသနာဘိဝံသသည် တိုင်းသံဃာနာယက ဥက္ကဋ္ဌဖြစ်၊ မန္တလေးမြို့ပေါ် သံဃာထုအပေါ် သြဇာအရှိန်အဝါကြီးမား၊ မန္တလေးမြို့ပေါ်ရှိ သံဃာလှုပ်ရှားမှုများတွင် အမြဲပါဝင်လေ့ရှိ) (အနောက်ခင်မကန်တိုက်၊ သံဃာအပါး (၆၁၇)ပါးရှိ၊ ဆန့်ကျင်စာများ ကျောင်းပတ်ဝန်းကျင်တွင် ကပ်လေ့ရှိ၊ သံဃာ့ လှုပ်ရှားမှုတွင် အမြဲဦးဆောင်ပါဝင်လေ့ရှိ) စသဖြင့် ပေးပို့ထားကြတာတွေ ရှိပါတယ်။ ကဲ … ကျောင်းတိုက် စာရင်းတွေ ဆက်လိုက်ကြရအောင်။

(၁) အောင်မြေသာဇံမြို့နယ်၊ သာသနာ့ တက္ကသိုလ် ကျောင်းတိုက်၊ သံဃာ(၁၂၈)ပါး ကို စောင့်ကြည့်ရန် ဒုရဲအုပ်ဝင်းဇော်
(၂) အောင်မြေသာဇံမြို့နယ်၊ အရှေ့ခင်မကန်ကျောင်းတိုက်၊သံဃာ(၂၁၄)ပါးကို စောင့်ကြည့်ရန် ရဲအရာခံမောင်သိန်း
(၃) အောင်မြေသာဇံမြို့နယ်၊ ချမ်းသာကြီးကျောင်းတိုက်၊ သံဃာ(၂၃၆)ပါးကို စောင့်ကြည့်ရန် ဒုတပ်ကြပ်ကျော်သူရ
(၄) အောင်မြေသာဇံမြို့နယ်၊ ရွှေဒါးပရိယတ္တိစာသင်တိုက်၊ သံဃာ(၄၇)ပါးကို စောင့်ကြည့်ရန် တပ်သားချစ်စမ်းမောင်
(၅) ချမ်းအေးသာဇံမြို့နယ်၊ အနောက်ခင်မကန်ကျောင်းတိုက်၊ သံဃာ (၆၁၇)ပါးနှင့် ထီးလင်းကျောင်းတိုက်၊ သံဃာ(၃၅ဝ)ပါးကို စောင့်ကြည့်ရန် ဒုရဲအုပ်ထွန်းလင်းအောင်
(၆) ချမ်းအေးသာဇံမြို့နယ်၊ မိုးကောင်းကျောင်းတိုက် - သံဃာ(၆၇၃)ပါး၊ ဂွေးချိုတိုက် - သံဃာ(၃၅ဝ)ပါး၊ ရတနာပုဂံတိုက် - သံဃာ(၂၃ဝ)ပါးကို စောင့်ကြည့်ရန် ဒုတပ်ကြပ်နန်းထိုက်ဆွေ
(၇) ချမ်းအေးသာဇံမြို့နယ်၊ မဟာဝေယံဘုံသာကျောင်းတိုက်၊ သံဃာ (၂၄၇)ပါးကို စောင့်ကြည့်ရန် တပ်သားသန်းထိုက်စိုး
(၈) ချမ်းအေးသာဇံမြို့နယ်၊ ပတ္တမြားကျောင်းတိုက်၊ သံဃာ(၉၆)ပါးကို စောင့်ကြည့်ရန် တပ်သားနေဝင်းဟိန်း

(ဆက်ပါဦးမည်)

— with Hein Lay, Aye Myat Htet, Moe Hay Hman Khin and 17 others.

  • Lhaovo ZaLau and 18 others like this.
  • Kayin Lay သွားချစ်လိုက်ရင် ပါးညစ်ခံလိုက်ရမယ်...ညင်းညင်းညင်း
  • Kayin Lay ၁၉၇၇ခုနစ်က ဂျိမ်းစ်ဘွနးမင်းသားကြီးရဲ့ the spy who love me ဓာတ်ရှင်လို့ တော့သွားမညုနဲ့  အရိုးကျေကျေအရည်ခန်းခန်း မင်းဖလန်းဖလန်းထသွားမယ် အသူတော်
  • Moe Zay Nyein ကျွန်တော်ကတော့ ဒါမျိုးလေးတွေဆို ဝေးဝေးကပဲ သွားရည်ကျတယ် ... smile
  • Kayin Lay ကိုယ့်ညီကသိနေတာကိုး ဝေးလို့ ရတယ်...JB ဆိုရင် ဒိတ်တောင်လုပ်ဖို့ စိတ်ကူးနေမှာ..ဟီး just kidding
  • Pan Thu အားပေးနေပါတယ်အကို
  • Sunyata Tawya we want police women sex.
  • Maung Nauktoe သတင်းပေးတွေရဲ့မျက်နှာတွေကို အုပ်ထားတော့ ဘာအကျိုးရှိတော့မလဲ။

No comments: