Tuesday 6 November 2012

မိဘမေတ္တာကို တန်ဖိုးထားပါ... သူတို့ရဲ့အချစ်တွေအာလုံးဟာ လုပ်သင့်လုပ်ထိုက်တာလို့ သဘောမထားမိလိုက်ကြပါစေနဲ့.


ကျွန်တော့ ဇနီး မှဲ့ကင်ဆာ ဖြစ်ပြီးကျွန်တော်တို့ဆီကနေ ထွက်ခွာသွားတာ ၂ နှစ်ရှိပါပြီ…
ကျွန်တော်ပြန်စဉ်းစားမိတယ်… အိမ်မှုကိစ္စလုံးဝမလုပ်တတ်တဲ့ကျွန်တော် နဲ့ သားလေးကို ထားခဲ့ ရတာ သူဘယ်လောက်ထိ ၀မ်းနည်းလိမ့်မလဲ။
ကျွန်တော်ကိုယ်တိုင်လဲ မိဘ ၂ယောက်စလုံးရဲ့ ဇာတ်ကောင်နေရာကနေကောင်းကောင်း မလုပ်နိုင်တဲ့ အတွက် ကိုယ့်ကိုယ်ကို အားမလို အားမရ ဖြစ်ခဲ့ရတယ်။


တနေ့မှာ ကျွန်တော် အလုပ်ကိစ္စနဲ့ မနက်စောစော ခရီးထွက်ဖို့ရှိတော့ ကလေး
အတွက် ဘာမှ မပြင်ဆင်ပေးခဲ့ ရဘဲ ကမန်းကတန်းထွက်လာခဲ့တယ်။ မနေ့က ထမင်းအေးနဲ့ ကြက်ဥကျော်နဲ့ ထားခဲ့ပေးပြီး အိပ်ယာမနှိုးသေးတဲ့ သားလေးကို ပြောပြီးထွက်လာခဲ့တယ်။

ကလေးကိုကောင်းကောင်းကမ်းကမ်းထားနိုင်ဖို့ အတွက် ကျွန်တော်လဲ အလုပ်ကို ကြိုးစားပြီး လုပ်နေရတယ်။

အိမ်ပြန်မိုးချုပ်တဲ့ တညမှာ ကျွန်တော်က သားလေးကို တိုတိုတုတ်တုတ်ဘဲ နှုတ်ဆက်လိုက်တယ်…
အလုပ်ပင်ပန်းလွန်းတဲ့ အတွက် အင်္ကျီချွတ်ပြီး ကုတင်ပေါ် ပစ်လဲလိုက်တယ်။
အဲဒီ အချိန်မှာဘဲ ဗွန်းကနဲ အနီရောင်ဟင်းရည်တွေနဲ့ ခေါက်ဆွဲ တွေ အိပ်ယာခင်းနဲ့ စောင်တွေကို တခဏတွင်းမှာဘဲ စွန်းထင်စေကုန်တယ်…လက်ဆက်တတ်တော့ ခေါက်ဆွဲပန်းကန်က စောင်ထဲရောက်နေတာကိုး…

ဒီကောင်ကတော့ တကယ်ဘဲ… ပြောတာနှေးတယ်… လုပ်တာမြန်တယ်… ချက်ချင်းဘဲ ကျွန်တော် အ၀တ်ချိတ်တစ်ခုယူပြီး ပြေးထွက်သွားတယ်။ အရုပ်တွေနဲ့ ကစားနေတဲ့ သားလေးရဲ့ ဖင်ကို ရိုက်တော့တာဘဲ။ ကျွန်တော် တော်တော်လေးကို စိတ်တိုနေလို့ အဆက်မပြတ်ရိုက်ခဲ့တယ်။ ဒါပေမဲ့ အဲဒီ အချိန်မှာဘဲ သူငိုပြီးပြောလိုက်တဲ့ စကားကြောင့် ကျွန်တော် ရပ်သွားတယ်…

“ထမင်းအိုးထဲက ထမင်း မနက် ကတည်းက စားလို့ကုန်သွားပြီ… ညစာကို ကျောင်းမှာဘဲ စားခဲ့တယ်… ညရောက်တော့ ဖေဖေက ပြန်မလာသေးဘူး… အံဆွဲထဲမှာ ခေါက်ဆွဲထုတ်ရှာတွေ့တယ်… ဒါပေမဲ့ ဖေဖေပြောထားတယ်… မီးဖို မထိရဘူးလို့… ဒါကြောင့် သားက ရေချိုးတဲ့ ရေနွေးပိုက်ခေါင်းကို ဖွင့်ပြီး ရေနွေးနဲ့ ခေါက်ဆွဲစိမ်ထားလိုက်တယ်… တစ်ခုက သားစားဖို့ နောက်တစ်ခုက ဖေဖေ့ကို စားစေချင်လို့…
ခေါက်ဆွဲတွေ အေးသွားမှာ စိုးလို့ စောင်ထဲထည့်ထားပြီး ဖေဖေပြန်လာတာကို သားစောင့်နေတာပါ… သား အရုပ်တွေနဲ့ ဆော့နေလို့ ဖေဖေ့ကို ပြောပြဖို့မေ့သွားတာပါ…”

ကျွန်တော့ မျက်ရည်ကို သားလေးကို မမြင်စေချင်တဲ့ အတွက် ရေချိုးခန်းထဲပြေးဝင်သွားပြီး ရေပိုက်ခေါင်းကို ဖွင့်ပြီး အားပါးတရ ငိုချလိုက်တယ်…
တအောင့်နေတော့ ကျွန်တော် အားတင်းပြီး ကလေးကို ချော့ရင်း သူ့ဖင်ကို ဆေးလိမ်းပေးပြီး ချော့သိပ်လိုက်တယ်။ ခေါက်ဆွဲကြောင့် ပေကြံသွားတဲ့ အိပ်ယာခင်းကို သိမ်းပြီး သားလေးရဲ့ အခန်းကိုဖွင့်လိုက်တော့ သူလေးရဲ့ ငိုသံလေးကို ကြားနေရသေးတယ်… လက်မှာ ကတော့ အမေ့ဓာတ်ပုံ ကိုင်လို့… ကျွန်တော် တံခါးရွက်ကို မှီပြီး ဒီမြင်ကွင်းကို အကြာကြီး ရပ်ကြည့်နေမိတယ်…

ဒီကိစ္စပြီးတဲ့ နောက်နှစ်တွေမှာတော့ မိခင်တစ်ယောက်ရဲ့ဇာတ်ကောင် အနေနဲ့ ကောင်းကောင်း လုပ်ဆောင် နိုင်ဖို့ သားလေးကို ပိုပြီး ဂရုစိုက်ခဲ့တယ်… အခုဆို သားလေး ၇ နှစ်ပြည့်တော့မယ်… ဒုတိယတန်း အောင်လို့ တတိယတန်းတက်တော့မယ်… ကံကောင်းတာက သားလေး အရိပ်မည်းအောက်မှာ ရှိမနေဘဲ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာခဲ့တယ်။

သိပ်မကြာသေးခင်မှာဘဲ ကလေးကို နောက်တစ်ကြိမ် ရိုက်မိ ခဲ့တယ်။ ကျောင်းက ဖုန်းဆက်လာတယ်… သားကျောင်းမတက်ဘူးတဲ့… ကျွန်တော်စိတ်မအေးနိုင်တော့ဘူး… ရပ်ကွက်ထဲ နေရာ အနှံ့ သူ့နာမည်အော်ခေါ်ပြီးလိုက်ရှာပေမဲ့ ရှာမတွေ့ခဲ့ဘူး… နောက်ဆုံးတော့ ဂိမ်းဆိုင်ရှေ့မှာ သူ့ကို တွေ့တယ်။ ကျွန်တော် ဒေါသ အရမ်းထွက်ပြီး သူ့ကို အဆက်မပြတ်ရိုက်ခဲ့တယ်။ သားလေးကတော့ ဘာဖြေရှင်းချက်မှ မပေးဘဲ… “သား တောင်းပန်ပါတယ်” ဆိုတာ တစ်ခွန်းဘဲပြောခဲ့တယ်… နောက်မှ သိလိုက်ရတယ်… အဲဒီနေ့ဟာ ကျောင်းက အမေများနှင့်ဆုံညီပွဲလုပ်ပေးတဲ့နေ့ ဖြစ်နေပါတယ်။

ဒီကိစ္စပြီးနောက်ပိုင်း သားလေး အိမ်ပြန်ရောက်ပြီးပြောပြတယ်… သူကျောင်းမှာ စာရေးသင်ခဲ့တယ်တဲ့။ နောက်ပိုင်းမှာ တော့ သူ အခန်းထဲမှာ ဘဲ အောင်းနေပြီး စာကို သေသေချာချာရေးနေတယ်။ သားလေးကို ဒီလိုလေးမြင်ရတော့လဲ ဆုံးသွားတဲ့ ဇနီး ဒီမြင်ကွင်းလေးကို သာ မြင်ရရင်တော့ ပြုံးမိမှာဘဲ ဆိုတာကို တွေးမိရင်း မျက်ရည်ကို ထိန်းမရခဲ့ဘူး…

အချိန်ကုန်ဆုံးတာ အရမ်းမြန်တယ်… နောက်တနှစ် မိုးကုန်လို့ သီတင်းကျွတ်ရာသီရောက်ခဲ့ပြီ
သားလေးက နောက် ပြသနာတစ်ခုရှာလာပြန်ပြီ… စာတိုက်က ဖုန်းဆက်လာတယ်… လိပ်စာမရှိတဲ့ စာအထုတ်လိုက်ကို အတင်းပို့ခိုင်းနေလို့တဲ့… စာတိုက်ကလဲပြောလိုက်တယ်… ဒီလိုရာသီ အလုပ်အရှုပ်ဆုံးအချိန်းမှာ ကိုယ့်သားကို ကောင်းကောင်းထိန်းပါလို့ပြောလိုက်တယ်… သားကို မရိုက်တော့ဘူးလို့ဆုံးဖြတ်ထားပေမဲ့ ထိန်းမရဘူး… ရိုက်လိုက်တယ်… သားလေးကတော့ ဒီတစ်ကြိမ်မှာ သူ မှားပါတယ်ဆိုတာဘဲ ပြောလိုက်တယ်… ဘာဖြေရှင်းချက်မှ မပေးဘူး။

ကျွန်တော်လဲ သူစာတိုက်မှာ လက်သွားဆော့တဲ့ စာတွေကို သူ့မျက်စိရှေ့ပစ်ချလိုက်ပြီးပြောလိုက်တယ်…
“ဘာဖြစ်လို့ ဒီလို စာတိုက်မှာ သွားဆော့ရတာလဲ…”
သားလေးက ငိုပြီးပြန်ဖြေတယ်… “ဒါ… ဒါတွေဟာ မေမေ့ဆီကို ပို့ပေးဖို့ပါ…”

အဲဒီ အချိန်မှာ ကျွန်တော့ မျက်လုံးတွေနီရဲသွားတယ်… စိတ်ထဲမှာတော့ ဘောင်ဘင်ခတ်လို့…
ဒါပေမဲ့ သားရှေ့မှာ ဆိုတော့ တတ်နိုင်သလောက် ဖုံးဖိထားလိုက်တယ်။

ဆက်ပြီးမေးလိုက်တယ်… “ဒါဆိုရင် ဘာဖြစ်လို့ တစ်ခါတည်း ဒီလောက် အများကြီးပို့ရတာလဲ?”
သားလေးက ပြန်ဖြေတယ်… “ဟိုး အရင် ကတည်းကပို့ဖို့ရေးထားတဲ့ စာတွေကို သား အရပ်ပုတော့ စာတိုက်ပုံးထဲ ထည့်လို့ မရဘူး… အခု တလော သား ထပ်သွားထည့်ကြည့်တဲ့ အခါ မှီနေပြီ… ဒါကြောင့် အရင်ကတည်းက မထည့်ရသေးတဲ့ စာတွေကို တခါတည်းထည့် လိုက်ချင်တာပါ။”

ကျွန်တော် နားထောင်ပြီး စိတ်ထဲမှာ လမ်းစပျောက်သွားတယ်… ဘာပြန်ပြောရမလဲ မသိတော့ဘူး…
ခဏနေပြီး သားလေးကို ပြန်ပြောလိုက်တယ်… “အခု မေမေက မိုးကောင်းကင်ပေါ်မှာ ရှိတယ်… နောက် စာရေးပြီးရင် မီးရှို့လိုက်… ဒါဆိုရင် မေမေ့ဆီကို ပို့လို့ရောက်ပြီ။”

သားလေးအိပ်ပျော်သွားပြီးနောက် အိမ်ရှေ့ထွက်ပြီး ဒီစာတွေကို မီးရှို့ပေးလိုက်တယ်။
သားလေး ဘာတွေများရေးထားသလဲဆိုတာကို စိတ်ဝင်စားပြီး အဲဒီထဲက တချို့ကို ယူဖတ်လိုက်တယ်။
စာတစ်စောင်ကတော့ ကျွန်တော့ ရင်ထိကို နက်နက်ရှိုင်းရှိုင်း ထိနာသွားစေတယ်ဗျာ…


ချစ်ခင်ရပါသောမေမေ
“သား မေမေ့ကို အရမ်းသတိရတယ်… ဒီနေ့ကျောင်းမှာ မေမေတွေနဲ့ပျော်ပွဲရွှင်ပွဲ လုပ်ပေးတယ်။ သားမှာ မေမေ မရှိတော့ မသွားဘူး။ ဖေဖေ့ကိုလဲ မပြောပြဘူး။ ဖေဖေလဲ မေမေ့ကို သတိရမှာစိုးလို့… ဖေဖေ သားကို လိုက်ရှာတယ်… သားပျော်နေတာကိုဘဲ ဖေဖေ့ကို မြင်စေချင်လို့ ဂိမ်းဆိုင်ရှေ့မှာ ထိုင်နေလိုက်တယ်။ ဖေဖေသားကို ဆူပေမဲ့ ဖေဖေ့ကို သား အကြောင်းရင်း မပြောပြဘူး။ မေမေ… ဖေဖေက မေမေ့ကို သတိရလို့ငိုနေတာကို သားနေ့တိုင်းတွေ့တယ်။ ဖေဖေလဲ သားလိုဘဲနေမှာ… မေမေ့ကို အရမ်းအရမ်း သတိရတယ်… ဒါပေမဲ့.. မေမေ… သား အခုချိန်မှာ မေမေ့မျက်နှာကို သေချာ မမှတ်မိတော့ဘူး… မေမေ… သားရဲ့ အိပ်မက်ထဲကို လာပါလားဟင်… မေမေ့မျက်နှာကို နောက်တစ်ခေါက် မြင်ချင်လို့ပါ… သတိရတဲ့ သူရဲ့ဓာတ်ပုံကို ရင်ထဲမှာ ပိုက်ပြီးအိပ်ရင် အဲဒီလူကို အိပ်မက်မက်တတ်တယ်လို့ ကြားဖူးတယ်… မေမေက ဘာလို့သားရဲ့ အိပ်မက်ထဲကို မလာတာလဲ?”


ဒီစာကို ဖတ်ပြီး ကျွန်တော် ရှိုက်ကြီးတငင်ငိုချလိုက်တယ်…
ဘယ်သော အချိန်မှာမှ ဇနီးရဲ့ နေရာလွတ်လေးကို ကျွန်တော် ဖြည့်ဆည်းပေးနိုင်မှာလဲဗျာ…

ဇာတ်လမ်းထဲက ကောင်လေးကတော့ အမေ့ အချစ်ကို ငတ်ခဲ့တယ်... ကျွန်တော်တို့ကကော် "ချစ်နွံထဲနစ်ပြီး ချစ်ခြင်းကိုမသိ" ဆိုတာမျိုးတော့ မဖြစ်စေနဲ့ပေါ့ဗျာ...
မိဘမေတ္တာကို တန်ဖိုးထားပါ... သူတို့ရဲ့အချစ်တွေအာလုံးဟာ လုပ်သင့်လုပ်ထိုက်တာလို့ သဘောမထားမိလိုက်ကြပါစေနဲ့...

Zane
မျှဝေပေးတာလဲမေတ္တာတစ်ခုပါ ♥
— with Paing Min Wai.

  • You, Kyawmoe Win, Cho Tu Zal and 680 others like this.
  • Win Zaw Nice story bro,
  • Min Zin Aung I feel So sad!!!!
  • HZ Zane ကျေးဇူးပါ... ဒါက တော့ အပိုင်း (၂) ပေါ့ ...
  • Mg Chu နှလုံးသားနဲ့ခံစားပြီးဖတ်လိုက်တာ မျက်ရည်တောင်ကျရတယ်
  • Phone-Myat Htoo u ka widow lar???
  • Thein Than အကိုကျနော်စိတ်မကောင်းဖြစ်ရပါတယ်။ကျနော်မေမေက ကျနော် ၂နှစ်ကတည်းကဆုံးသွားလို့ပါ
  • HZ Zane Phone-Myat Htoo I am not a widow... Bro... Still single... Thein Than ကြားရတာ စိတ်မကောင်းမိပါဘူးဗျာ... သူကောင်းရာဘုံကို ရောက်နေမှာပါ...
  • Thein Than ရပါတယ်အကိုရယ်
    အခုညီလေးကတက္ကသိုလ်ဆရာတစ်ယောက်ဖြစ်နေပါပြီညီလေးအဖေလည်းအခုထိနောက်အိမ်ထောင်မပြုဘူးလေ
  • Cholay Cholay ဒီအဖြစ်မျိုး ဒီတစ်ဘ၀ပဲကြုံပါစေ ကွယ်
  • Thein Than အကိုကကောဘယ်လိုလဲ
  • Shwe Pearl ဒါလေးဖတ်ပြီးရင်နင့်အောင်ခံစားရပါတယ်အမေမတ္တာငတ်နေတဲ့ ကလေးကိုပေါ့ !
  • Thein Than ကလေး လေးကိုသနားလို့ပါဗျှာ
    တကယ်ကိုခံစားရလို့ပါ
  • HZ Zane she will be happy to see u like that Bro :)
  • Thein Than အကို gtalk အကောင့်ပေးပါလား
  • HZ Zane aungyunaing@gmail.com ... I don't chat frequently but will reply you if you leave message :)
  • Thein Than yes,bro,where do u live?
  • Nankhan Yone Is it ur own story or not? Hit to my heart! Ur wife will be please u wherever she in life!
  • Yin May Myint Aung I can't say anything about that .. But I'm so sad I got cry .. What I did say
  • Cap Mg စိတ်မကောင်းပါဘူး
  • Aung Naingoo Good article!
  • Min Nyan Really touched my heart
  • Alinn Phyu let me share..
  • HZ Zane Thank you all... U can share :)
  • Thet Thet Thet စာလေးဖက်ရတာစိတ်မကောင်းဘူးကလေးလေးကိုရေ
  • Lei Lei Lwin သနားစ၇ာခလေး၇ဲ့ အဖြစ်ကိုစိတ်မကေါင်းပါဘူးကွယ်
  • Zay Yar Win ဖတ်ရတာ တကယ့်ကို အသက်ဝင်လိုက်တာဗျာ.....ကောင်းတယ်ဗျာ...
  • HZ Zane ကျေးဇူးပါဗျာ...
  • Mon Layy a yan. like like like like………………………………………………………
  • HZ Zane ပထမတစ်ပုဒ်မဖတ်လိုက်ရသူများအတွက် https://www.facebook.com/photo.php?fbid=4642009167253&set=a.3384615533198.165017.1203802796&type=3&theater
    Photo
    အဲဒီညကို ကျွန်တော်ဘယ်လိုမှ မေ့လို့မရပါဘူး။
    ကျွန်တော် ခါတိုင်းလိုဘဲ သတင်းကြည့်နေတ...

    Continue Readingမျှဝေပေးတာလဲမေတ္တာတစ်ခုပါ ...
    By: HZ Zane
  • Pitar Thormas Thank you par I like it very heartly
  • Aung Myo Khine သား ၂ယောက်ရှိတယ် အဖိုး အဖွား အစံ့ ရှိသေးတယ် လုံးဝ မရိုက်ပါ. ဖတ်ရတာ စိတ်မကောင်းပါ ဘဝဆိုတာ ဒီလိုပါပဲ. သားကိုတော့ ဘာဖြစ်ဖြစ် မရိုက်ပါနဲ့ဗျာ.
  • Elca Elca huu ...tear tg kya tel ..
  • San Dar စူးစူးနစ်နစ်ခံစားရပါတယ် ..... ကလေးတိုင်းမိမစုံ ဖမစုံ ဘ၀မှ လွတ်ကင်းကြပါစေ။
  • Ban Do ဒီဇာတ်ကောင် တော်တော် သောက်တုံးမကျတာ...ခေတိနဲ့ အညီ လိုက်နေ လိုက်ပေါ့( ပေါပါတယ်...နောက်မိန်းမတွေ)
  • Zin Min Nyein the post dearly cost my tears well up in eyes.
  • Wunna Soe နှစ်ခုစလုံး ငတ်ခဲ့ပါတယ်..:((
  • Tiny Tinyshady ကောင်းပါတယ်...အနုပညာမြောက်တယ်...အကြောင်းအရာက.....မိဘနဲ.သားသမီးအပြန်အလှန်ထားတဲ.မေတ္တာပေါ.
  • Phyo Pyae Sone စာဖတ်မိရင်းအတွေးပေါင်းစုံကခေါင်းထဲကိုဝင်လာတယ်ဗျာ။ ဘာကိုမှန်းလဲမသိဘူး ဝမ်းနည်းမိတယ်။
  • Htet Aung ခံစားရတဲ့ ဇာတ်လမ်းလေးပါဘဲဗျာ
  • Sumon Nyeinchan i feel so sad more than i can say
  • Donal Duck ခံစားရလို့မျက်ရည်တောင်ဝဲတယ် အရေးအသားအရမ်းထိမိပါတယ်
  • Khinswe Tun ကလေးတယောက်ရဲ့ ခံစားမှုက တကယ်ကို ဖြူစင်လွန်းပါတယ်
  • Min Maung ရင်နင့်ရတယ်ဗျာ
  • War Khaung Moe Aye ဇာတ်ကိုအကျယ်ချဲ့ပီးရုပ်ရှင်ပြန်ရိုက်ရင် အကယ်ဒမီရနိုင်တယ်ဗျ
  • Thi Dar တကယ် heart ထိတယ်.... မျက်ရည်တွေရွဲကုန်ပြီ
  • Soe Lwin where u take this photo? is you or whose photo? Really Art!!!
  • John Zawwinhlaing ကောင်းတယ် အရမ်းကို ကောင်းတယ်..ဇင်လေး...
  • Khin Ma So touching. I am also single mother. After I read this paragraph, can't help crying & pity of my son. I need to stand on my feet & I cannot take care of him. So sad. :-(
  • Ah Lwan Lay Pyay kaung tal byar..............
  • May Naing translate lote tar lar real lar shint thi chin par tal
  • Mg Susan ဖတ်လိုက်ကောင်းပါတယ်ခင်ဗျ...ဒါပေမဲ့စာကနည်းနည်းရှည်နေတယ်နော်
  • Zinwin Mar မျက်ရည်တောင်ကျမိပါတယ်
  • Nyein Nyein အရမ်းကိုခံစားရတယ်
  • Thin Thin Aye အ၇မ်းကောင်းပါတယ်...အသစ်လေးတွေရေြး့ပီးရင်လဲတင်ပေးပါအုံး...အားပေးနေပါမယ်
  • Kham Hak ကျေးဇူးတင်ပါတယ်။
  • ရွာသား ဘိုတော အရမ်းကောင်းပါတယ် ကျေးဇူးတင်ပါတယ်
  • ပန်းရောင် စို ကောင်းလွန်းလို့မျက်ရည်တောင်ကျမိတယ်။
  • Ko Htet အရမ်းကောင်းပါတယ်
  • Htin Kyaw Linnွှအရမ်းကိုကောင်းပါတယ်...ဖတ်နေရင်းမျက်ရည်တောင် ၀ဲတယ်...
  • Vipér Chit Thu hope pa byar A yan kg lo Cry Chin ta lo lo phyar lar p :)
  • Soe Thike Very good
  • Sawnanda Yeyintaung တကယ်ကို ထပ်တူထပ်မျှခံစားရပါတယ်ခင်မျာ ကျေးဇူးလဲတင်ပါတယ်နော်
  • Ye Min Aung အရမ်းကောင်းပါတယ်ဗျာ မျက်ရည်တောင်ကျတယ် (y) (y) (y)
  • Khing Min ဟုတ်ပါတယ်။မှန်သောစကားပြောရရင်ဖတ်နေရင်းနဲ့တင်မျက်ရည်ဝဲတယ်ဗျာ။ဒီလိုလက်ဆင့်ကမ်းတဲ့အတွက်ကျေးဇူးပါဘဲ။
  • Nilar Tun ရင်ထဲမကောင်းဘူး။
  • Ds Prince တစ်ကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်ဗျာ
  • Jar Gyi ကောင်းတဲ့-အက်ဆေးလေးတပုဒ်ပါ။မဖတ်ရတာကြာတော့-ဒီလိုစာမျိုးလေးတွေဖတ်ချင်တယ်ဗျာ။
  • Thanmin Tun စိတ်မကောင်းပါဘူးအကို ကလေးကိုမရိုက်ပါနဲ့
  • Diana Heaven uhh!!!!!!can't hold on my tear
  • HZ Zane အားပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်ဗျာ...
  • Good Better Best တစ်ကယ့်ကို ကောာင်းပါတယ် ကလေးကိုတော့ မရိုက်သင့်ပဘူး
  • Cherry Kirsche ဒါတွေက တကယ့် အဖြစ်အပျက်တွေလား ဖတ်ပြီးတိုင်းငိုမိတယ် ... တကယ်မဟုတ်ပဲ ၀တ္ထု တပုဒ်ပဲဖြစ်ပါစေလို.ဆုတောင်းပါတယ် ..
  • Zaw Min ရင်ကိုထိတဲ့စာ !
  • Thurein Htut Khoung ရှဲလ်သွားပါတယ်
  • Zaw Oo Cho အရမ်းကောင်းတဲ့ဇာတ်လမ်းလေးပါ တကယ့်ဖြစ်ပျက်တစ်ခုလား။ ဖတ်မိသူတိုင်းကို သနားစိတ်ဖြစ်ပေါ်မိမှာတောအမှန်ပဲ ။ ဒီလိုအဖြစ်ပျက်တွေနဲ မကြုံကြပါစေနဲ။
  • Aye Kyu တစ်ဖက်သတ်အမြင် ဒေါသတွေနဲ့ လုပ်ဆောင်ရင်တော့ ဒီအဖြစ်အပျက်လို သနားစရာ သားလေးတွေ ခံစားနေကြရမှာဘဲ
  • Zeyar Phyo အဲဒ်လို အဖြစ်မျိုးဘယ်သူ့မှ မကြုံ ရပါစေနဲ့လို့ ဆုတောင်းပါတယ်ဗျာ....
  • Leader Titwo ဒီစာပိုဒ်ထဲက လောကထဲကထွက်သွားတဲ့ အမေ့နေရာနဲ့ ကျန်ခဲ့တဲ့ အဖေ့နေရာလိုမျိုးပဲ လောကထဲကထွက်သ
  • Leader Titwo လောကထဲကထွက်သွားတဲ့ အဖေတွေနဲ့ ကျန်ရစ်ခဲ့တဲ့ အမေတွေ အများကြီးရှိဦးမှာပါ
  • Leader Titwo ကိုယ်တန်ဖိုးထားလောက်တဲ့ ထားသင့်တဲ့သူတစ်ယောက် အနားမှာရှိတုန်းတန်ဘိုးထားတတ်ကြပါစေ တန်ဘိုးထားဘို့ သတိရကြပါစေ
  • တိုး တိုး let me share......
  • HZ Zane Sure... U can share...
  • Nan Cherry တကယ့်အဖြစ်အပျက်လားဟင်? ကျွန်တော် မျက်ရည်ကျမိလို့ပါ၊၊
  • Htin Lin ရှယ်သွားပါတယ်ခင်ဗျာ
  • Link Nix ခလေးရဲ့မေတ္တာငတ်နေပုံလေးကိုသနားမိတယ်..
  • Seint Seint Thu ကလေးကိုမရိုက်ပါနဲ....(၀မ်းနည်းမိတယ်)
  • Win Htun ဒီစာလေးကိုဖတ်ပြီး စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်တို့ညီအစ်ကိုမောင်နှမသူငယ်ချင်းများအားလုံး မိဘများအသက်ထင်ရှားရှိသေးချိန်မှာ ဂရုစိုက်ပြုစုယုယနိုင်ကြပါစေ။ နှောင်းမှနောင်တရခြင်းမှ ကင်းဝေးကြပါစေ။
  • Win Pa Pa Ko so touching ... ...
  • Win Pa Pa Ko email မှာ သူငယ်ချင်းတစ်ယောက်ပို့ပေးလို့ မဲ့ကင်ဆာဖြစ်တဲ့ ဇနီးအကြောင်းရေးထားတာ တစ်ပုဒ်လဲ ဖတ်မိတယ် ... ရေးတဲ့သူ တစ်ယောက်တည်းပဲလား ဇာတ်လမ်း တဆက်တည်းပဲလားတော့ မသိဘူး ... ဒီစာလေးဖတ်ရသလိုပဲ တော်တော်ခံစားရတယ် ...
  • Aung Naing စာသားကတော်တော်ကောင်းတယ်..
  • Aung Naing နောက်လည်းပို့ပေးပါဦး
  • HZ Zane yes here it is https://www.facebook.com/photo.php?fbid=4642009167253&set=a.3384615533198.165017.1203802796&type=3&theater
    Photo
    အဲဒီညကို ကျွန်တော်ဘယ်လိုမှ မေ့လို့မရပါဘူး။
    ကျွန်တော် ခါတိုင်းလိုဘဲ သတင်းကြည့်နေတ...

    Continue Readingမျှဝေပေးတာလဲမေတ္တာတစ်ခုပါ ...
    By: HZ Zane
  • Myolwin Oo အရမ်းကောင်းပါတယ်ဗျာ.......
  • Nwe Zin အရင်ဖတ်ဖူးတဲ့ဇာတ်လမ်းလေးရဲ့ အဆက်ပဲ....အရမ်းဖတ်လို့ကောင်းပါတယ်နောက်လဲဆက်လက်ရေးပါအုန်းနော်
  • Aye Myint Thein အရမ်းကိုကောင်းတယ်ဗျာ
  • San Min Tun ရင်ထဲကိုအရမ်းထိရောက်ပါတယ်။ခုလိုတင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။မီဘနှစ်ပါးလုံးရှိနေသေးတဲ့ ကိုယ့်ကံကိုကျေးဇူးတင်ရင်းပေါ့
  • Thazin Aye ဇာတ်လမ်းတစ်ပုဒ်လို့မပြောရက်ပါဘူး မြင်တတ်မယ်ဆို ရေးထားတဲ့သူရဲ့ ရင်ထဲကိုမြင်လို့ရပါတယ် ...စာတွေဖတ်ရင်း မျက်ရည်တောင်ဝဲမိသွားတယ် အင်းးလူငယ်တွေ အချစ်တွေကို အလွဲသုံးစားသုံးပြစ်ကြမယ့်အစားလောကမှာ မေတ်တာငတ်နေသူတွေ ချစ်ခြင်းမေတ်တာလိုအပ်နေသူတွေကို မျှဝေပေးနိုင်ကြပါစေ............
  • Kyaw Kyawmin Thanks for sharing
  • Nay Nini ဒီတစ်ခါတော့ တော်တော်အထင်ကြီးသွားပြီ..ခံစားမိပါတယ်
  • Kyi Mar Myint စိတ်မကေင်းလို့ မျက်ရေတောင်ကျမိပါတယ်
  • Lotus Member ခံစားရတယ် ရင်ကို နင့်သွားတာဘဲ။
  • Hiv Nyi taw taw kg pa tal sate hta` lal ma kg woo '(
  • အင် ကြင်း ခံစားရတယ်ဟေ့
  • Hsue Khet စိတ်မကောင်းလိုက်တာဘာပဲဖြစ်ဖြစ်အားတင်းထားပါ
  • Thu Zar Win ၀မ်းနည်းရပါတယ်
  • Kyaw Win Aung အရမ်း သနားစရာကောင်းပါတယ်။
  • Ladylay Lay အ၇မ်းခံစား၇ပါတယ်..
  • Pay Thee အ၇မ်းမိုက်တယ် တော်တော်လေးကိုဖတ်လို.ကောင်းတဲ.ဆောင်းပါးတပုဒ်ဆို၇င် မမှားပါဘူး။
  • HZ Zane အားလုံးဖတ်ပြီး အားပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်...
  • Magnificent Poem မျက်ရည်တောင် ကျတယ်....
  • Kyi Linn ကောင်းပါတယ်လို့ပဲပြောနိုင်ပါတော့တယ်ဗျာ။
  • Kyi Linn စာမရေးနိုင်လောက်အောင် အမြင်တွေဝါးနေပြီ။
  • Aung Myatmoe ဖတ်ရင်းနဲ့မျက်ရည်တောင်ကျမိပါတယ်
  • Theingi Wah ဟားးးအဖေကိုသနားပါတယ်ညယေးကိုရိုက်ပြီးတော့သူကိုတယ်လေ ပထမ ဆုံးလက်ပါမိတာပါတဲ့လေ
  • Sea Moon အ၇မ်းကောင်းတာဘဲ..
  • Htet Paing Kyaw အရမ်းထိတယ်ဗျာ..လက်ရှိကျွန်တော်ကိုယ်တိုင်ကြုံနေရတဲ့အဖြစ်တွေပါ မိခင်ဖြစ်သူထားရစ်ခဲ့တဲ့ ကလေးသုံးယောက်နဲ့ဘ၀ကို၇င်ဆိုင်ကျော်ဖြတ်နေတဲ့ကျွန်တော့်လိုဖအေမျိုးအတွက် ဒီပို့စ်ကို comment ပေးဖို့ စကားလုံးရှာမရဘူး...ကျွန်တော့်ရင်ထဲမှာစို့နစ်ပါတယ်..မျက်ရည်တွေကတော့ဗျာ...
  • Mudita Way Phyar We sympathize u all concerned on that story!
  • Diamond Lay တကယ်ကောင်းပါတယ်
  • Pyi Soe ခံစားရတယ် မိခင်တွေရဲတန်ဖိုးကို သားသမီးတိုင်းနားလည်နိုင်ပါစေ
  • U Win Thein ခိုက်တယ်ဟေ့
  • Cho Tu Zal ကျနော်ကိုယ်တိုင် အရိုက်ခံခဲ့ရတဲ့ သားတယောက်အနေနဲ့
    အဖေ့ကို စိတ်ဆိုးခဲ့ဖူး။
    မုန့်ဖိုးနဲ့ ခိုးစုပြီးဝယ်လာခဲ့တဲ့ ဂစ်တာလေး ကို အိမ်ပေါ်တောင် အတင်မခံ၊ ဆရာဝန် အင်ဂျင်နီယာက လွဲလို့ ဘာကိုမှ လက်မခံလို့ စည်းကမ်းကြီးကြီးမောင်းခဲ့တဲ့အဖေ့ကို နာကျင်စွာနဲ့ အရွဲ့တွေ တိုက်ခဲ့ဖူး၊

    နောက် ကျနော်ကိုယ်တိုင်အဖေဖြစ်လာတော့. . .
    အဖေမရှိတော့. .
    အဖေ့ကို လွမ်းဆွတ်စိတ်နဲ့
    အဖေ့ကို စိတ်ဆိုးခဲ့ရတာတွေကို ပြန်နာကျင်ရပြန်ဗျာ။

    သားဖြစ်ခဲ့တဲ့ ကျနော်က
    ခု အဖေဖြစ်လို့လာလို့၊
    ကျနော် ဖတ်ဖြစ်သလို
    ကျနော့်ကိုသားကိုလည်း ဖတ်ဖြစ်စေချင်. . .

    သားတွေ. . . ဖတ်စေချင်ပါရဲ့

    ရှယ်ပါတယ်
  • Blue Rosey ဒီစာလေးကိုဖတ်လိုက်တာ မျက်ရည်ကျမိပါတယ်....ထပ်မံမျှဝေချင်လို့ ရှယ်ခွင့်ပြုပါရှင်...
  • တင့် တယ် ငိုပြစ်လိုက်တယ်ဟာ....သနားလိုက်တာ
  • Kyu Mar Htun really nice and LIKE , let me share..
  • Sain Sain THINK MY FRIEND
  • Win Maw အင်းးးး အဲဒိကလေးလို ငါ့ကလေး၂ယာက်က ဒီအဖေကို နားလည်ပေးရင်ကောင်းမယ်ကွယ်.. သူတို့အလိုဆယ်ခါဖြည့်ပေးပေမဲ့ တခါပျက်ကွက်ရင် မဖြစ်နိုင်ခဲံ့ရင် စိတ်ကောက် ဂျီကြ ဆူပူကြလေရဲ့ ဒီအဖေရဲ့ရင်ထဲကအပူကိုတော့ ခုထိမသိကြသေးပါဘူး..မိတဆိုး ဆိုတာ အမိမရှိလို့ ဆိုးတာကိုပြောတာလားမသိ ပါဘူး... လိမ္မာစေချင်လို့ တခါတခါ ဒေါသပါပြီး ရိုက်မိပြီးရင် ရင်ထဲကနာရတာကိုလဲ သူတို့မသိပါဘူး.. တချိန်မှာတော့ သိတတ်လာမယ်လို့မျှော်လင့်နေရတာပါဘဲ.. တိုက်ဆိုင်လို့ ခံစားမိတာလေး ရေးမိတာပါ..
  • Mohammed Naeem Let me share ;(
  • Helen Win ဒီစာလေးကိုဖတ်လိုက်တာ မျက်ရည်ကျမိပါတယ်!
  • Aung Khaing I was touched by this novel.
  • LaMin Lay ဒါကြောင့် တစ်ဦးနဲ့တစ်ဦးကြားမှာ နားလည်မှု ကသိပ်ကိုအရေးကြီးတာပါပဲလားနော်...
  • Demo Rain ကောင်းတယ်ဗျာ။..... မျက်ရည်မကျပေမယ့် ကျလုနီးပါးပဲ... ကျေးဇူးပါဗျာ.... ဒီစာဖတ်နေရင်းနဲ့တောင် မေမေ့ကို ပိုလွမ်းလာတယ်.... :(
  • Daw War Lay မျက်ရည်ကျမိပါတယ်!
  • Khine Zar Lin စိတ်မကောင်း မဖြစ်ပါနဲ့။ Ko Win Maw. ၀တ္ထုတွေထဲလိုတော့ ကလေးငယ်တွေ အပြင်မှာ သိပ်မတွေးကြပါဘူး။ တစ်ခါတစ်လေ ရသမြောက်အောင် ပိုရေးကြတာတွေ ၇ှိပါတယ်။စိတ်ကောက် ဂျီကြ ဆူပူကြတာ သာမာန် ဖြစ်ရိုးဖြစ်စဉ်မို့လို အချိန်တန်ရင် သူတို့ ဖခင်ရဲ့ ခံစားချက်ကို နားလည်လာပါလိမ့်မယ်။
  • Aung Htun နားလည်မှုတမျိုးထဲနဲ့ မလုံလောက်ဘူး တဦးနဲ့ တဦးစာနာဘို့လည်းလိုတယ်
  • Myatthu Aung သံယောဇဉ်ပေါ့ဗျာ
  • Moh Thwe မျက်ရေတောင်ဝဲမိတယ်...
  • Pha Ni Da သနားစရာနော်။ မျက်ရည်တောင်ကျလာတယ်
  • Thazinlwin Blc ကောင်းလိုက်တာနော် ဒီစာဖတ်ပြီးဝမ်းနည်းသလိုလိုတောင်ခံစားရတယ်
  • Ananda Moe ဒို့တော့ဝန်ခံတယ် ...တကယ်မျက်ရည်စို့တယ်...ကျမလာအောင် ထိမ်းလိုက်ပါတယ်။
  • Koaungkolatt Aungkolatt ဘာပြောရမှန်းတောင်မသိတော့ပါဘူး---ဒီနေ့ ကျွန်တော့အမေရဲ့ မွေးနေ့ ပါ

No comments: