Thursday 13 September 2012

မိန်းမသားဆိုတာ


မိန်းမသားဆိုတာ .. သင်္ကန်းမ၀တ်ဆင်နိုင်ပေမယ့် .. မြင့်မြတ်တဲ့ သင်္ကန်းဝတ်နိုင်သူတွေကိုတော့ .. မွေးဖွားဖန်ဆင်းပေးနိုင်ပါတယ် .. ဒါဟာ လူသားထဲက မြင့်မြတ်တဲ့ မိန်းမသားတွေရဲ့ ဘ၀ပါ .. ယောက်ျားသားများနဲ့ ယှဉ်လျှင် ရွေးချယ်စရာ အခွင့်အလမ်းနည်းပါးခြင်းဟာ စိတ်ဓါတ်ကျစရာ အကြောင်းခံမဟုတ်ပါဘူး .. ။ ပုခက်လွှဲသော လက်ဟာ ကမ္ဘာကို အုပ်စိုးနိုင်သတဲ့.. ။ သည်လိုဆိုလျှင်
ဘာ့ကြောင့် အားငယ်ခြင်းတွေနဲ့ ရှင်သန်နေမှာလည်း ..။ ကမ္ဘာတစ်ခ
ုရဲ့အစမှာ မိန်းမသားဆိုတာ ရှိနေခဲ့ရတယ်..။ သမိုင်းတစ်ချို့ရဲ့ စာမျက်နှာပေါ်မှာ မိန်းမသားတွေ ကျော်ကြားခဲ့ဖူးကြတယ်.. ။ တို့တွေရဲ့ စာမျက်နှာမှာလည်း အောင်မြင်ခြင်းတွေနဲ့ ရှင်သန်ကျော်ကြားဖို့အတွက်ကိုလည်း .. တို့တွေကိုယ်တိုင်ပဲ မလွဲမသွေ လုပ်ရမှာဖြစ်တယ်.. ။ မိန်းမသားတိုင်း တစ်ချိန်မှာ သမီးကောင်းဖြစ်ခဲ့ပြီး နောင်တစ်ချိန်မှာ မိခင်ကောင်းဖြစ်ရမယ်.. နောင်တစ်ချိန် တို့တွေမရှိတော့တဲ့အခါ နောင်လာမယ့်မျိုးဆက်တွေဟာ.. တို့တွေကို သမိုင်းတစ်မျက်နှာမှာ ကျော်ကြားထက်မြက်မှုတွေနဲ့ တွေ့သင့်တယ်မဟုတ်ပါလား … Copy from Ko Thuya Zaw :)

No comments: