Friday 14 September 2012

အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ


Planet Myanmar

  အာရပ်ကမ္ဘာတွင် ပိုမိုဖြစ်ပွားလာလျက်ရှိသည်။ အမေရိကန်ကုမ္ပဏီတစ်ခုက ရိုက်ကူးထုတ်လုပ်သည့် ရုပ်ရှင်ဇာတ်ကားတွင် အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော် မိုဟာမက်အား သရော်ထားသော ပြကွက် ပါဝင်မှုအပေါ် ဒေါသထွက်ဆန္ဒပြကြခြင်း ဖြစ်ကြောင်း သိရသည်။

လစ်ဗျား၊ ယီမင်၊ အီဂျစ်နှင့် တူနီးရှားတို့တွင် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် ယခုအခါ အခြား အစ္စလာမ်မစ်နိုင်ငံများတွင
်လည်း အမေရိကန်သ
ံရုံးများသို့ ဆန္ဒပြသူများက ချီတက်ဆန္ဒပြကာ တိုက်ခိုက်ခဲ့ကြသည်။
လက်ရှိအချိန်ထိ အီဂျစ်၊ လစ်ဗျား၊ ယီမင်၊ တူနီးရှား၊ မော်ရိုကို၊ ဆူဒန်၊ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများရှိ အမေရိကန်သံရုံးများအား ဆန္ဒပြတိုက်ခိုက်မှုများ ပေါ်ပေါက်လျက်ရှိကြောင်း RT - Latest News က ပြောကြားသည်။ ပုံတွင် ယီမင်နိုင်ငံ ဆာနားမြို့ရှိ အမေရိကန်သံရုံးအား ဆန္ဒပြသူများက တိုက်ခိုက်ဖျက်ဆီးကြသည်ကို တွေ့ရသည်။

No comments: