Thursday 13 September 2012

ကော့ကရိတ် ဂေါက်ကွင်း ရဲ့ ..နာမည်ကြီး ကျင်း


ကော့ကရိတ် ဂေါက်ကွင်း ရဲ့ ..နာမည်ကြီး ကျင်း အမှတ်(၃) ရှေ့ မှာ အမှတ်တရ..(8 Sep 2012)

နင်း မိုင်း(မြေမြုတ်မိုင်း) ၂ လုံး ကျန်နေသေးတဲ့ Long Per 5 ကျင်း အမှတ်(၃) ..

ယခင် က KNU နှင့် မြို့ခံ တပ်ရင်း မှ အပြန် အလှန် မိုင်း ထောင် ခဲ့ ကြပြီး .. ယခုနောက်ပိုင်း ပြန် လည် ရှင်းလင်း စဉ် နင်းမိုင်း (၄)လုံး တိတိရှာမတွေ့ ဘဲ ကျန်ရှိခဲ့သည်။အဆိုပါ မိုင်း(၄)လုံး အနက် နွား နင်း မိ၍ (၁)လုံး l တောမီးလောင်၍ (၁)လုံး ကွဲ ခဲ့ ပြီး l ကျန် (၂) လုံး မှာ ယခုတိုင် ရှာမတွေ့ သေး ပါ။


ဒါကြောင့် ...ကော့ကရိတ် က Golfer တွေ Fair Way မပျောက် အောင် ရိုက် ရတဲ့ ကျင်း ကတော့..နာမည် ကြီး ကျင်း အမှတ် (၃) ဘဲဖြစ်ပါတယ် ။


  • Yin Aye Yin သန့် စွန့် ဆံဖျား ဂေါက်သမား :D
  • Su Su Kyi ကော့ကရိတ်ကိုသတိယလိုက်တာ
  • Min Pyaephyo golf digest magazine ကိုဒီအကြောင်းလေးလှမ်းပို့ပါလားBro
  • Thein Win ၂၀၁၀ ရွေးကောက်ပွဲနေ့ တုန်း က မြဝတီ ကို DKBA စောလားပွယ် တပ် တွေ ဝင်စီး ပြီး နောက် l ကော့ ကရိတ်ကို ဝင်စီး ဖို့ လုပ်တဲ့ စစ်ဆင် ရေးမှာ ..ဂေါက်ကွင်း မှာ မိုင်းတွေ ထပ်ချ ခဲ့ သေး တာ နောက်ဆုံး ဘဲ ..
  • Su Su Kyi ခုအခြေနေအေးဆေးဘဲလား
  • Min Pyaephyo စိတ်ဝင်စားတယ်ဗျာတနေ့တော့ပြန်လာပြီးလာကစားဦးမယ်။ Fairway ကတော့ကောင်းမယ်ပုံစံရှိတယ်။18holes or 9holes bro?အချက်ကြောတော့ပေးမယ်မဟုတ်လား
  • Thein Win လောလော ဆယ် အေးဆေးပါ ဘဲ..peace talk လုပ်နေပြီ ကိုး..
  • Thein Win ၉ ကျင်းဘဲ ရှိ တယ် l ၈ ကျင်း ထဲ ကစားတာများတယ် ..အခု နောက်ပိုင်း အခြေ အနေကောင်းသွားလို့ အမှတ် (၃) ကျင်းပါ ကစား ကြတာ ..မိုင်း ၂ လုံး ကျန်နေလို့ OB ရှိ တဲ့ ဖက် ကို သိပ် မသွား ကြ ဘူး l fair way ဖက် ဆိုတာလည်း ဝါးလုံး ရှည် နဲ့ ရှင်းထားတာ l နွားအုပ်လွတ် ပြီး ရှင်းထားတာ ဘဲရှိတယ် ....ဟဲဟဲ အချက်ကြော က တော့ (၃) ကျင်း မှာ OB ကျအောင် ရိုက်ပြီး ဂေါက်သီး တွေ့အောင်ရှာ တဲ့နည်း ကစား မှဘဲ..းD
  • Su Su Kyi ခုလိုကောင်းသတင်းလေးကြားရတာကိုယ့်မြို့လေးအတွက်အရမ်းဝမ်းသာမိပါတယ်ခုလိုပြန်ဖြေပေးတဲ့အတွက်လဲအစ်ကို T W ကိုလဲကျေးဇူးတင်ပါတယ်နော်
  • Aung Naing Oo ထင်ထားတာထက် ပိုခန့် တယ်.....း)
  • Su Su Kyi အစကတော့ရုပ်ဆိုးတယ်လို့ထင်ထားတယ်ပေါ့လေဒို့ကော့ကရိတ်သူကော့ကရိတ်သားတွေကအားလုံးအချောအခန့်ျွှေရီးဘဲဟဲ့သဘောပေါက်ဟီဟိ
  • Myat Koko Hlaing ကော့ကရိတ်ဂေါက်ကွင်းက ကိုသိန်းဝင်းပုံပါမှ ပိုခန့်သွားသလိုဘဲ ပြက္ခဒိန်ထုတ်ပြီး အမှတ်(၃)ဂိတ်မှ ကားသမားတွေကို မယူမနေရ ရောင်းပါလား
  • Clown Fish တမာတောမှာပျော်တယ်ဆိုတဲ့မောင်ရေမောင်ရေ ရန်ကုန်ကိုမေ့နေလား မီမီကိုမေ့ပြီလားကွဲကွဲပြားပြားပြောပါမောင်ရေ.့
  • Min Pyaephyo ကိုသိန်းဝင်းရေကောကရိတ်ကွင်းရဲ့ဖဲဝေးကဘယ်လိုနေလဲအကို၊ကျနော်သထုံနဲ့မော်လမြိုင်ကကကွင်းတွေမှာကေတ
  • Min Pyaephyo သထုံနဲ့မော်လမြိုင်ကကွင်းတွေမှာတော့ကစားခဲ့ဖူးတယ်။
  • Thein Win fair way ကတော့ average ပါဘဲ ..
  • Su Su Kyi ကင်မရာမင်းကလဲတော်လိုက်တာဟိုးလှိုင်အင်းထဲအထိတောင်လှမ်းမြင်နေရအောင်ရိုက်ထားပေးတယ်
  • Naing Win MY FRIEND VERY HANDSOME, UNDER 35
  • Htay Win ကိုသိန်းဝင်းကြီးက....ခန်.ချောကြီးနော်
  • Nay Chi ရင်ထိတ်နေရတယ်ပေါ. အော်ဖြစ်ရလေ

No comments: