Sunday 30 December 2012

ကချင်စစ်ပွဲအပါအ၀င် ပြည်တွင်းစစ်ရဲ့ အဓိက တရားခံအကြောင်းအရင်းတချက်က ၂၀၀၈ အခြေခံဥပဒေပါပဲ။


အဓိက က ၂၀၀၈ အခြေခံဥပဒေ ကို ခင်ဗျားတို့ လက်ခံသလား၊ လက်မခံဘူးလား ဆိုတဲ့ ဆုံးဖြတ်ရတော့မယ်။

တချို့က လွှတ်တော်ထဲဝင်ပြီး ဒီဥပဒေ ကို ပြင်မယ် ပြောတယ်။
တချို့ က လုံးဝလက်မခံဘူးပြောတယ်။

ကေအိုင်အေ လို လက်နက်ကိုင်အဖွဲ့အစည်း တရပ်ကတော့
လက်မခံဘူးလို့ ပြတ်ပြတ်သားသားပြောတာ
ရပ်တည်ချက်မှန်သလား၊ မှားသလား၊

ကေအိုင်အေ ခေါင်းဆောင်တချို့ရဲ့ သဘောထားကို ဖေ့စ်ဘွတ်ခ် တနေရာ က ရှယ်လာခဲ့တာပါ။

ချိုတူးဇော်

၁၉၄၇ အခြေခံဥပဒေ ပျက်သွားပေမယ့် ပင်လုံစာချုပ်က မပျက်ပြယ်သေးပါ။တိုင်းရင်းသားခေါင်းဆောင်များက ပင်လုံစာချုပ်ကို ဆက်ပြီး အကောင်အထည်ဖော်ဖို့ ဆန္ဒရှိနေပါတယ်။ ကေအိုင်အေက ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော်က ဒီ လိုပြောပါတယ်။

'ကျွန်တော်တို့ တောင်းနေတာကတော့ တိုင်းရင်းသားများ တန်းတူအခွင့်အရေးဖြစ်တယ်။ တိုင်းရင်းသားဆိုရင် အားလုံးပါပါတယ်။ကျွန်တော်တို့က 'တောင်းတယ်'လို့ ပြောလို့မရဘူးလို့ ကျွန်တော်မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်များ ၁၉၄၇ ခုနှစ်မှာ စာချုပ်ချုပ်ဆိုခဲ့ကြတယ်။ သဘောတူညီချက်တွေ အဲဒီတုန်းက ရှိနေခဲ့ကြတယ်။ အဲဒီတုန်းက ဘာတောင်းမလဲ၊ ဘာပေးမလဲဆိုတဲ့ အခြေခံမဟုတ်ဘဲနဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်မှာ ဘယ်လိုအတူတကွ နေထိုင်မလဲဆိုတဲ့ သဘောတူညီချက်ဖြစ်တယ်။

'၀န်ကြီးဦးအောင်မင်းနဲ့ အလွတ်သဘော သုံးကြိမ်တွေ့ဆုံခဲ့တယ်။ ဒီသုံးကြိမ်လုံးမှာ ကျွန်တော်တို့ဘက်ကနေ ဆွေးနွေးတာကတော့ ခိုင်မာသော ကတိက၀တ်နဲ့ တည်ဆောက်နိုင်ရေးဖြစ်တယ်။ကျွန်တော်တို့ဘက်က ပြောတာက အပစ်အခတ်ရပ်စဲရေးဆိုတဲ့ လက်မှတ်ရေးထိုးရေးတစ်ခုတည်းကို လုပ်ချင်တာမဟုတ်ဘူး။ အားလုံးကို လွှမ်းခြုံနိုင်တဲ့ ခိုင်မာတဲ့ လက်မှတ်ရေးထိုးရေးကို ကျွန်တော်တို့ဟာ အဓိကထားခဲ့တယ်။ ဒီလို သွားနိုင်ဖို့ဆိုရင် ကျွန်တော်တို့က နိုင်ငံရေးဆွေးနွေးပွဲကို တက်ရမယ်။ နိုင်ငံတော်အစိုးရက နိုင်ငံရေးအရ ဖြေရှင်းချင်တဲ့ ဆန္ဒရှိသလားလို့ ကျွန်တော်တို့ကစပြီး မေးခွန်းမေးမယ်။ (၆-၉-၂၀၁၂ ထုတ် ဗီးနပ်စ်ဂျာနယ်)

'မူတစ်ခုကတော့ အစိုးရဆီမှာ ရှိဖို့လိုတယ်။ နောက်တပ်ပိုင်းဆိုင်ရာ မူကို ဘယ်လိုချမှတ်မလဲဆိုတာ မရှိဘဲနဲ့တော့ အလွတ်သဘော တွေ့ရုံနဲ့တော့ အစည်းအဝေးမှာ ရှင်းရှင်းလင်းလင်း မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ကတော့ ခိုင်မာတဲ့ သက်သေလို့ ပြောချင်တာပေါ့နော်။ဒီလိုပြောတဲ့အခါမှာ နိုင်ငံတကာ က ပါဝင်နိုင်ရေးဆိုတာ အဓိကထားတာ မဟုတ်ပါဘူး။ မနှစ်ကတိုက်ပွဲတွေ စဖြစ်တဲ့အချိန်မှာ ၀န်ကြီးဦးသန်းအောင်တို့နဲ့ ဆွေးနွေးတဲ့အခါမှာ ဒီကိစ္စ ကျေကျေလည်လည် ဆွေးနွေးခဲ့ဖူးတယ်။ ပထမအဆင့်အနေနဲ့ ပြောတာက ခိုင်မာတဲ့သက်သေ၊နိုင်ငံတကာက သက်သေတွေ လိုချင်တယ်။ သို့သော်လည်းပဲ အစိုးရဘက်ကနေ အခက်အခဲတွေ အများကြီးရှိမယ်လို့ ကျွန်တော်သဘောပေါက်တယ်။ ဒါ့ ကြောင့် နိုင်ငံတော်အစိုးက ကတိတစ်ခု ပေးပါလို့ ကျွန်တော်တောင်းဆိုခဲ့ဖူးတယ်။ ကျွန်တော်တို့နဲ့အပစ်အခတ် ရပ်ဆိုင်းရေး မဟုတ်ဘဲနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ တိုက်ပွဲများအားလုံးကို ရပ်ဆိုင်းပြီးတော့ နိုင်ငံရေးဆွေးနွေးမယ် ဆိုတဲ့အချက်ကို ၁၅ ရက်အတွင်းမှာ ထုတ်ပြန်ကြေညာပေးပါ။ဒါအစိုးရရဲ့ ကတိကို သက်သေအနေနဲ့ မှတ်ယူမယ်လို့ တောင်းဆိုခဲ့ဖူးတယ်။

တကယ်တမ်း လက်တွေ့အနေနဲ့ ခိုင်ခိုင်မာမာ လက်မှတ်ရေးထိုးမယ်ဆိုရင် နှစ်ဖက်စလုံးကို ကြပ်မတ်ပေးနိုင်တဲ့ သက်သေ၊နှစ်ဖက်စလုံးကို တာဝန်ယူနိုင်တဲ့သက်သေ၊ တရားမျှတစွာ ဆုံးဖြတ်ပေးနိုင်တဲ့ သက်သေရှိဖို့ လိုအပ်ပါတယ်။ (၁၃-၉-၂၀၁၂ ထုတ် ဗီးနပ်စ်ဂျာနယ်)

ဗိုလ်ချုပ်ဂွမ်မော်က ပင်လုံကတိက၀တ်ကို အစိုးရက ဘယ်လိုသဘောထားလဲဆိုတဲ့ ငြိမ်းချမ်းရေး သဲလွန်စကို ပေးထားပါတယ်။ အစိုးရက ဒီနေ့ အထိ ဘာမှမဖြေပါတဲ့။အစိုးရရဲ့ အဖြေကတော့ ကေအိုင်အေချေမှုန်းရေး ထိုးစစ်ဆင်နေခြင်းပဲဖြစ်ပါတယ်လို့ ဆိုပါတယ်။ ကချင်ပြည်နယ်မှာ အစိုးရတပ် တပ်ရင်း ၁၀၆ ရင်း အထိ ပို့ပြီး ချေမှုန်းနေတယ်လို့ ကေအိုင်အေက ဗိုလ်မှူးကြီး ဇော်တောင်က ပြောပါတယ်။

'ဖက်ဒရယ် ပြည်ထောင်စုစစ်စစ် တည်ဆောက်မယ်ဆိုရင် ပစ်ခတ်စရာမလိုဘူး။ကျွန်တော်တို့ လက်နက်ကိုင်စရာတောင် မလိုဘူး။ ၂၀၀၉ ခုနှစ် (နယ်ခြားစောင့်တပ်) BGF ကိစ္စ အပြန်အလှန် ဆွေးနွေးနေတဲ့အချိန် အဆုံးစွန်အထိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပြောထားပြီးသား၊ စာရှိပြီးသား။ ကျွန်တော်တို့ ပင်လုံကတိက၀တ် ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် တည်ဆောက်ရင် ကျွန်တော်တို့က ကချင်အမျိုးသားတွေ သေနတ်ကိုင်စရာမလိုဘူး ပြောထားတယ်။ နိုင်ငံရေးဆွေးနွေးပွဲလို့ ပြောပေမယ့် ၂၀၀၈ အခြေခံဥပဒေထဲမှာတော့ ကျွန်တော်တို့ မဆွေးနွေးနိုင်ဘူး။ လွှတ်တော်ထဲမှာလည်း ကျွန်တော်တို့ဝင်စရာ အကြောင်းမရှိနိုင်ဘူး'လို့ ဗိုလ်မှူးကြီးဇော်တောင်က ပြောပါတယ်။ (၂-၁၁-၁၂ ထုတ် မော်ဒန် သတင်းဂျာနယ်) အချပ်ပို-B

Source by EMG
  • 20 people like this.
  • Kozin Luthar ရှယ်သွားပါတယ်
  • Htay Tint အင်္ဂလိပ် ပေးတဲ့  အမွေလုပွဲ မြန်မာပြည်မှာ ဖြစ်နေတယ်ဆိုတော့ မြန်မာစစ်တပ်က ဒေါနဲ့ မောနဲ့  တုန့် ပြန်ခဲ့ပါတယ် ။ တိုင်းရင်းသားတွေလည်း မတည်ဆောက်ခဲ့ဖူ ။ ပြည်မသားတွေက လည်း နားလည်အောင် မကြိုးစားခဲ့ပါဘူး။
  • Maung Maung Lwin ရှယ်ထားပါပြီ
  • ဆရာ ဆယ် ဗိုလ်ချုပ်ဂွမ်မော်ပြောသွားတာတွေဟာအခုထိုးစစ်ဆင်မှမဟုတ်ပါဘူး။အရင်ကလည်းပြောနေကြပါပဲ။တစ်ခုသတိထားမိတာက သူဘယ်တော့မှ ဗမာကိုမလိမ်ဘူး။အမှန်အတိုင်းပြောတယ်။မျှတတဲ့အခင်းအကျင်းကိုချပြတယ်။ဒါပယ်မဲ့....အခုထိသူပြောတဲ့ဆွေးနွေးပွဲကိုမရောက်နိုင်သေးဘူးဖြစ်နေတယ်။အခုတော့ပိုဝေးပြီပေါ့....
  • Cho Tu Zal ခုချိန်မှာ ပြည်သူက မွှန် နေတယ် လို့ပဲ ပြောချင်တယ်။
    ပြည်သူထဲက အနည်းစုလောက်ပဲ အမှန်ကို မြင်ကြတယ်။ အများစု ကတော့ ပုဂ္ဂိုလ်စွဲနဲ့ စင်ပေါ်က လူတွေ ပြောတာကိုပဲ လမ်းကြောင်းမှန် ထင်နေမြင်နေကြတယ်။
    တကယ်တမ်းက ဒီတော်လှန်ရေး က မနေ့တနေ့က စ ခဲ့တာ မဟုတ်ဘူး။ တဘက်က လက်နက်အ
    င်အား အလုံးအရင်းနဲ့၊ ငွေကြေးဥစ္စာအဆပေါင်းများစွာနဲ့ ကျနော်တို့က လူ့အသက်ပေါင်းများစွာ ဘ၀ပေါင်းများစွာ ရင်းနှီးပြီး၊ တိုက်ပွဲဝင်ခဲ့တာ ကျနော်တို့မမွေးခင်ကတည်းက ခုထိ။ ခုထိ ကျနော်တို့ဘက်က အင်အားမရှိသေးပါဘူး။ ဒါပေမယ့် တကမ္ဘာလုံး မြန်မာပြည်သူတွေရဲ့ ရုန်းကန်မှု ကို သိသထက်သိလာ၊ ထောက်ခံသထက်ထောက်ခံလာတာ ဒီနေ့အချိန်မှာ အမြင့်မားဆုံး ရလို့လာနေတယ်။ ဒီအချိန်မှာမှ အဲဒီ တဘက်သတ်မတရားလုပ်ခဲ့တဲ့သူတွေကို သူတို့လည်း မှန်ပါတယ် ဆိုတဲ့ အယူအဆမျိုးနဲ့ လက်ဆွဲရမယ် ဆိုတာလောက်
    နာ ရတဲ့၊ ရှုံးရတဲ့ အနာ၊ အရှုံး မရှိဘူး။
    ဒီလောက်တောင် ခရီးမပေါက်ခဲ့စဉ်တုန်းကတောင် ကျနော်တို့ တရွေ့ရွေ့ ဆက်ခဲ့ကြတာ၊ လမ်းခုလတ်မှာလည်း အများကြီး စတေးခဲ့ရတယ်။
    ခုချိန်ကျမှ ဘာလို့ အလျှော့ပေးရမှာလဲ။
    သေချာ သုံးသပ်ရင် Straight ဖြစ်တဲ့သူတွေနဲ့၊ ပြောင်းလဲသွားတဲ့သူတွေ ရဲ့ ကွဲလွဲချက်တွေကို တွေ့လိမ့်မယ်။
  • Khon Ja လူတွေက လိုင်ဇာ ဆိုတဲ့ မြို့ကို တော်လှန်ရေး လို့ ထင်ကြပါတယ်။ တော်လှန်ရေးဟာ တည်နေရာ တခု မှာ မမူတည်ပါဘူး။ လူသားများရဲ့ အသဲနှလုံးထဲမှာ တည်ရှိတာ ဖြစ်ပါတယ်။
  • Aung Htoo ကိုချိုတူးဇော်၊ ဆရာဆယ် နဲ့ ကိုခွန်ဂျာ ပြောတာတွေ အားလုံး ကျွန်တော် လက်ခံတယ်။

No comments: