Monday 17 December 2012

အမျိုးသားပြန်လည်သင့်မြတ်ဖို့ဆိုရင်. . .



အန်တီစု ပြောတဲ့ အခုချိန်မှာ အရေးအကြီးဆုံး ဆိုတဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် တပ်မတော်နဲ့ ပြည်သူအကြားက အမုန်းတွေကို ချေဖို့ ဖျက်ဖို့ဆိုရင် အဲဒီ တပ်မတော်နဲ့ တပ်မတော်ကို ခွစီးထားတဲ့ စစ်အာဏာရှင်ငြိမ်းကြီးများအုပ်စု တို့ မောင်ပိုင်စီးထားတဲ့ သယံဇာတ ထမင်းပန်းကန်ကြီးထဲက အလျှံပယ် ထမင်းဟင်းတွေကို ဗလာကျင်းနေတဲ့ ပြည်သူတွေရဲ့ ပန်းကန်တွေထဲ ခွဲဝေလို့ မေတ္တာစေတနာခရီး စ သင့်တယ် ထင်ပါရဲ့။

သန်း ၆၀ ပြည်သူတွေက ကြွေးမြီ ကုဋေချီ၊ အဲဒီအခြေအနေဖြစ်လာအောင် စီမံခန့်ခွဲခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေ နဲ့ ပုလင်းတူ ဗူးဆို့ ခရိုနီတွေကတော့ မီလျံနာဆိုတာပေါ် အခြေတည်လို့တော့ ဘယ်လိုမှ အမျိုးသားရင်ကြားစေ့ရေး အောင်မြင်မယ် မထင်ပါဘူး။

ဒါက အခြေခံတချက်ပဲ ရှိပါသေးတယ်။ တိုင်းရင်းသား ပြဿနာတွေက သပ်သပ်ပါ။


ချိုတူးဇော်
Like ·

No comments: