Wednesday 28 November 2012

အကြမ်းဖက် နည်းဖြင့် နှိမ်နင်းဖြိုခွဲပါက လက်ရှိအစိုးရ၏ တာဝန်သာဖြစ်ကြောင်း


လက်ပံတောင်းသပိတ်ကော်မတီက ဒီနေ့(နိုဝင်ဘာ ၂၈) မနက် ကြေငြာချက်တစ်ခု ထုတ်ပြန်ရာမှာ "အခု ဆန္ဒပြနေခြင်းသည် ငြိမ်းချမ်းစွာဆန္ဒပြခြင်းဖြစ်သောကြောင့် အကြမ်းဖက် နည်းဖြင့် နှိမ်နင်းဖြိုခွဲပါက လက်ရှိအစိုးရ၏ တာဝန်သာဖြစ်ကြောင်း" ဖော်ပြပါရှိပါတယ်။
ပြည်ထဲရေးက လက်ပတောင်းရှိ သပိတ်စခန်းတွေကို နိုဝင်ဘာ (၂၇)ရက် ည(၁၂)နာရီ နောက်ဆုံးထားဖျက်သိမ်းဖို့ ကြေညာချက်ထုတ်ထားပြီး အခုလက်ရှိ အချိန်အထိ လက်ပတောင်း ကြေးနီစီမံကိန်းနားမှာ သပိတ်စခန်း (၆)ခု ရှိနေတာ ဖြစ်ပါတယ်။

Like · · · 31 minutes ago ·

  • Wai Yan Aung ဇွဲမလျှော့တမ်း.... နောက်မဆုတ်စတမ်း.... မြန်မာမှန်ရင် ဒူးမထောက် လက်မမြှောက်ဘူး.... အမေစုပြောတဲ့ အကြောက်တရားနှစ်ခုပဲ ရှိတယ်...မတရားတဲ့ကိစ္စကိုလုပ်ဖို့ ကြောက်ကြပါ
    မမှန်တဲ့ ကိစ္စကိုလုပ်ဖို့ ကြောက်ကြပါတဲ့... တရားတဲ့ မှန်ကန်တဲ့အလုပ်မှန်သမျှလုပ်ကိုလုပ်ရမယ်.... မကြောက်နဲ့ ...ဆက်ချီတက်...
  • ကိုအောင်ကျော် မိုး သိပ်မှန်တါပေါ့ဗျာ
  • Thitmadan Dan ဘာမှမပူနဲ့  အာနိုး လွတ်ပေးလိုက်မယ်
  • Zayar Myint Lwin ကြိုက်တယ်ကွာ
    လက်ရှိအစိုးရဲ့ တာဝန်သာဖြစ်ကြောင်း ………
  • NyiNyi Tun မင်းသားခေါင်းဆောင်းထားတဲ့ဘီးလူးတွေအရေခွံချွတ်တော့မယ်ပေါ့ဆက်လက်ပြီးအကောင်ထည်ဖော်ကြပါသမိုင်းကဆုံးဖြတ်ပေးသွားပါလိမ့်မယ်
  • Saw Lwin Mg တရုတ်အားကိုး ပုဆိန်ရိုး ဒို့ များတွန်းလှန် အားနဲ့ မာန်
  • မိုက် ခဲ ဦးပိုင်နဲ့ တရုတ်လကပတောင်းမှာတခါထဲမြုတ်ပြစ်မယ်
  • Baxter Soe ငြိမ်းချမ်းစွာဆန္ဒပြခြင်း ကို ကျတော့ အချိန်မဆွဲဘူး လက်နက်ကိုင် အင်အားပြည့် အတင်းဖြေရှင်ဘို့ အသင့်ဘဲ။ အကြမ်းဖက် လူသတ် မီးရှို့ မှုတွေကြတော့ အကြောင်းအမျိုးမျိုးပြ လွှတ်ထားတယ်။ ပြည်သူ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်း အလျင်းမရှိဘူး။ တရုပ်နဲ့ ဗိုည်ချုပ်တွေရဲ့ အကျိုးစီးပွားကြတော့ ရွတ်ရွတ်ချွံချွံ ကို ကာကွယ်နေပါ့လား ဥူးတိန်းစိန် အစိုးရ။
  • Moe Thar Phyu ဟုတ်ပါ့ တော်
  • ကိုကြီး စိတ် ကြီး သူတို့လဲ စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီးသည်နှင့် လက်ပတောင်းတောင်ကြီးလဲ မရှိတော့ပြီ။ လုပ်ငန်းရပ်ပြီး စစ်ဆေးနိုင်ပါသည်။ စစ်ဆေးမယ်ဆိုလို့ အခုတောင်မှ သစ်ပင်တွေ အငှားစိုက်နေကြပြီ။ ပြည်သူက ယုံကြည်သူဆိုလို့ ယခု ဦးစီးနေတဲ့ ဦးပိုင် အဖွဲ့အစည်းတွင် တစ်ဦးတစ်ယောက် မရှိ။ (၁) စစ်ဆေးရေးအဖွဲ့တွင် မည်သူတွေပါဝင်မည်နည်း။ (၂) မည်သည့်အချိန်တွင် စတင်စစ်ဆေးမည်နည်း။ (၃) မည်မျှကြာမြင့်အောင် စစ်ဆေးမည်နည်း။ (၄) စစ်ဆေးတွေ့ရှိချက်တွေအား မည်သူက အတည်ပြုအရေးယူမည်နည်း။ (၅) မည်သည့်အချက်တွေ မည်မျှပါဝင်လျှင် လုပ်ငန်းရပ်ဆိုင်းမည်နည်း။ (၆) လုပ်ငန်းရပ်ဆိုင်းပြီး ဘာတွေ ဆက်လုပ်မည်နည်း။ (၇) မရပ်ဆိုင်းပါက မည်သ်ူည့အချက်တွေကြောင့် မရပ်ဆိုင်းပါသလဲ။ (၈) ပြည်သူလူထု အတွက် အကျိုးအမြတ်၊ နိုင်ငံတော်အတွက် အကျိုးအမြတ်၊ သဘာဝပတ်ဝန်းကျင်အတွက် အကျိုးအမြတ်။ စသည် စသည်များ ထွက်သွင်းပြီး ကြေငြာချက်ထုတ်ပြန်သင့်။ ယခု ထုတ်ပြန်ချက်သည် အကြမ်းဖျင်းအားဖြင့် သပိတ်စခန်းခွဲရေး၊ လုပ်ငန်းဆက်လက်ကိုင်ရေး အတွက်သက်သက်သာ ဖြစ်ပါသည်။

No comments: