Wednesday 28 November 2012

Comments to comment

ဒီကွန်မန့်လေး ဖတ်ကြည့်ပါဦး။ လူတိုင်းဖတ်လို့ရအောင် စတေးတပ်စ် အနေနဲ့ တင်ပါတယ်။

Hawdeka Kalaylay
လက်ရှိ အစိုးရကို ပီကင်းတရုတ်အစိုးရက ပြင်းပြင်းထန်ထန်ဖိအားပေးလျှက်ရှိပါ တယ် . . အဆိုးဆုံးဖိအားပေးမှုမှာ . . အရင်အစိုးရ အဖွဲ့ဝင်လူကြီးများကို ပီကင်းတရုတ် အစိုးရမှ လက်သိပ်ထိုး ပေးခဲ့ရသော လာဘ်ထိုးငွေများဇာတ်လမ်း များ ကို ဖွင့်ချမည်ဟု ခြိမ်းချောက်ထားသည်ဟု သိရပါသည် . . . ပီကင်းအစိုးရ ဟာ အခုအချိန်မှာ ကျောက်ဖြ

ူကုမင်း ပိုက်လိုင်း အရေးကို ဗမာတွေ သွေးတိုးမစမ်းဝံ့အောင် လက်ပံတောင်းတောင် အရေးမှာ ပါဝင်သူတွေကို မှတ်လောက်သားလောက်အောင် အရေးယူပေးဖို့ လက်ရှိအစိုးရကို ဖိအားပေးလျှက်ရှိပါတယ် . . .


ရုပ်ရှင်တွေထဲဗျာ၊
လူဆိုးဂိုဏ်းသားတွေ တယောက်ကိုတယောက်ခြိမ်းခြောက်အကြပ်ကိုင်ပြီး၊
ရာဇ၀တ်မှုတွေ ဆက်ကျူးလွန်ခိုင်းတာမျိုး ကျလို့. . .။
ဒီစစ်အုပ်စု ဟာ မထူးဇာတ်ခင်းနေရင်း နစ်သထက်၊ နစ်နေတယ်။
အာဏာသိမ်းခါစ ကလည်း ဘိန်းဘုရင် ခွန်ဆာ ကလွဲရင် ဘယ်အဖွဲ့နဲ့မဆို
ငြိမ်းချမ်းရေးယူမယ် ဘာညာ ကြွေးကြော်နေရာက ဦးခွန်ဆာ လို့ပြောင်းခေါ်၊
ပြောင်းရေးပြီး ခွန်ဆာ သေသည်အထိ ကာကွယ်ပေးခဲ့တာ အားလုံးသိမှာပေါ့။
ခွန်ဆာ က သူတို့ စစ်တပ်ကိုယ်တိုင် ဘိန်းကုန်ကူးခဲ့တဲ့ သက်သေ အထောက်အထားတွေကို ကိုင်ခဲ့လို့ လို့ သိရတာပါပဲ။

သတ္တိရှိတဲ့ လူမှန်တွေသာ အဲဒီ အုပ်စုထဲမှာ ရှိတယ်ဆိုရင်
လွဲမှားတဲ့ ကျေးဇူးခံ၊ ကျေးဇူးစား၊ လူမိုက်သံယောဇဉ်တွေ ဖြတ်ပြီး၊
တိုင်းပြည်ကို တကယ် ကယ်တင်မယ့် သူရဲကောင်းရပ်တည်ချက်တွေ ရပ်တည်ပြဖို့လိုပါပြီ။
ဥပမာ အားဖြင့် ဦးသိန်းစိန် ဟာ လာဘ်ပေး လာဘ်ယူကအစ ကင်းရှင်းတယ်။
မကြာသေးမီကတောင် သူ့မြေးကို ပြည်သူ့ဆေးရုံမှာပဲ လာပြလို့ဆိုပြီး၊ နာမည်ကောင်းတွေ ထွက်တယ်။ ဒါပေမယ့် ဒီလူမိုက်သံယောဇဉ်နဲ့ သူ့လူတွေကို ကာကွယ်ပေးနေတယ်။ ဒီလမ်းမှားကို ဆက်လျှောက်နေတယ်။

တကယ့် လူမှန်၊ လူတော်ဆိုရင်ဖြင့်. . .သတ္တိရှိရင်ဖြင့် လို့ စဉ်းစားမိတယ်။
ဒါပေမယ့် သတ္တိမရှိလို့ ပျော့ညံ့ လို့သာ၊ ဒီနေရာ အပေးခံရတယ် ဆိုပဲ။
ဘာဆက်ပြောစရာ ရှိဦးမလဲလေ။

ချိုတူးဇော်
  • Zaw Htun ဒီအချိန်မှာလုပ်ရဲပါ့မလား သိန်းစိန်က လည်း ငြိမ်းချမ်းဆု ရထားတဲ့အပြင် နိုင်ငံတကာ က လူသန်းပေါင်းများစွာ ကြည့်နေကြတယ်
  • ခမ်း မွန် ကစ် သတ္တုတွင်းဝန်းကြီးဌာနရဲ့ ချီးပုံကြီးကို ဦးသိန်းစိန် စားနေပါတယ်။ ချီးစားနေသူေ၇ာ ချီးယိုသူပါ ရှင်းပေးပါ။ ဆင်းပေးပါ။
  • Nyein Chan Aung ကိုဇော်ထွန်း ရေ ဒီကောင်တွေ မလုပ်ရဲဘူး ဆိုတာ ဘာရှိလို့လဲ။ ဘုန်းကြီးသွေးတွေ တောင် မခြောက်သေးတာ ကိုဇော်ထွန်း လည်း သိသားနဲ့။
  • Zaw Htun အူးလေး ငြိမ်းချမ်းရယ် လုပ်ရဲတယ်ဆိုတာ အခြေနေပေါ်မူတည်တာပေါ့ ခုချိန် ကိုပြောတာပါ
  • သံလွင် ရရစ် တကယ့် လူမှန်၊ လူတော်ဆိုရင်ဖြင့်. . .သတ္တိရှိရင်ဖြင့် လို့ စဉ်းစားမိတယ်။
    ဒါပေမယ့် သတ္တိမရှိလို့ ပျော့ညံ့ လို့သာ၊ ဒီနေရာ အပေးခံရတယ် ဆိုပဲ။
    ဘာဆက်ပြောစရာ ရှိဦးမလဲလေ။
  • Nyein Chan Aung ဒီအခြေအနေမို့ ကြောက်တာ တော်ကြာ နိုင်ငံတော်ကြီး လက်ပံတောင်း ကျင်း ထဲ မကျရောက်မှာ စိုးလို့ တပ်မတော်က တွန်းချလိုက်ရတယ်ဆိုပြီး သတ်ဖြတ် လိုက်မှာ ကြောက်တာ။ ဒီကောင်တွေက စကားလည်း ကြွယ်တယ်နော်
  • Zaw Htun လက်ပန်တောင်းတောင်လောက် ချောက်ထည်းကျတယ်ပြော နိုင်ငံတကာ ရယ်မှာပေါ့ ငတုံးတွေမှ မဟုတ်တာ အခြေနေနဲ့ အချိန်ခါ နည်းနည်းပြောင်းနေတာ သေးစိမ် အစိုးရသိပြိးသား ဖမ်းတဲ့သူတွေတောင် ထောင်မချရဲဘူးဗျ အူးအူး ငြိမ်းချမ်းကလည်း
  • Zaw Htun ကုလားတွေ လည်လှီးတာတောင် ဘာမှ မလုပ်ရဲတဲ့ကောင်တွေ လက်ပန်တောင်းကျမှ လုပ်မယ်ဆို တနိုင်ငံလုံး ပါလာမယ် ထင်တယ် ဒိတခါတော့
  • သံလွင် ရရစ် တနိုင်ငံလုံးအပြုတ်တိုက်မယ်ဆိုရင်တော့ချသာချ မစို့မပို့နဲ့အဖမ်းခံရရုံဆိုရင်တော့မဖြစ်သေးဘူး အခုဟာက အစိုးရကိုအပြုတ်တိုက် နိုင်မလား လက်တွဲဖြေရှင်းမလားဆိုတာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ရတော့မယ့်အချိန်လို့ထင်ပါတယ် ဒီလက်ပတောင်းတောင်ကိုအစိုးရကအသေအလဲခုခံမှာပါ ဘာလို့လဲဆိုတော့မြစ်ဆုံနဲ့ တင်းနေတဲ့ပေါက်ဖော်ကြီးက ဒီတစ်သာထပ်ဖြစ်ရင် လုံးဝပေါက်ကွဲတော့မှာ နိုင်ငံတကာမှာ စာချုပ်ဖောက်ဖျက်မှုနဲ့ တရားစွဲဖြစ်တော့မှာ မို့သူတို့အနေနဲ့တော်ရုံတော့လက်လျှော့မယ်မထင်ဘူး ချရင်တော့ဆန္ဒပြသူတွေဘက်ကလဲအင်နဲ့အားနဲ့ အလုံးအရင်းနဲ့ ပွဲသိမ်းတိုက်ကွက်သုံးရတော့မှာပဲ
  • Yan Naing Oo လောလောဆယ် အချိန် အထိ ၊
    သမ္မတကြီး ဦးသိန်းစိန် ဘက်က ထောက်ခံပါတယ် ။
    ဒါမေယ့် ၊ ကိုယ့်လူမျိုးအချင်းချင်း ၊
    တုတ်လောက်ကိုပဲ အမြင့်ဆုံးသုံးစေချင်ပါတယ်
  • Zaw Win ရန်နိုင်ဦးဆိုတဲ့ ကောင်က သိန်းစိန်ကို အခုချိန်ထိ ထောက်ခံတယ်လို့ ပြောပြီး ကိုယ့်လူမျိုးအချင်းချင်း တုတ်နဲ့ရိုက်ဖို့ ပြောနေလို့ ၊ သိပ်လွန်လွန်းပြီထင်လို့ blog ပါတော့မယ်။
  • Herry Ko Ko @ Yan Naing Oo - တုတ်လောက်ပဲ အမြင့်ဆုံးသုံးစေချင်တယ်ဆိုတော့က မင်းစိတ်ထဲ ရဟန်းသံဃာ တွေ ဆရာတော်တွေ ကို ဘင်္ဂလား ကလာတယ်များ မှတ်နေလို့လား -
  • Yan Naing Oo ဒီလိုပါပဲ ၊ ဆန္ဒပြ သပိတ်မှောက်တာတွေ ၊ ၁၄၄ ထုတ်တာတွေ ၊
    ဆန္ဒပြ သပိတ်မှောက်တာကို ဖြိုခွဲတာတွေက အမြဲဖြစ်နေ ရှိနေမှာပါပဲ ။
    ဘာပဲပြောပြော ၊ အမေစု နှင့် ဦးသိန်းစိန် လက်တွဲနေသေးသရွေ့တော့ ၊
    တိုင်းပြည် ဦးတည်ချက် မှန်နေသေးမယ် ထင်ပါတယ် ။
  • Yan Naing Oo " မင်းစိတ်ထဲ ရဟန်းသံဃာ တွေ ဆရာတော်တွေ ကို
    ဘင်္ဂလား ကလာတယ်များ မှတ်နေလို့လား "

    ကို @Herry Ko Ko ရေ ၊ ကျနော့်စိတ်ထဲမှာတော့ ၊
    ရဟန်းသံဃာ တွေ ဆရာတော်တွေ မှာ ၊
    ဘင်္ဂလားက လာတယ် ၊
    တရုတ်ပြည်က လာတယ် ၊
    နတ်ပြည်က လာတယ် ၊
    ခွဲမထားပါဘူး ။

    လူ အချင်းချင်း တန်းတူ တန်ဖိုးထားပါတယ် ။
  • Shwe Khay လူအချင်းချင်းတန်ဖိုးထားတယ်ဆိုပြီး ဘယ့်နှယ်ကြောင့်တုတ်နဲ့ရိုက်ခိုင်းနေတာလဲ။
  • Yan Naing Oo @Shwe Khay ရဲ့ ။
    သူတို့ဘက်ကလည်း ဝမ်ပေါင် စက်ရုံ အလုပ်လုပ်တဲ့ တံခါးကို သွားပိတ်ထားတာကိုး ။
    တရားဝင် အလုပ်လုပ်နေတဲ့ လူ / အဖွဲ့အစည်းကို သွားတားဆီးရင် ၊
    ဒါလည်း မတရားမှု တစ်မျိုးပဲလေ ။

    မြေသိမ်းတာက အစိုးရလေ ။
    ဝမ်ပေါင် မှာ မြေသိမ်းခွင့် အာဏာမှ မရှိတာလေ ။
    မြေသိမ်းလို့ မကျေနပ်ရင် အစိုးရနှင့် ရှင်းပေါ့ ။
    ဝမ်ပေါင် နှင့် ဘာဆိုင်သတုန်း ။
  • Shwe Khay ရော် ခက်ပါပကော။ အစိုးရမင်းများကိုပဲပြောနေတာပါပဲ။
  • Yan Naing Oo ဒါဆို ဝမ်ပေါင် စက်ရုံ အလုပ်လုပ်တဲ့ တံခါးကို ဘာလို့ သွားပိတ်ထားတာလဲ ။
    အဲလို တရားဝင် အလုပ်လုပ်နေတဲ့ ဝမ်ပေါင် အလုပ်လုပ်တာကို သွားမတားရင် ၊
    အစိုးရကလည်း ဒီလို ဝင်လူမိုက် လုပ်ပါ့မလား ။
    အစိုးရလည်း လူမိုက် ဘယ်လုပ်ချင်ပါ့မလဲ ။
  • Shwe Khay ဆောရီးပါ။ တို့လူမျိုးတွေက တရုတ်ပြည်ထဲသွားပြီ ဆန္ဒပြမိနေတာကိုး။ မြန်မာပြည် ကိုယ့်မြေထဲမှာ ထင်လို့ပါ။
  • Yan Naing Oo မြန်မာပြည် ကိုယ့်မြေ ထဲမှာလုပ်ရင်လည်း ၊ တရားဥပဒေ ကို လိုက်နာရမှာပါပဲ ။
    မြန်မာပြည် ဖြစ်ဖြစ် တရုတ်ပြည် ဖြစ်ဖြစ် ၊ ဘယ်မှာမှ ဥပဒေမဲ့ သွား လုပ်လို့ မရပါဘူး ။
  • Cho Tu Zal တော်တော်ရယ်ရတဲ့ ကိုရန်နိုင်ဦးပဲ။ ခင်ဗျားရဲ့ပြဿနာက ၀မ်ပေါင်ကို ထိ လို့ဆတ်ဆတ်ခါနာနေတာ။ တောက်လျှောက်တခြား ပို့စ်တွေမှာ ခင်ဗျားရေးခဲ့တဲ့ ကွန်မန့်တွေ လတ်လတ်ဆတ်ဆတ် ရှိသေးတယ်။ ဒီ ၀မ်ပေါင်ကိစ္စကျမှပဲ ဦးသိန်းစိန်အစိုးရကိုပါ ပစ်ပြီးထောက်ခံ၊ ရမ်းရမ်းကားကား ကို ရေးနေတော့တာပဲ။ လောလောဆယ် မြန်မာပြည်အနေနဲ့
    စစ်မှန်တဲ့အစိုးရလည်း မရှိသေးဘူး၊ စစ်မှန်တဲ့ ဥပဒေလည်း မရှိသေးဘူး။ တိုင်းပြည်ကို ပြည်သူကို မတရား နိုင့်ထက်စီးနင်းပြီး လက်နက်ကိုင် အုပ်ချုပ်နေတဲ့ သူခိုးဓါးပြသာသာ လက်နက်ကိုင်ဆွေစုမျိုးစု အဖွဲ့အစည်းတရပ်ပဲ ရှိတယ်။ ဒီလူတွေဟာ ကျနော်တို့ ပြည်သူတွေကို နှစ် ၅၀ ကျော် နိုင့်ထက်စီးနင်း အုပ်ချုပ်ပြီး၊ ကျနော်တို့ပြည်သူတွေပိုင်ဆိုင်တဲ့ သယံဇာတတွေကို ကျနော်တို့သဘောတူညီမှုမရှိဘဲ သူတို့အကျိုးစီးပွားအတွက်သက်သက် ထုတ်လုပ်ရောင်းချနေတယ်။ ဒီလို မတရားမှုကို ကမ္ဘာက ၀ိုင်းကန့်ကွက်ခဲ့တယ်။ ဒီိလို ကန့်ကွက်နေတဲ့ကြားက ကျနော်တို့ဆီက အမြတ်အစွန်းကို မက်တာတခုထဲနဲ့ ကျနော်တို့ပြည်သူအများစု မတရားလုပ်ခံနေရမှန်းသိတဲ့ကြားထဲက ကျနော်တို့ကို ဖိနှိပ်ညှင်းပန်း နိုင့်ထက်စီးနင်းလုပ်နေတဲ့ အဲဒီ အဖွဲ့အစည်းနဲ့ ပေါင်းစည်းပြီး ကိုယ်ကျိုးစီးပွားအတွက် လာအမြတ်ထုတ်တဲ့ ဘယ်သူမဆို ကျနော်တို့ ပြည်သူရဲ့ ရန်သူပါပဲ။
    ပြည်သူတွေအနေနဲ့ မတရားတဲ့ အစိုးရ ရဲ့ လုပ်ရပ်တွေကို ဆန့်ကျင်တဲ့အခါမှာ ဒီလို မတရားမှန်းသိသိနဲ့ သူခိုးဓါးရိုးကမ်းပေါင်းသင်းခဲ့တဲ့သူတွေဟာ ဒီလို ဒုက္ခဆင်းရဲတော့ အနည်းနဲ့
    အများ ဘေးသင့်ပါလိမ့်မယ်။
    ပြောရရင် တရုတ်ကုမ္ပဏီတွေဟာ လောဘဇောတိုက်ပြီး ခုလို ဆုံးရှုံးရတာ ကမ္ဘာပေါ်မှာ ဒါပထမဆုံး မဟုတ်ဘူး။ မြန်မာပြည်မှာမှ ဒီလို အဖြစ်အပျက်မျိုး သူတို့ ရင်ဆိုင်ရတာ မဟုတ်ဘူး။
    ကျနော်တို့ ခုရေးနေသားနေတာ ဟာ မျိုးဆက် ၃ ဆက်လောက် နစ်နာဆုံးရှုံး ဖိနှိပ်ညှင်းပန်းခံ၊ မတရားပြုကျင့်ခံပြီး အသက်သွေးချွေးတွေကို ရင်းခဲ့၊ ပေးဆပ်ခဲ့တဲ့၊ ပြည်သူတွေရဲ့
    တော်လှန်ရေး ကို ကိုယ်စားပြုတယ်။
    ခင်ဗျားရဲ့ မဖြစ်ဖွယ် ညစ်ကျယ် ဘာမှ အရေးမပါတဲ့ ကုမ္ပဏီအကျိုးစီးပွားကို ငဲ့ပြီး အရေမရ၊ အဖတ်မရ၊ အခြေမရှိ၊ အမြစ်မရှိတဲ့ စကားလုံးတွေနဲ့ ကွန်မန့်ဝင်မပေးပါနဲ့။
    ခင်ဗျား ဘယ်လိုလူဆိုတာ အရင်ပို့စ်တွေက ကွန်မန့်တွေနဲ့ ခုကွန်မန့်တွေနဲ့ ယှဉ်ကြည့်ရင်တောင် ထင်ရှားလို့နေတယ်။
    ဒါ့ထက် အကျိုးမဲ့တဲ့ စကားတွေကို ဆက်ရေးမယ်ဆိုရင်တော့ ခင်ဗျားကို ကျနော် ဘလော့ဂ်ရလိမ့်မယ်။
    ဥပဒေ ဆိုတဲ့ စကားလုံး ကို ကိုယ်ကျိုးစီးပွားအတွက်လွယ်လွယ်မသုံးပါနဲ့။
  • Khon Ja တရုတ်ကကော.. မြန်မာနိုင်ငံကို တရားဝင် ၀ယ်ထားတာလား။ သူ့တိုင်းပြည်မှာ ကြေးနီးကြော ဒီလောက်ရှိနေတာ ထုတ်ယူသလား။ သူတို့ တိုင်းပြည်မှာ သစ်ပင်တပင် ခုတ်ယင်တောင် သေဒါဏ် သို့မဟုတ် ထောင်ဒါဏ် အနှစ် ၂၀ အထိ ချတဲ့ သူတွေက သူများနိုင်ငံမှာ environmental law တိတိကျကျ မရှိ၊ law enforcement အားနဲတာကို အခွင့်အရေးယူပြီး contract ယူတာဟာ အပြည်ပြည်ဆိုင်ရာ ကျင့်ထုံးနဲ့ မညီဘူး။ weak state ကို အခွင့်အရေးယူပြီး စီးပွားရေးလုပ်ရင် ဒေသခံနဲ့ ထိတ်တိုက် တွေ့တာ အပြည်ပြည်ဆိုင်ရာ နိယာမဘဲ။ မရှိတဲ့ ဥပဒေကို မလိုက်နာဘဲ လုပ်တာ၊ သူ့ရဲ့နောက်ဆက်တွဲဘဲ။ ဗမာပြည်မှာ ဥပဒေအရ တက်လာတဲ့ အစိုးရကော ရှိဘူးလို့လား။
  • Khon Ja တနိုင်ငံလုံးက သဘောတူယင် ၀န်ပေါင်စက်ရုံတံခါးတင်မဟုတ်ဘူး။ မီးရှို့လိုက်လည်း ပြည်သူက နိုင်ငံတော်ကို ပိုင်လို့ ပြဿနာ မရှိဘူး။ စောက်သုံးမကျတဲ့ မြေကို နိုင်ငံပိုင်၏ ဆိုပြီး ရောင်းစားတဲ့ ခေတ် ကုန်နေပြီ။ အားနဲတဲ့ အစိုးရကို အခွင့်အရေးယူတဲ့ contract အားလုံးကို ဖြေရှင်းနိုင်မှ မှန်မှန်ကန်ကန် ရင်းနှီးမြုပ်နှံမှု ရောက်မှာ။ ဒီတရုတ်ကို လက်ခံရတာ Sanction ကြောင့်မဟုတ်ဘူး။ ဒင်းတို့ အုပ်ချုပ်စီမံမှု အချိုးမကျလို့သာဖြစ်တယ်။ ဒီလောက် သယံဇာတ မြေပေါ်မြေအောက် ကုန်ုပြီး ပြည်သူတွေ လမ်းပေါ်ရောက်နေတာနောင် ၁၀ လအတွင်း အကြွေး ၄ ဘီလီယံတက်အောင် ခေါ်လုပ်သေးတဲ့ သူတွေ၊ တရုတ်ကို ဆပ်ရမဲ့ အကြွေးနဲ့ ၀န်ကြီးဌာန ၁၅ ခု ခိုးထားတဲ့ အကြွေးပမာဏနဲ့ ယှဉ်ကြည့်အုံး။ သူခိုးတွေက ပလ္လင်ပေါ်မှာ။ လူကောင်းတွေနဲ့ သံဃာတော်တွေက သူတို့ကို ထိုင်ရှိခိုးနေတာ.။
  • Yan Naing Oo ကိုချိုတူးဇော် ကျနော်ရေးတာမှာ ဘာအမှားပါလို့လဲ ၊
    တရား ဥပဒေ ကို လိုက်နာဖို့ပဲပြောနေတာလေ ။

    ကုမ္ပဏီ အကျိုးစီးပွား ကာကွယ်ရအောင် ၊
    ကျုပ်ကလည်း ဝမ်ပေါင်ဆီက တစ်ပြားမှ ရတာမှ မဟုတ်တာ ။

    အေး တရားဥပဒေ ကို မတရားဘူး ထင်ယင် ပြင်ကြပေါ့ ။
    အခုလည်း အမေစု နှင့် ဦးသိန်းစိန်တို့လည်း ဖြေးဖြေးချင်း ကြိုးစားနေတာပဲ ။
    အောင်မြင်သင့်သလောက်လဲ အောင်မြင်နေတာပဲ ။

    အေး အဲဒါကို ပြောင်းလဲပေးနေတဲ့ ဦးသိန်းစိန်တို့ကို အကြပ်ရိုက်အောင် ၊
    ချောင်ပိတ်ပြီး အတင်းရိုက်ချင်ရင်တော့ ၊ ကောင်းကျိုး တွေ့ဖို့ထက် ၊
    နောက်ကြောင်းပြန်သွားတဲ့ ဆိုးကြိုးတွေ့ဖို့သာ ပိုများမယ် ။

    ကျနော်ကတော့ ဆန္ဒပြတာတွေက ပြောင်းလဲပေးနေတဲ့ ဦးသိန်းစိန် အစိုးရ ၊
    ဆက်လုပ်လို့ မရလောက်အောင် တမင် တွန်းပို့နေပြီလို့ထင်တယ် ။
    ဦးသိန်းစိန် စိတ်ညစ်ပြီး ဗိုလ်ချုပ် မင်းအောင်လှိုင် ကို အာဏာအပ်ပြီး ၊
    ဆင်းသွားတော့မှ ပွဲပြီးသွားလိမ့်မယ် ။

    အမေစုတောင် ဒါတွေ နားလည်လို့ ထိန်းလုပ်နေတာ မတွေ့ဘူးလား ။
    အမေစု ကိုယ်တိုင်က သပိတ်စခန်း ကို မသွားဘူး ။
    ( တစ်နည်း ထောက်ခံမှုပေးကြောင်း မပြဘူး ) ၊
    စာချုပ်ကို ထိန်းသိမ်းရမယ် ၊ မီဒီယာတွေ ဖွတယ် ဆိုပြီး ပြောထားတယ် ။
    ကျနော်ကတော့ အမေစု ကို ယုံတယ် ။
    သူ အခြေအနေတွေကို သိလို့ ထိန်းလုပ်နေတာ ။
  • Khon Ja အပေါ်ကလူ။။။။ တရားဥပဒေကို ပြင်ပြီးမှ ဥပဒေသက်ဝင်အောင် လုပ်ပြီးမှ လုပ်ငန်းဆက်လုပ်အောင် ၀န်ပေါင်ကို တားထားပေးနိုင်တယ် ဆိုရင် ရှင်ပြောတဲ့ စကားနဲ့ ဒေါ်စု ပြောတဲ့ စကားကို နားထောင်မယ်။ တရားဥပဒေကို ပြင်နေဆဲကာလမှာ နောက်ထပ် မတရားမှုတွေ ထပ်မဖြစ်အောင်တားဆီးဖို့၊ နိုင်ငံတော်မှာ နစ်နာမှု မဖြစ်အောင် တားဆီးဖို့ နိုင်ငံသားပီသတဲ့ သူတွေက ကြိုးစားနေတယ်။ မသိရင် စာနဲနဲ ထပ်ဖတ်လိုက်အုံး။
  • Khon Ja ဒေါ်စု ကကော ဘယ်မှာ ပါဘူးလို့လဲ။ မြစ်ဆုံ၊ ထားဝယ်၊ ရွှေဂက်စ် ပိုက်လိုင်း၊ ကြေးနီတောင်.. ဘယ်မှာ မှ မပါသေးဘူး။ မြစ်ဆုံ ဆိုရင်လည်း ပြည်သူတွေ သီးသန့်ရဲ့ အောင်မြင်မှုဖြစ်တယ်။
  • Han Htun တရုတ်အစိုးရရဲ့ စီးပွားရေးပေါ်လစီဟာ အပေါင်ဆိုင်တရုတ်၊ ၀က်လိုင်စင်၊ အရက်လိုင်စင်တရုတ်တွေ ကျင့်သုံးတတ်တဲ့ ကိုယ်ကျိုးကြည့်ပေါ်လ၀စီတွေထက် အဆပေါင်းများစွာ ပြင်းထန်ရက်စက်ကောက်ကျစ်တာကို ယနေ့အာဖရိကတိုက်သားတွေ လက်တွေ့ခံစားနေရပါပြီ။ အာဖရိကန်တွေရဲ့ အံတုတွန်းလှန်တာကိုလည်း အမြဲရင်ဆိုင်နေရပါပြီ။ အိမ်နီးချင်းဆိုပြီး မျက်နှာသာ ပေးမယ်ထင်နေရင်မှားလိမ့်မယ်။ “ ပြည်သူလူထုမလိုလား တဲ့၊ ပြည်သူတွေကို ဖိနှိပ်ညှင်းပန်းတဲ့ အစိုးရတွေကို ထောက်ခံကူညီပေးပြီး၊အဲဒီနိုင်ငံက သယံဇာတကို ရေရှည်ချုပ်ကိုင်ခွင့် ရအောင်ယူတယ်။ လမ်း၊တံတား၊မီးရထားလမ်း၊လေဆိပ်၊သင်္ဘောဆိပ်တွေံ ဆောက်လုပ်ပေးခြင်းနဲ့ ကူညီတယ်ဆိုပြီး၊ တရုတ်အလုပ်သမားတွေ အလုပ်အကိုင်ရရှိအောင်၊ သံချောင်း၊သံလမ်း၊သံဘောင်မှအစ သင်္ဘောဆေးအထိ တရုတ်ဆောက်လုပ်ရေးပစ္စည်းတွေ တင်ပို့ရောင်းချနိုင်အောင် လုပ်တယ်။းပါပူဝါနယူးဂီနီမှာ တရုတ်အလုပ်သမားစားဖို့ခေါက်ဆွဲခြောက်ကအစ တရုတ်နိုင်ငံက ပို့တာကိုပဲဝယ်ရတယ်။ ဒေသခံတွေကို လူတန်းစေ့နေထိုင်စားသောက်ခွင့်မပြေုဘဲ ခွဲခြားဆက်ဆံတဲ့အတွက် တရုတ်ကုမ္ပဏီရုံးတွေ မီးရှို့ဆန္ဒပြ၊ တရုတ်အင်ဂျင်နီယာတွေကို လုပ်ကြံသတ်ဖြတ်တဲ့အထိ ဖြစ်ခဲ့တယ်။ ဒီမိုကရေစီရေး၊လူ့အခွင့်အရေးဆိုတာတွေကို တရုတ်ကလုံးဝထည့်မတွက်ဘူး။အာဏာရှင်အစိုးရတွေကို ထောက်ခံအားပေးပြီး ရသမျှအခွင့်အရေးအကုန်ယူတဲ့ပေါ်လစီသာဖြစ်ကြောင်း နိုင်ငံတကာပညာရှင်တွေက ဝေဖန်ထောက်ပြထားပြီးဖြစ်တယ်။ အာဏာရှင်အစိုးရနဲ့ အာဏာရူးအသိုင်းအ၀ိုင်းကသာ တရုတ်ကို အဖေလိုကျေးဇူးသိနေကြတာဖြစ်တယ်။ ပြည်ပအားကိုး ပုဆိန်ရိုးဆိုပေမဲ့ တရုတ်မပါဘူးလို့ ကွက်ချန်ထားချင်ကြတာ ဘယ်လောက် အရှက်မဲ့သလဲ။လူဦးနှောက်နဲ့ စဉ်းစားတတ်ပုံ မရဘူးလို့ ဆိုချင်တယ်။
  • Cho Tu Zal ပြဿနာ တိုင်းမှာ လတ်တလောအကြောင်းရင်း ချည်းပဲ ကွက်ကြည့်ပြီး ဖြေရှင်းရင် ဘယ်တော့မှ အဖြေမှန် ရမှာ မဟုတ်ဘူး။ ဒီဖြစ်ရပ်တွေ ရဲ့ နောက်ကွယ်မှာ နှစ် ၅၀ စာ အကြိတ်အခဲကြီး၊ သမိုင်းကြောင်းကြီး ရှိတယ်ဆိုတာ ခင်ဗျား မြင်အောင်ကြည့်လေ။ ဒီတိုင်းပြည်ဟာ အဘက်ဘက် က ပြည့်စုံနေပြီး၊ ၀မ်ပေါင် ကုမ္ပဏီ တခုထဲမှာ ခုလို လာဖြစ်နေတာ မဟုတ်ဘူး။

    လောလောဆည် လတ်တလော ဘာကြောင့် ဒီလောက်ထိ လူတွေ ဒေါသူပုန်ထ ကုန်ကြရသလဲ သေချာသုံးသပ်ကြည့်ပါ၊

    ၁။ ပြည်ထောင်စု အဆင့် ၀န်ကြီး ကိုယ်တိုင်လာပြီး၊ တရုတ် ကျေးဇူးကို ဆပ်ဖို့လိုတယ်၊ တရုတ်ကို ကြောက်ရတယ် ပြောသွားတာ
    ဒီတိုင်းပြည်တ၀ှမ်းလုံး လူတွေ မကျေမနပ်ဖြစ်ခဲ့ကြတယ်။ ဒီအခြေအနေဖြစ်အောင်လည်း ဒီလူတွေပဲ လုပ်ခဲ့ကြတယ် ဆိုတာ မြန်မာ
    ပြည် ဖြတ်သန်းခဲ့တဲ့ သမိုင်းကို လေ့လာတဲ့သူတိုင်း သဘောပေါက်တယ်။

    ၂။ ဒီရက်ပိုင်းတွင်းမှာပဲ အာဏာရှင်ဟောင်းတသိုက်ကို ပြည်သူ့ဘဏ္ဍာနဲ့ ထောက်ပံ့ကြေးပေးဖို့ လွှတ်တော်က ဆုံးဖြတ်ခဲ့တယ်။
    ဒါဟာ ပြည်သူကို တိုင်းထွာ ဆဲလိုက်တာ ထက် ကို ရိုင်းပျတယ်။

    ၃။ ကြွေးမြီကုဋေပေါင်းများစွာ မြန်မာပြည်သူတွေ တင်နေတယ် ဆိုတာ တအုံ့နွေးနွေးလူတွေသိနေကြတယ်။

    ၄။ ဒီ ၂၃ နှစ်တာ ကာလအတွင်းမှာ ပြည်သူကို ဒီအစိုးရ ဘယ်လိုအုပ်ချုပ်ခဲ့တယ်၊ သယံဇာတတွေကို ထုတ်လုပ်ပြီး သူတို့အိပ်ထဲ ဘယ်လို ထည့်ခဲ့တယ်ဆိုတာ အားလုံး သိတယ်။ ဒီလုပ်ရပ်တွေအတွက် သူခိုးဓါးရိုးကမ်းခဲ့တဲ့ တရုတ်ကုလား၊ (အာဆီယံပါထည့်လို့ရတယ်) တွေကို ပြည်သူတွေရဲ့ ရင်ထဲမှာ အငုံ့စိတ်ထဲ မှာ အမုန်းတရား က ရှိပြီးသား။

    ဒါတွေအားလုံး ကို မြင်အောင်ကြည့်ပြီး၊ သုံးသပ်မှ ရမှာပေါ့။
    ဥပဒေ ပြင်တာက နောက်၊ လောလောဆယ် ကျနော်တို့ တောင်တွေ၊ ဘုရားကျောင်းကန်သိမ်တွေ အဖျက်ခံနေရတာ အရင်၊

    ဒီတော့ ဒီပြဿနာတွေကို လောလောဆယ် ပြည်သူ က တင်းမာလွန်းတယ် လို့ မမြင်ပါနဲ့။
    သမိုင်းကို သိရင် သမိုင်းနဲ့ယှဉ်ပြီး သုံးသပ်ဖို့သာ လိုလိမ့်မယ်။
    ဦးသိန်းစိန် အစိုးရ ရဲ့ အကောင်းဆုံး ဖြေရှင်းပေးနိုင်မှု ကို ကျနော်တို့ မျှော်လင့်ပါတယ်။

    ဒါမှမဟုတ်လည်း ပြည်သူအနေနဲ့ ကတော့ စောစောကရေးခဲ့သလိုပါပဲ။ နောက်ပြန်သွားလည်း မထူးတဲ့ဘ၀တွေပါ။ ကြိုက်တဲ့ လမ်းကို ရွေးပါလေ။

No comments: