Tuesday 7 August 2012

ခိုးဝင်လာသူ မြန်မာနိုင်ငံသား ၄၂ ဦး မလေးရှားတွင် ဖမ်းဆီးခံရ


တရားမ၀င် ခိုးဝင်လာသော မြန်မာနိုင်ငံသား ၄၂ဦးကို မလေးရှားနိုင်ငံ ရှူပိန်းမြို့နယ်တွင် ဖမ်းဆီးမိခဲ့သည်ဟု မလေးရှားရဲက ပြောသည်ဟု Bernama သတင်းတွင် ဖေါ်ပြသည်။

ဖမ်းဆီးခံရသူများ အထဲတွင် အမျိုးသား ၂၈ဦးနှင့် အမျိုးသမီး ၁၄ ဦးတို့ ဖြစ်ကြပြီး ထိုအထဲတွင် အသက် ၄နှစ် အရွယ် ကလေး သုံးဦး ပါဝင်သည်ဟု ဆိုသည်။
သူတို့အား မလေးရှားနိုင်ငံ ရှူပိန်း ( Chuping) မြို့နယ် ကြံခင်းတစ်ခုရှိ ချုံပုတ် တခုထဲတွင် ပုန်းအောင်းနေစဉ် ဖမ်းဆီး ရမိခြင်းဖြစ် သည်ဟု ရဲက ဆိုသည်။

“ သူတို့အထဲက ၃၈ ယောက်ကို သြဂတ်စ်လ ၄ ရက်နေ့ ညနေ ၈ နာရီမှာ ဖမ်းမိပြီးတော့ ကျန် ၄ ဦးကို သြဂတ်စ်လ ၅ ရက်နေ့ နံနက် ၅နာရီခွဲမှာ ဖမ်းမိပါတယ်” ဟု ရှူပိန်းမြို့နယ် အုပ်ချုပ်ရေးမှူး UPP Commander ASP Md Fawzie Aris က ပြောသည်ဟု သတင်းတွင် ဖေါ်ပြထားသည်။

ယခုအခါ ဖမ်းဆီးထားသူများအား စစ်ဆေးရန် ရှူပိန်းမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေး ဌာနသို့ လွှဲပြောင်းပေး လိုက်ပြီဖြစ် သည်ဟု ဆိုသည်။

ဖမ်းဆီးခံ မြန်မာနိုင်ငံသားများ၏ နေရပ်လိပ်စာနှင့် မည်သည့် လူမျိုးဖြစ်ကြောင်းကို သတင်းတွင် ဖေါ်ပြထားခြင်း မရှိပေ။


narinjara.com

  • La Yaung and 8 others like this.
  • 14 shares
    • Ah Zaw ကံဆိုးလိုက်တာ
      8 hours ago ·
    • La Yaung ဘာ မှ မဟုတ်ဘူး ရူးချင်ယောင်ဆောင်ပြီး လျှောက်ဖမ်းတာ လေးဖြူပြောတဲ့ တစ်ဝက်လောက် ကကျွန်တော်တို့ အမျိုးတွေ ပါ ဆို တာ အဲ့ ဒီ့ မလေးရှား.... သွားသာ သွားတာ ၀ယ်သမျှ စားသမျှ အီးလို တစ်လုံး မှ မပြောခဲ့ ရဘူး နေရာတကာ မှာ ကိုယ့်လူတွေ ချည်းပဲ။
      6 hours ago ·
    • Min Lulin မလေးမှာ အင်္ဂလိပ်လို အကူအညီတောင်းရင်တောင် မကူညီဘူး ။ မလေးလိုပြောမှ ။း))
      Help me လို့ အော်လို့မရဘူး ။ Tolong Saya မှ ။
      6 hours ago ·

No comments: