Thursday 9 August 2012

လူငယ် ၂ ယောက်နဲ့ စစ်သား ၂ ယောက်ပါ


ဒီနေ့  ( 8,8,2012 ) မှာ ကျွန်တော်မြို့ ထဲသွားပါတယ် ။ နေ့ လည် ၁ နာရီလောက်မှာ မဟာဗန္စုလလမ်းနဲ့  ဗိုလ်အောင်ကျော်လမ်းမီးပွုင့်တစ်နေရာ( BAK ကုန်တိုက်ရှေ့ )မှာတွေ့လိုက်ရတဲ့မြင်ကွင်းတစ်ခုပါ ။ လူငယ် ၂ ယောက်နဲ့ စစ်သား ၂ ယောက်ပါ ။ ဘာပြသနာဖြစ်လို့ လဲမသိဘူး အသက် ၂၀ ၀န်းကျင်ခန့်ရှိတဲ့လူငယ်နှစ်ဦးကို လက်ထိပ်ခတ်ပြီး စစ်သားတစ်ယောက်က ကြိုးနဲ့ ဆွဲခေါ်လာတာကိုတွေ့ ရပါတယ် ။ လူငယ်နှစ်ယောက်ရဲ့ ဆံပင်ကိုလဲပုံစံသွင်းထားပါတယ် ။ အဲ့ဒီလူငယ် ၂ ယောက်ကို ဗိုလ်အောင်ကျော် ( အထက်)လမ်းအတိုင်းခေါ်ဆောင်သွားတာကိုမြင်လိုက်ရပါတယ် ။ ရန်ကုန်မြို့ လယ်ပေါ်မှာဒီလိုမြင်ကွင်းမျိုး ဒါကျွန်တော် ပထမဆုံးမြင်ဖူးတာပါ ။ အဲ့လိုလုပ်သွားတာ ကျွန်တော်နားမလည်ပါဘူး ။

  • 189 shares
    • ဝါးလုံးရှည် အတီး စစ်ပြေးတွေကိုမိရင်အဲလိုလုပ်တယ်လို့ကြားဖူးတယ်။
      19 hours ago · · 12
    • လူငယ်လေး တစ်ယောက် စစ်သားမှာလက်ထိပ်ရှိတယ်ပေါ့.....ဒါမှမဟုတ် ရဲစခန်းကခေါ်လာတာလား
      19 hours ago · · 1
    • ဝါးလုံးရှည် အတီး ပုံမှာမြင်နေရတာကသံကြိုးကြီးပါ
      19 hours ago · · 5
    • ဝါးလုံးရှည် အတီး တပ်ပြေးတွေက တော်လှန်ရေးဘရိတ်ပြီးရင်ပြေးလေ့ရှိတယ်။ခွင့်ယူပြီးပြန်မလာပဲပြေးလေ့ရှိတယ်။ဒါအခုအိမ်ကနေပြန်မလာတာလားတော့မသိ။အထုပ်တွေပါပါနေတယ်။
      19 hours ago · · 4
    • လူငယ်လေး တစ်ယောက် တစ်ယောက်ကအထုပ်ပါတယ် ကျန်တစ်ယောက်ကမပါဘူး...
      19 hours ago · · 1
    • ဝါးလုံးရှည် အတီး စစ်ပြေးတွေပဲဖြစ်ရမယ်။တခြားအပြင်လူကိုဖမ်းဆီးခွင့်မှမရှိတာ
      19 hours ago · · 8
    • လူငယ်လေး တစ်ယောက် ဟုတ်မယ် ဖြစ်နိုင်တယ်....
      19 hours ago · · 2
    • Ko Naing သေခြာတွေးကြည်.ရင် ဆံပင်ကိုလဲ လူတကာသတိထားမိအောင် ညှပ်ထားတယ် အနှောင်အဖွဲ.ကလဲ ထင်သာအောင် တုတ်နှောင်ထားတယ် ဘယ်လိုဖြစ်မှုမျိုးကျူးလွန်သည်ဖြစ်စေ လူတယောက်ရဲ. အရှက်တရားနဲ. သိပ်ခါတရားကို ရိုက်ချိုးဖျက်စိးတာလို.ဘဲမြင်တယ် တနည်း လူသားအခွင်.အရေးချိုးဖေါက်တာဘဲ ပီးတော.လူကြားထဲမြို.လည်ခေါင် ဗြောင်ခေါ်သွားတာ ဘယ်လိုမှ မဖြစ်သင်.ဘူး ပြစ်ဒဏ်ကျခံပီးလူ။အသိုင်းအ၀န်းထဲပြန်ရောက်လာခဲ.ရင် ဒီအဖြစ်တွေက သူတို.စိတ်မှာ အနာတရ ကျန်ရစ်ခဲ.မှာသေခြာတယ်
      19 hours ago · · 53
    • Sein Kyaw TOO bad news for young soldiers.
      19 hours ago · · 1
    • Paine Zay Min နောက်တစ်ခါဆိုမျက်နှာကိုပေါ်အောင်ရိုက်နော်
      19 hours ago · · 1
    • Takada Bobo ဗြုံန်းဆို ..ထွက်ပြေးရင်..လေးကွက်ကြားနဲ့  ကောင်လေး တွေ့ .. မိလားလို့ ...မေးလို့ ရအောင်ပေါ့နော်...။အဲဒီဥပဒေတွေ... ပြည်သူတွေ သိအောင် ပြောထားပါလား...။
      19 hours ago · · 5
    • Tin Ko Ko Kktin အလွန်ဆုံးရှိ ၂၅နှစ်ပေါ့..အညွန့်တုံးတာပဲ .လူငယ်ဘ၀ .ဖြစ်ရလေ...ဒါတောင် စည်းကမ်းပြည့်ဝပီး ခောတ်မှီဖွံ့ဖြိုး တိုးတက်တော့မယ့် နိုင်ငံတော်ကြီးမို့လို့ သာပဲ..
      16 hours ago · Edited · · 7
    • Kyawlatt Jojo လူသားတစ်ယောက်အတွက်ဘယ်လိုမှ မရှု့ စိမ့်နိုင်တဲ့ မြင်ကွင်းတစ်ခုပါပဲ့ လူငယ်နှစ်ယောက်ရဲ့ မိဘတွေများမြင်တွေ့ခဲ့ရင်................????
      17 hours ago · · 10
    • Aungnaing Oo တိုတိုင်းပြည် မှအခုလို မျိုး လူကြားထဲ အများမြင်မကောင်းအောင် လုပ်တာဟာ ၂ဦး၂ဖက် အကျိုယုတ်စေတယ်.
      12 hours ago · · 4
    • Aungban Kabyar ငါတို့တွေက လူငယ်တွေကို တန်ဖိုးထားရမှန်းမသိတော့တာ .. အဲဒါက ပြုပြင်တာထက် ပိုမိုက်အောင်လုပ်ပြတဲ့ သဘောပဲထင်တယ်
      11 hours ago · · 5
    • Doi Ling Poor kids
      9 hours ago · · 1
    • Shwe Zin ‎:(
      9 hours ago ·
    • Hling Phyoe အေး ဗျာ စိတ်မကောင်း ပါဘူး
      9 hours ago · · 4
    • Zar Linn ဘာဖြစ်တယ်ဆိုတာ မသိပေမယ့်..အဲ့လိုမျိုးကြီးတော့ ဖြစ်စေ ချင်ဘူး...
      9 hours ago · · 2
    • ခွန်ခမ်းဒွမ် သာမည နားမလည်နိုင်အောင်ပဲ။ ဘယ်ခေတ် ရောက်နေမှန်းတောင် မသိဘူး။
      9 hours ago · · 3
    • Aye Kyaw Zan
      ဟုတ်တယ်.. စစ်ပြေးတွေ ဖြစ်မယ် ထင်တယ်။ မြန်မာပြည်မှာ၊ အထူးသဖြင့် စစ်တပ်ထဲမှာ လူ့ ဂုဏ်သိက္ခာကို ညစ်နွမ်းစေမှုဟာ မသတီစရာ ပြစ်မှု ဖြစ်တာကို သူတို့ မခံစားတတ်ကြသေးဘူး။ စစ်လေ့ကျင့်ရေး ကျောင်းတွေမှာ၊ စစ်တက္ကသိုလ်မှာ လူ့အခွင့်အရေးဘာသာရပ် သင်ပေးဖို့ ကော
      င်းတယ်။ တိုင်းပြည်အကျိုး အတွက်မို့ ဒါနဲ့ ပတ်သက်လို့ ကျနော်ရေးဖူးတဲ့ blog post တခုရဲ့ link ကို ဖော်ပြလိုက်ပါတယ်။ အရေးထဲ ကြော်ငြာဝင်သွားတာမဟုတ်ကြောင်း ဖတ်ပြီးရင် သိပါလိမ့်မယ်။ ( ကျနော် မဆလ စစ်သား ဖြစ်ဖူးပါတယ်း)) http://pyaykaungaung.blogspot.com/2010/09/blog-post_18.html
      pyaykaungaung.blogspot.com
      ကိုယ့် ပြည်ကောင်းအောင် လုပ်နိုင်တဲ့သူ ဖြစ်ချင်လို့ ဒီနာမည်ကို မှည့်ပါတယ်။ ( ဒါပေမဲ့ ကိုယ့်ကိုကိုယ်တောင်မှ ကောင်းအောင် မလုပ်နိုင်သေးပါဘူးး)
      9 hours ago · · 9
    • Ba Lay Htet Naing ဘာမှမသိလို. ဘာမှမဝေဖန်ပါ ။။
      9 hours ago · · 2
    • ကို ညီ စစ်တပ်က ထွက်ပြေးလို့လိုက်ဖမ်းထားတယ်ထင်ပါတယ် ။စစ်ပြေးနှစ်ယောက်ပါ ၊ ဆံပင်ပုံစံက ထွက်ပြေးရင် လိုက်ဖမ်းလို့လွယ်အောင် ညှပ်ပေးထားတယ်လို့ ထင်ပါတယ် ။
      9 hours ago · · 3
    • Ukhin Crays တပ်ပြေး ဖြစ်နိုင်ပါတယ်။
      9 hours ago · · 1
    • Nay Che လိုက်မေးကြည်.လိုက်တာမပာုတ်ဘူး ...
      8 hours ago · · 1
    • Htet Aung Paing စစ်ပြေး တွေဖြစ်ဘို့ များတယ်...
      8 hours ago · · 2
    • Phyoe Htet Aung Myint စစ်တပ်ကိစ္စ စစ်တပ်လုပ်တာပဲဖြစ်မှာပါ. . . တခြားဘာမှ မဟုတ်ပါဘူး. .
      8 hours ago · · 3
    • Lwin Lay
      စစ်ပြေးဆိုတာ သိပ်သေချာတာပေါ့၊ စစ်တပ်မှာ ပဲရေကြဲ ထမင်းကြမ်းကို ဖြစ်သလိုစား ..စစ်မတိုက်ရရင် မြက်နုတ် ဖက်ထိပ်လုပ် .. အထက်အဆင့်ဆင့်ကိုကြောက်ရ ..ခိုင်းတာလုပ် ကျွေးတာစား၊ အမိန့်နာခံ၊ လစာလေးမလောက်မငနဲ့ ပင်ပန်းဆင်းရဲခံရတဲ့ ရဲဘော် တစ်ယောက်ဘ၀က သနားစရ
ာပါ၊ ဒါတွေကိုမခံစားနိုင်တော့တဲ့သူတွေ စစ်တပ်ကထွက်ပြေးတော့ စစ်ပြေးဖြစ်၊ ထောင်ကျ၊ လူမှုဘ၀ပျက်စီး၊ ဒီလိုဘ၀တွေ စစ်တပ်ထဲမှာ အများကြီးပါ၊ တပ်မတော်ဝတ်စုံအရေခြုံ ပခုံးပေါ်ကအပွင့်နဲ့ မာန်တက်ပြီးမောက်မာနေတဲ့ အချို့သောအရာရှိတွေကြောင့် ရဲဘော်တွေဘ၀ ထွက်ပေါက်မရှိ ချောင်ပိတ်မိနေရတာလေ ...။
      8 hours ago · · 16
    • Ko Kyaw Thu အောက်ချေရဲဘော်တွေ မခံနိုင်လို့ ထွက်ပြေး တပ်ပြေးအဖြစ် အဖမ်းခံရတော့လဲ တိရိဆန်တွေ လိုဆက်ဆံခံရတယ် လူမြင်ကွင်းမှာတောင်ဒီလိုဖြစ်နေရင် တပ်ထဲပြန်ရောက်လို့ကတော့ မတွေးဝံစရာပါ မြင်တဲ့လူတိုင်းတပ်ကိုအော့နှလု့းနာမုန်းတီးစေမဲ့ပုံရိပ်တွေပါဘဲ
      8 hours ago · · 6
    • Nay Win Aung တပ်စည်းကမ်းတွေကိုတော့အကုန်မသိပါဘူး။ ဒါပေမယ့် စစ်တပ်ထဲကို ရောက်ပြီးတော့ စစ်မှုမထမ်းချင်တော့ရင် လွယ်လွယ်ပေးထွတ်ခွင့်ပြုသင့်ပါတယ်။ တကယ်တိုင်းပြည်ကို စစ်မှုထမ်းချင်တဲ့လူငယ်တွေပဲ ခန့်သင့်ပါတယ်။ ဗိုလ်တစ်ထောင် တပ်သားတစ်ယောက်ဖြစ်နေတဲ့ခေတ်ပါ။ လစာ။ရိက္ခာ။ အခွင့်အရေး လုံလောက်အောင် နိုင်ငံခြားကစစ်တပ်တွေလိုပေးထားရင် ဘယ်သူမှထွတ်မှာမဟုတ်ပါဘူး။ အပြစ်တစ်ခုခုလုပ်ပြီးထွတ်ပြေးလို့ဖမ်းတာဆိုရင်တော့မပြောလိုပါဘူး။
      8 hours ago · · 8
    • Khin Maung Htwe ယုံရမှာလဲခက်ခပ်ခပ်နှစ်ယောက်ထဲကတယောက်ကိုကြည့်ပါညာဘက်လက်ကသံကြိုးချည်ထားပြီးလက်ခြားမှာစ္စကရက်ညှက်ထားပါလား၊၊အမြင်ကိုပြောတာနော်
      8 hours ago · · 1
    • Fortis Amoris Fuck Burma Army!
      6 hours ago · · 1
    • Pho Zaw-ye စစ်ပြေး
      6 hours ago ·
    • Pho Zaw-ye ခွင့်မဲ့ပျက်ကွက် (သို့)စစ်ပြေး
      6 hours ago ·
    • Soe Min Aung ဘာမှ မစုံလင်တဲ့ သီတင်းကို ဝေဖန်နေတာ ဆင်စမ်းတဲ့ ပုဏ္ဏားတွေနဲ့ ဘာမှ မကွာတော့ဘူး။
      6 hours ago · · 5
    • Seaman Nayminthu တပ်ပြေးတွေမိရင် ထွက်ပြေးဖို့မလွယ်အောင် ဒီလိုပဲလုပ်တတ်ကြတယ်။ တပ်နေပျော်ရေး စီမံချက်ကို စာရွက်ပေါ်မှာပဲ မဟုတ်ဘဲ တကယ်လက်တွေ့ အကောင်အထည့်ဖော်ပါမှ ဒီမြင်ကွင်းတွေ နည်းသွားမယ်
      6 hours ago · · 4
    • Seaman Nayminthu ကိုKhin Maung Htwe ရေ .. စီးကရက်ညှပ်တယ်ဆိုတာက မဆန်းပါဘူး.. နောက်ပြီး လက်ထိပ်ခတ်ပြီး ခေါ်ရသူတွေကလည်း များသောအားဖြင့် တာဝန်အရလုပ်ရတာ.. ခက်နေတာက တပ်တွင်းဖိနှိပ်မှုနဲ့ သက်သာချောင်ချိရေး ညံ့ဖျင်းမှု တွေကြောင့် စစ်ပြေးဦးရေ ဒီလောက်များနေတာ..
      6 hours ago · · 6
    • San Mg အော် တပ် က လဲ ၀င်ပြီး၇င် အသေထွက် ပဲ ထွက်လို.၇တော. ပြေ ကြတာပေါ. ဗျာ သက်မှတ်ချက်လေးနဲ. နှစ်ပြည်.၇င် ထွက်ခွင်.ပေး၇င် ပို ကောင်းလာ မယ် ထင် တယ် ခု တော. သေတာပဲ ခက် ကောင်းကောင်း လို.ဖြစ်နေတယ် ဗျာ ၇ဲဘော်လေးတွေ တော. သနားပါတယ်
      5 hours ago · · 1
    • Htin Kyaw ကျနော်အတွေ.အကြုံအ၇ပြော၇၇င်သူတို. ၂ ယောက်ဟာသူ.တပါးဇနီးမယားနဲ...........မှောက်မှားခဲ.ကြသူတွေို.မြင်ပါတယ်။အခြားပြစ်မှူတွေကိုဒီလိုမျိုးလုပ်လေ.ရှိပါဘူး
      5 hours ago ·
    • Min Nge တို့နိုင်ငံရဲ့မသားနားလှတဲ့မြင်ကွင်းပေါ့လေ။ဘယ်တော့များမှမဟုတ်တဲ့ အရာတွေကင်းပျောက်လေမလဲနော်။
      4 hours ago ·
    • ကိုကို သစ္စာ စစ်တပ်အတွင်း လူ့အခွင့်အရေးချိုးဖေါက်ခံရတာလူသိသိပ်နည်းပါတယ် သူတို့အခြင်းခြင်းထဲကဖိနိပ်မှု့က လူမသိသူမသိနဲ့သိပ်ရက်စက်တတ်ကြတယ်။
      4 hours ago · · 1
    • သမီး ဆိုး ‎"စစ်တပ်ဆိုတာ ဝင်ချင်တိုင်းဝင် .. ထွက်ချင်တိုင်းထွက်ရအောင် ..မင့်းအမေ့လင် ခြင်ထောင်မဟုတ်ဘူး" လို့ စစ်တပ်ထဲမှာ ဆိုရိုးစကားတစ်ခု ရှိပါတယ် ... ဒီတော့ စစ်တပ်ဆိုတာ ဝင်ပြီးရင် ပြန်ထွက်ရခက်ပါတယ် .. ဘယ်နိုင်ငံ စစ်တပ်မဆို .. စစ်မှုထမ်းစာချုပ် သက်တမ်း ပြည့်အောင်တော့ တာဝန်ထမ်းဆောင်ရပါတယ် ... မြန်မာစစ်တပ်ကတော့ သက်တမ်း ပြည့်သွားလည်း ပေးမထွက်တာကတော့ ပိုဆိုးပါတယ် .....
      4 hours ago · · 2
    • လှတောသား ကိုကိုမောင် တစ်ခုပဲသိချင်တာပါ.....တင်တဲ့သူကဘာသဘောနဲ့တင်တာလဲဗျာ ဘာကိုပြောချင်တာလဲ...အခုဟာက၀ါးတားတားနဲ့ လေဖမ်းဒန်းစီးနေသလိုလို မျက်မမြင်ပုဏားဆင်စမ်းနေသလိုလိုဖြစ်ကုန်ပြီ
      4 hours ago ·
    • Zaw Min တပ်ပြေးတွေ ဖမ်းလာတာပါ ။
      4 hours ago · · 1
    • Kha Kway အင်း တပ်ပြေးတွေဖမ်းလာတာဖြစ်မယ်.. ဆံပင်တွေက ကွတား ချထားတာလို့ ခေါ်လားပဲ....
      4 hours ago · · 1
    • Sun Minn ကို Nay Win Aung ပြောသွားတာတွေ့လို့ ၀င်ဆွေးနွေးကြည့်တာပါ တခြားနိုင်ငံက စစ်သားတွေလိုမှီဖို့မပြောနဲ့ စစ်အသုံးစရိတ်ကို ယခင်ကထက် လျှော့ချခံထားရတယ် အဲဒီအတွက် ဘယ်လိုမှ အကိုပြောသလို ဖြစ်လာနိုင်မှာမဟုတ်ပါဘူး နောက်တစ်ခု စစ်မှုမထမ်းချင်တော့ရင် လွယ်လွယ်ပေးထွတ်ခွင့်ပြုသင့်ပါတယ် ဆိုရင် စစ်တပ်ထဲမှာ အလံနဲ့ အလံတိုင်ပဲကျန်လိမ့်မယ်
      4 hours ago · · 3
    • Ye Linn Htut အဲ့ဒါ တပ်က ပြေးသွားလို့ ပြန်လိုက်ဖမ်းပြီးခေါ်လာတာဗျ ဆံပင်ကတော့ ထုံစမ်းအတိုင်း ပြန်မိတုန်းက ပုံစံပေးတဲ့ အနေနဲ့ လုပ်ခံထားရတာပေါ့ ရောင်းရင်းက မကြုံဖူးလို့ပါ ကျွန်တော်ကတော့ ဒါမျိုးတွေရိုးနေပါပြီ
      3 hours ago · · 2
    • Ye Linn Htut မဆဲပါနဲ့ဗျာ....တပ်မတော်မရှိဘဲလဲ တိုင်းပြည်မတင့်တယ်ပါဘူး၊ ခြေမ မကောင်းခြေမ၊ လက်မ မကောင်း လက်မပေါ့၊ တပ်မှာလည်း တပ်စည်းကမ်းရှိတာပေါ့ဗျာ.....
      3 hours ago · · 4
    • December Min မြင်လိုက်ရတဲ့ သူတော့ မသိဘူး.. ဓါတ်ပုံကြည့်ရတဲ့ သူတောင် စိတ်မကောင်းဘူး..
      3 hours ago · · 1
    • Sai Naing Soe Win Ye Linn Htut တပ်မတော် မရှိမှကောင်းတယ်လို့ မဆိုလိုပါ ... တပ်မတော်ဟာ အောက်ခြေက လူတွေရဲ့  လူ့ ဂုဏ်သိက်ခါကို ညှိုးနွမ်းအောင် မလုပ်သင့်ဘူးလို့ ပြောနေတာပါ။ တပ်မတော်ထဲက အကောင်ကြီးကြီးတွေ ခြစါးပြီး တိုင်းပြည်ရောင်းစါး တဲ့ ဧရာမ နိုင်ငံတော် ပစ်မှု ကြီးတွေ ကျတော့ လူမသိသူမသိ စစ်ဆေးပြီး အပစ်ပေးတယ်။ တပ်ထဲမှာ အထက်နဲ့  အောက် လူ့ တန်ဖိုး ကွာခြားလှချည်လား လို့ မြင်ပါတယ်။
      3 hours ago · · 1
    • Erik Magnito သနားပါတယ် .....စစ်သားမလုပ်ချင်ရင် နုတ်ထွက်ခွင့်တော့ ရှိသင့်တာပေါ့  .....
      3 hours ago ·
    • Myat Noe အင်း ဟုတ်တယ် .... မကောင်းတာလုပ်လို့မကောင်းတာခံရတာ သဘာဝကျပါတယ်.... သူ့စည်းနဲ့သူ ပဲကောင်းတယ်...
      3 hours ago · · 1
    • Myat Noe ကိုယ်က ဂဃနဏ မသိပဲ ၀င်ပြီး ဝေဖန် အပြစ်တင်တာတော့ မကောင်းပါဘူး..
      3 hours ago · · 3
    • May Yannaing ဘာလုပ်ကြအုန်းမှာလဲနော်..........အိမ်ကမိဘတွေ....ဒုက္ခ.....
      3 hours ago · · 1
    • Myanaung Thar စစ်ပြေးဖမ်းတာပါဗျာ
      2 hours ago · · 1
    • Thu Ra တပ်ပြေးတွေ ဖမ်းဆီးတာပါ
      2 hours ago ·
    • Sai Naing Soe Win တပ်ပြေးဆို ဂတုံးလေးကွက်ကျား ရိပ် လူကွယ်ရာ နဘန်ကျင်း- ပုံစံပေး။ ရဲဘက်(ထောင်သား) ဆို သံခြေကျင်းနဲ့  နေပူကြဲကြဲကျောက်ထုခိုင်း... လမ်းခင်းခိုင်း မဝရေစါပဲကျွေး အဲဒါကျုပ်တို့ မြန်မာပြည်မှ လုပ်နေကျ။ ဒါကို ခွင့်ပြုထားတဲ့ စံနစ်ကိုက ဆိုးပါတယ်။
      2 hours ago ·
    • Sun Minn မ Myat Noe ပြောသွားသလိုပဲ သေချာမသိပဲ ဝေဖန်မှု့တွေ အပစ်တင်မှု့တွေ ထင်ကြေးပေးမှု့တွေ မလုပ်တာပဲကောင်းမယ်ထင်ပါတယ် ဘာလို့လဲဆိုတော့ စစ်ပြေးက အမျိုးမျိုးရှိတယ် သူ့ဘာသာ မနေချင်တော့လို့ မနေနိုင်တော့လို့ပြေးတာလား ဒါမှမဟုတ် အပစ်တခုခုလုပ်ပြီးပြေးတာလား အယ် အဲဒီမှာမှ လက်နက်နဲ့ပြေးတာလား လက်နက်မဲ့လား အမျိုးမျိုးရှိပါသေးတယ်
      2 hours ago · · 1
    • Thein Win Aung ကောင်းလေးတွေကလည်း နားမလည်ဘူး လိုက်ဖမ်းခံရမှာပေါ့ မင်းတို့ထွက်သွားရင် သူတို့ မှာ လက်မောင်းပေါ်အပွင့်ကြီးတွေတင်ပြီး အုပ်ချုပ်စရာလူမရှိဖြစ်သွားမှာလေ။
      2 hours ago ·
    • Aungpyeisan Aung
      တပ်မတော်သာအမိ၊ တပ်မတော်သာအဖ-ဆိုတဲ့ဆောင်ပုဒ်သစ်ကြီးပေါ်လာတဲ့ နှစ်-၂၀-ကျော်အတွင်းမှာ ဒီလိုမိဘရင်ဘတ်ကို ခြေစုံကန်ထွက်ပြေးကြတဲ့ သားတွေများနေတာကို အဖြေရှာဖို့သင့်ပါပြီ...ပြည်ပနိုင်ငံတစ်ခုခုက လက်နက်ကိုင်ကျူးကျော်လာရင် ဒီမောင်တွေပဲ ရှေ့ကနေ ရင်ဝယ်ေ
      မြကတုတ်လုပ်ပြီး တိုက်ကြရမှာ။ ဆိုတော့ သူတို့မယ် ဘယ်မလဲ ပြည့်စုံလုံလောက်တဲ့ facilities, ဘယ်မလဲ ကောင်းမွန် အဆင့်အတန်းမှီတဲ့ equipments..ဒါတွေမှ မဖြည့်ဆည်းပေးနိုင်ပေးနိုင်ရင် သူတို့လဲ တပ်နေပျော်မှာမဟုတ်ဘူး။ အကျိုးဆက်ကတော့ အရည်သွေးပြည်မှီတဲ့ ဒေါင်ဒေါင်မြည်တပ်မတော်တစ်ခု မရှိနိုင်တော့ဘူး။ ဆိုရင် ရွာထဲကနွားကို ၀င်ဆွဲတဲ့ ကျားဆိုးကို ထမင်းရည်တောင်ဝအောင်မသောက်ရတဲ့ ခွေးပိန်နဲ့ကိုက်ခိုငးသလိုဖြစ်နေမယ်။ မြန်မာနိုင်ငံပတ်ဝန်းကျင်မှာ ကိုးတောင်မကတဲ့ကျားတွေ ရှိနေတာ သတိပြုပါ။ ဒေါင်ဒေါင်မြည် စွမ်းရည်ပြည့် စစ်ရည်ဝတဲ့ တပ်မတော်ကြီးကို မြင်လိုပါသည်။
      2 hours ago ·
    • Thiha Maung Maung ကျွန်တော့် အတွေ့အကြုံအရဆို အဲဒါ တပ်ပြေးစစ်သည်တွေဗျ...သူတို့ကို စစ်ထောင်ချပြီး ပြန်ခန့်မှာ.....မနေချင်လို့လဲ ထွက်စာတင်ခွင့်မှ မပေးတာ...အဲဒီတော့ လွတ်မလားလို့ ထွက်ပြေးတာပေါ့ မိတော့ အပြစ်ပေးခံရတယ် ရာထူးမပေးဘူး ပြန်ခန့်တယ် လူငယ်တွေက ဗိုလ်မရရင် ဘယ်သူမှ စစ်သားမလုပ်တော့ ဘူးလေ။ လုပ်ချင်စရာလဲ မကောင်းဘူး......
      2 hours ago · · 1
    • Tint Lwin let me share!
      2 hours ago ·
    • Thein Than
      တင်တဲ့သူက ဘယ်လိုသဘောနဲ့ တင်ပြီးတော့ ဘာဖြစ်ချင်တယ်ဆိုတာကို သူပဲ သိပါလိမ်မည်။ သေသေချာချာ မသိဘဲ ထင်တာကိုရမ်းမှန်းပြီးတော့ ပြောချင်ရာ ပြောနေတာတော့ မဖြစ်စေချင်ပါဘူး။ ဒီပုံကို တင်ကတည်းက သူကိုက မှားနေပါပြီ။ လုပ်တဲ့သူတွေထက် ဒီပုံကိုရိုက်ပြီးတော့ တင...See more
      2 hours ago · · 3
    • Aungmyo Thu
      စစ်တပ်ထဲကိုဝင် စစ်စည်းကမ်းကိုမလိုက်နာ အပစ်မျိုးစုံဖေါက် ပေါက်တက်ကရတွေလုပ် အပစ်ပေးတော့ စိတ်ဓါတ်ပျက် ထွက်ပြေး (ဒါ့ထက်ဆိုးနိုင်သေးသည်) ဒီလိုထွက်ပြေးသွားလို့ အတင်းလိုက်ဖမ်း တစ်နေရာမှာမိလို့သွားခေါ် လူမမြင်သူမမြင် ဖမ်းဆီးခေါ်ဆောင်ရအောင် အချုပ်ကားေ...See more
      2 hours ago · · 3
    • လူငယ်လေး တစ်ယောက်
      ko Thein Than ခင်ဗျား....ကျွန်တော်ကတော့ဘယ်လိုရည်ရွယ်ချက်နဲ့မှတင်တာမဟုတ်ပါဘူး ။ကျွန်တော် သွားရင်းလာရင်း တွေ့လိုက်လို့ ရိုက်လိုက်တာပဲ ရိုးရိုးလေးပါ ။ ၊ကျွန်တော့အတွက် ပထမဆုံးမြင်ကွင်းဖြစ်လို့ အထူးအဆန်းမို့  ရိုက်ပြီးတင်လိုက်တာပါ....။ကျွန်တော့လ...See more
      about an hour ago · · 4
    • Tintzaw Matethit တပ်ပြေးပါ အဲဒါတွေမဖြစ်ချင်ရင်တော့ ဒီမိုကရေစီနိုင်ငံမူအရ နိုင်ငံသားတိုင်း စစ်မှုထမ်းမှပျောက်မယ်ထင်တာဘဲ ယူဆမိတာကို ပြောတာပါ။
      about an hour ago · · 1
    • Winter Shine မျက်နှာမတင်ပြီးတာပဲ မမြင်ဖူးတာမြင်ရတာနဲလား :/
      55 minutes ago · · 1
    • Ko Kyaw Thu တပ်ထဲကရဲဘော်တွေဘ၀ရဲဘော်တွေအသိဆုံးပါ
      39 minutes ago · · 1
    • Koku Indaw ခက်တော့ ခက်ကုန်ပီ... ဘာကြီးက အပြစ်ရှိနေမှန်းကို မသိတော့ဘူး..

No comments: