Tuesday 7 August 2012

ကိုမင်းကိုနိုင်အတွက်အမှတ်တရ


  • အကိုမင်းကိုနိုင်ကို သူ့မွေးနေ့မှာ ထောင်ထဲကဆွဲထုတ်ပေးလို့ မရပေမယ့်လည်း တခုခုတော့ လုပ်ပေးချင်တယ်။ အကယ်၍များ သူလွတ်လာရင် သူ့အတွက်အမှတ်တရ တခုခု လုပ်ပေးနိုင်ရင် ကောင်းမယ်လို့ စိတ်ကူးမိပါတယ်။ ဒါနဲ့ပဲ အင်တာနက်ခေတ်ကြီးထဲမှာ သူ့အတွက်နေရာလေး တခုကို ဖန်တီးပေးဖို့ စိတ်ကူးရလိုက်မိတယ်။ on line ရဲ့ တခြားဘယ်နေရာမှာမှ ရှာမတွေ့သေးတဲ့ သူ့အကြောင်းချည်းသက်သက်
    စုစည်းထားတဲ့ ဘလော့ဒ်တခုကို ဖန်
    တီးပြီး သူ့ကို လက်ဆောင်ပေးဖို့ ကျွန်ုပ်တို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သုံးလို့လည်းမကုန်တဲ့၊ ဘယ်တော့မှလည်း ပုပ်သိုးမသွားတဲ့၊ စာပေနိုင်ငံရေးသမား ကိုမင်းကိုနိုင်အတွက်လည်း အလွန်အသုံးဝင်မယ်လို့ ယူဆရတဲ့ (http://www.minkonaing88.com/) လို့ အမည်ပေးထားတဲ့ ဘလော့ဒ်တခုကို သူ့ရဲ့၄၉နှစ်မြောက် မွေးနေ့မှာ မွေးနေ့လက်ဆောင်အဖြစ် ပေးလိုက်ပါတယ်။ ကိုမင်းကိုနိုင်သာ တကယ်ပဲ ၂၀၁၁ခု၊အောက်တိုဘာလ၊၂၉ရက်နေ့မှာလွတ်လာခဲ့ရင်.......................
    .........သူ့အတ္ထုပ္ပတ္တိလို့တော့ ပြောလို့မရသေးပေမယ့် အချိန်တိုလေးအတွင်းမှာ ကျွန်ုပ်တို့ လက်လှမ်းမီသလောက် စုစည်းတင်ပြထားပါတယ်။လိုအပ်ချက်တွေ လွဲနေတာတွေလည်း ရှိနိုင်ပါတယ်။ အပြုသဘောဝေဖန်မှုတွေကို ကြိုဆိုပါတယ်။

    ကိုမင်းကိုနိုင်နှင့်ပတ်သက်သော ထူးခြားဓာတ်ပုံများ၊ သတင်းများ၊ စာမူများ၊ အကြံပြုစာများပေးပို့လိုပါက nandar@lanpyakye.com သို့ပေးပို့နိုင်ပါသည်။ကျေးဇူးအထူးတင်ပါသည်။

No comments: