Saturday 22 September 2012

လစ်ဗျားနိုင်ငံရဲ့ ဒီသတင်းက စိတ်ဝင်စားစရာ

လစ်ဗျားနိုင်ငံရဲ့ ဒီသတင်းက စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ အမေရိကန် သံအမတ်နဲ့ သံရုံးဝန်ထမ်း ၃ ဦး အသတ်ခံရတာဟာ အစွန်းရောက် မူဆလင် စစ်သွေးကြွတွေရဲ့ “ရှာရီယာ ထောက်ခံသူများ” (Ansar Al-Shariah) အမည်ခံ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ (Militia) ကြောင့် ဖြစ်ရတာကို လစ်ဗျား ပြည်သူတွေက သိရှိကြပါတယ်။

မနေ့ကတော့ ဘင်ဂါဇီမြို့က အရေအတွက် သုံးသောင်းလောက်ရှိတဲ့ လက်နက်မဲ့ ပြည်သူတွေဟာ “ရှာရီယာ ထောက်ခံသူများ” ရဲ့ စခန်းတွင်းကို ဝင်စီးကြပါတယ်။ အစပိုင်းမှာတော့ Militia တွေက မိုးပေါ်ထောင်ပစ်ပြီး ခြောက်လှန့် လူစုခွဲဖို့ ကြိုးစားကြည့်ပေမယ့် ဒေါသထွက်နေတဲ့ ပြည်သူတွေက မကြောက်မရွံ့ဘဲ လှိုင်းလုံးတွေလို အတင်းတိုးဝင်ခဲ့ကြပါတယ်။ နောက်ဆုံးတော့ Militia တွေဟာ သူတို့ စခန်းကို စွန့်ခွာ ထွက်ပြေးသွားခဲ့ကြရပါတယ်။ သေဆုံး-ဒဏ်ရာရသူ မရှိခဲ့ပါဘူး။


“ရှာရီယာ ထောက်ခံသူများ” ဟာ လစ်ဗျားမှာ ကဒါဖီအစိုးရ ပြုတ်ကျပြီးနောက် အသစ်တက်လာတဲ့ အစိုးရရဲ့ စစ်တပ်နဲူ့ပူးပေါင်းခြင်း မရှိပဲ လူဆိုးဂိုဏ်းသဖွယ် သီးသန့် မင်းမူနေကြပါတယ်။ ပြည်သူတွေကို ရှာရီယာ ဥပဒေအတိုင်း မဖြစ်မနေ လိုက်နာခိုင်းပါတယ်။ ဖမ်းဆီး သတ်ဖြတ်တာတွေလည
်း လုပ်လို့ ပြည်သူတွေက မခံမရပ်နိုင် ဖြစ်နေကြပါတယ်။

ဘင်ဂါဇီမြို့သားတွေဟာ “Militia တွေ အလိုမရှိ” လို့ ကြွေးကြော်ပြီး Ansar Al-Shariah စခန်းကို ချီတက်ပြီး Militia တွေကို မောင်းထုတ်လိုက်ကြတာ ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ နောက်ထပ် လက်နက်ကိုင်တဖွဲ့ ဖြစ်တဲ့ Rafallah Sahati ဆိုတဲ့ Militia စခန်းကိုလည်း ဝင်စီးကြပြန်ပါတယ်။ Militia တွေက ပြန်ပစ်လို့ လက်နက်မဲ့ ပြည်သူ ၂ဝ လောက် ဒဏ်ရာရခဲ့ပါတယ်။

အသတ်ခံလိုက်ရတဲ့ အမေရိကန် သံအမတ်ဟာ လစ်ဗျားရဲ့ မိတ်ဆွေဖြစ်တယ်။ လစ်ဗျားမှာ မိတ်ဆွေတဦး ဆုံးရှုံးရပြီ စတဲ့ စာတမ်းတွေကို ကိုင်ဆောင်ပြီး ချီတက် ဆန္ဒပြခဲ့ကြတာပါပဲ။

လစ်ဗျားနိုင်ငံရဲ့ အခြားမြို့တွေမှာလည်း လက်နက်ကိုင် Militia တွေဟာ အစိုးရ စစ်တပ်နဲ့ ရဲတွေ မရှိတဲ့ နေရာမှာ စိတ်ထင်တိုင်း မင်းမူ အုပ်စိုးနေကြတုန်း ဖြစ်ပါတယ်။ အစိုးရနဲ့ ပူးပေါင်းဖို့ လစာ ၄ ဆခွဲ ပိုပေးပြီး ဖိတ်ခေါ်ပေမယ့် လစာကိုသာယူပြီး အစိုးရလမ်းညွှန်ချက်တွေကို မလိုက်နာကြဘဲ ရှိနေပါတယ်။

အစွန်းရောက် မူဆလင် စစ်သွေးကြွ Militia တွေဟာ အစိုးရနဲ့လည်း မပူးပေါင်းတဲ့အပြင် ရှာရီယာ ဥပဒေ လိုက်နာဖို့ကိုသာ လက်နက်ကိုင်ပြီး အတင်းအကြပ် ခြိမ်းခြောက် မင်းမူနေလို့ ပြည်သူတွေက အတော့်ကို ခါးခါးသီးသီး စက်ဆုပ်ရွံရှာသွားကြတာပါပဲ။

အသေးစိတ် ဖတ်ကြည့်နိုင်ပါတယ်။ http://www.foxnews.com/world/2012/09/21/libyans-storm-ansar-al-sharia-compound-in-backlash-attack-on-us-consulate/#ixzz27Atfw3Er
Like · · · 2 hours ago ·

  • 46 people like this.
  • Hninn Thetmay အကြမ်းဖက်မှုကို ဘယ်သူကမှ လက်ခံကြမှာ မဟုတ်ပါဘူး
  • Thanda Win အိုဘားမားတော့ မဲနိုင်ပြီ။ လောင်းကစား ၀ါသနာပါကြသူများ တမတ်ကြေးလောင်းကြမည်။
  • Win Min အကြမ်းဖက်မှု့ ကိုအသိဥာဏ်ရှိသူတိုင်းကလက်သင့်မခံပါဘူး
  • Tin Maung Oo လစ်ဗျားပြည်သူများကို လေးစားပါသည်။
  • War Win Maung လစ်ဗျားမှာဖြစ်ခဲ့ကိစ္စကိုသေချာမစုံစမ်းဘဲ တခြားစောက်ပေါးနိုင်ငံကကောင်တွေက လိုက်ပြီးဆန္ဒပြတဲ့ကောင်တွေက အရူးတွေပါ
  • Say Nyon Thu တိုနိုင်ငံက ပြည်တွင်းနေအစ်စလာမ်ဘာသာဝင်တွေ သင်ခန်းစာယူရမယ်။
  • Lwin Aung Soe အမှန်ပဲ သင်ခန်းစာ ယူသင့်ပါတယ်။
  • Khun Tin Win Ko ကောင်းလိုက်တဲ့သတင်း ..

No comments: