Saturday 22 September 2012

ကျနော်တို့ တိုင်းပြည်ဘဏ္ဍာကို ခိုးယူထားသူတွေ မဟုတ်ဘူး

အခု ဖျော်ဖြေရေးယာဉ်ကြီး အပါအ၀င် တလျောက်လုံး လူမှု ကယ်ဆယ်ရေး လှုပ်ရှားမှုတွေမှာ ရိုးသားစွာ အားတက်သရော ကူညီပေးခဲ့တဲ့ မိတ်ဆွေ ၊ ဟံသာဝတီယာဉ်ရောင်းဝယ်ရေး စခန်းက ကိုအေးကျော်ရဲ့ ကား၊ ရန်ကုန် မြို့ မှာ ဒီကားဖြတ်သွားချိန် လူတိုင်းနီးနီး က အားပေးတဲ့ အကြည့်နဲ့ ကြည့်ကြတယ်။ မနေ့ည က သူလည်းပဲ ဖမ်းမယ်ဆီးမယ် သတင်းကြားတော့ ရှောင်နေရင် ကောင်းမလား ကိုနေမျိုး ရေ လို့ ဖုန်းလာပါတယ်။ ကျနော်တို့ တိုင်းပြည်ဘဏ္ဍာကို ခိုးယူထားသူတွေ မဟုတ်ဘူး။ ငါးလောင်းပြိုင် လူသတ်မှုကြီးလို လူသား မဆန်တဲ့ ဖြစ်စဉ်ကြီးဖြစ်တဲ့ စိမ်းလဲ့ကန်သာ လူသတ်မှု ပါဝင်ပတ်သက်သူတွေကိုတောင် ဖေါ်ထုတ် အရေးမယူသေးတာ။ ကျနော်တို့လို တိုင်းပြည်ငြိမ်းချမ်းရေး အတွက် လုပ်ဆောင်တဲ့ သူတွေကို ဖမ်းဆီးမယ်ဆို ...... ရဲရဲဝင့်ဝင့် ရင်ကော့ပြီးလိုက်သွားယုံရှိတာပဲ။ မပူပါနဲ့လို့ ပြောလိုက်တယ်။ ကျနော်တို့ကွန်ယက် ကို ဆက်သွယ်ပေးပို့လာတဲ့ မတရားမှုကြီးတွေ အာဏာ အလွဲသုံးစားမှုကြီးတွေ၊ တရားစီရင်မှု မဏ္ဍိုင်ကို ဖျက်ဆီးနေတဲ့ အုပ်ချုပ်ရေးပိုင်းက လူကြီးတွေနဲ့ ပတ်သက်တဲ့ လာဘ်စားခြစားမှု အကြောင်းအရာတွေ ကို အုပ်ချုပ်ရေးပိုင်းက အရေးယူပေးမယ်၊ တပြေးညီ စစ်ဆေးဖေါ်ထုတ်ပေးမယ် ဆိုရင် ကျနော်ကတော့ ရဲခေါ်ရာနောက်ကို လေချွန်ပြီး လိုက်သွားမယ်လို့ ပြောလိုက်တယ်။
Like · · · 9 hours ago ·

  • Zaw Lin >>ငါးလောင်းပြိုင် လူသတ်မှုကြီး....တော်တော်ဆိုးပါတယ်..။ ဦးခင်ရီ..သက်ရှိထင်ရှား ရှိနေသေး..စေချင်ပါတယ်....။ ဒီကေ့စ်...တခုလုံးကို..သူကိုင်ထားတာပါ....။ သုဿန်မှာ...ဆုတောင်းခဲ့တဲ့..ဒလမ..တယောက်တော့...ဘယ်ပို့လိုက်သလဲ..မသိဘူး....။
  • Kyaw Mar Lar That's NMZ! It's true!
  • Zaw Naing Linn ငါးလောင်းပြိုင် လူသတ်မှုကြီးလို လူသား မဆန်တဲ့ ဖြစ်စဉ်ကြီးဖြစ်တဲ့ စိမ်းလဲ့ကန်သာ လူသတ်မှု ပါဝင်ပတ်သက်သူတွေကိုတောင် ဖေါ်ထုတ် အရေးမယူသေးဘဲ အဲဒီအချိန်က တာဝန်ရှိတဲ့ရဲချုပ်ကိုတောင် အစဉ်အလာမရှိတဲ့ ရဲချုပ်မှ လ၀က ၀န်ကြီးအဆင့်အထိတိုးပေးခဲ့တာ ဘာကြောင့်ဆိုတာ စဉ်းစားသာကြည့်ပါ ကိုနေမျိုးဇင်ရေ
  • Aung Aung Shwe ငါ့ အစ်ကိုကြီး အေးဆေး လုံခြုံဘေး ကင်းစွာနဲ့ မြင်တွေ့ ရတဲ့အတွက် အတိုင်းမသိ ကြည်နူး ဝမ်းသာမိပါတယ်။ ဘေးဘယာဝေးကွာ ပြဌီး ကျန်းမာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
  • Sann Win ကျနော်တို့ တိုင်းပြည်ဘဏ္ဍာကို ခိုးယူထားသူတွေ မဟုတ်ဘူး။ ငါးလောင်းပြိုင် လူသတ်မှုကြီးလို လူသား မဆန်တဲ့ ဖြစ်စဉ်ကြီးဖြစ်တဲ့ စိမ်းလဲ့ကန်သာ လူသတ်မှု ပါဝင်ပတ်သက်သူတွေကိုတောင် ဖေါ်ထုတ် အရေးမယူသေးတာ။ ကျနော်တို့လို တိုင်းပြည်ငြိမ်းချမ်းရေး အတွက် လုပ်ဆောင်တဲ့ သူတွေကို ဖမ်းဆီးမယ်ဆို ...... ရဲရဲဝင့်ဝင့် ရင်ကော့ပြီးလိုက်သွားယုံရှိတာပဲ။(ဒီစကားတစ်လုံးကိုတော့အရမ်းကြိုက်တယ်ဗျာ)
  • Shwe Thae Pwint အစ်ကို့စကားလုံးတွေအရမ်းမိုက်တယ် သွေးတွေတောင်ပူလာသလိုပဲ အမှန်တရားကိုရင်ဆိုင်ရဲတဲ့အစ်ကို့အတွက်
  • Ladyaye Aye မှန်တယ်ဆိုရင်ဆက်သာလုပ်ပါနော့် အဲ့ဒီလိုသတ္တိတွေနဲ့မှ ပြောင်းလဲနိုင်မှာ။်
  • Aung Kyaw Moe အမှန်ကိုပြောရဲတဲ့ သတ္တိရှိတဲ့ ကိုနေမျိုးဇင်ကိုလေးစားပါတယ် ။
  • Seint Seint Thu ကိုနေမျိုးဇင် ပြောတာအားလုံးမှန်တယ်....တိုင်းပြည်အတွက်တထောင်.တနေရာကနေအများကောင်းကျိုးဆောင်ရွက်နေသူတွေကိုဖမ်းမယ်ဆိုရင်..လူစိတ်ပျောက်နေကြလို.ပဲဖြစ်မယ်...
  • Nyan Aye Congratulation,Ko nay Myo Zin!
  • K Thi Nay Win အမှန်ကိုပြောရဲတဲ့ သတ္တိကိုလေးစားပါတယ် ကိုနေမျိုးဇင်
    အများကောင်းကျိုးအတွက် လိုက်လုပ်ပေးနေတဲ့ သူတွေကို လိုက်ဖမ်းမယ်ဆိုရင် ကံကြီးထိုက်ပါလိမ့်မယ်
  • သားသား ချစ် အဲဒါ ““ကျူ ငုတ်”” တွေပဲ..ရေသောက်မြစ်က တော်တော်များနေလို့ ကျန်နေတာ..။ရှင်းလင်း ဘို့ အားလုံးတာဝန်ပါပဲ
  • Unity Force လေးစားပါတယ်.......
  • Nyi Shwe Yi Oo လေးစားပါတယ် ...
  • ဘာ ကွ ထောက်ခံတရ်အစ်ကို ...
  • Yan Naing that's our HERO
  • Yan Naing any way take care bro:
  • Yar Ma Nya Thar ပက်ပက်စက်စက်ကြီးကို ထောက်ခံတယ် ......
  • Lovely Stone ဒီနေ့မလေးရှားက The star သတင်းစာမှာ သတင်းတိုလေးအနေနဲ့ ပုံရောစာပါ ပါလာတယ်
  • Kyaw Kyaw လေးစားပါတယ်အစ်ကို
  • Garuna Shin ဒီလိုပဲဖြစ်ရမှာပေါ့ အားပေးပါတယ် ဒကာတော် ဂုဏ်လည်းယူပါတယ်

No comments: