Thursday 30 August 2012

စစ်ထွက် တစ်ယောက်အား ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ရိုက်နှက်မှုဖြစ်


မြောင်းမြမြှို မရမ်းကုန်း ရွာမလမ်းမှာ နေထိုင်တဲ့ ကို.၀င်းကျော်သူ ရဲ့ ပုံဖြစ်ပါသည်။
ကိုဝင်းကျော်သူ ဟာ 28.8.2012 အင်္ဂါနေ့က မရမ်းကုန်းရွာမလမ်းမှာပဲရှိတဲ့ သူ့ရဲ့အဒေါ်တော်စပ်သူ ဒေါ်အေးအေးမြင့် ရောင်းတဲ့ ခေါက်ဆွဲဆိုင် ကိုသွားခဲ့ပါသည်။ ရပ်ကွက်ထဲမှာ နေထိုင်သူဖြစ်တဲ့ မင်းမင်းအောင်က ခေါက်ဆွဲဆိုင်မှ အရောင်းခုံကို တူနဲ့ထုသည့်အတွက် ကိုဝင်းကျော်သူမှ တားမြစ်ရာ ကိုဝင်းကျော်သူနှင့် မင်းမင်းအောင်တို့ နှစ်ဖက် စကားများခ
ဲ့ကြပါသည်။ အမဖြစ်သူ မစံပယ်ဌေးမှ တားမြစ်ခဲ့သည့်အတွက် ကိုဝင်းကျော်သူမှ မင်းမင်းအောင် နှင့် ဆက်လက် စကားများခြင်း မဖြစ်တော့ပဲ ငြိမ်နေခဲ့သည်ဟု သိရသည်။ ထိုအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး မင်းအောင်(ခ)အောင်ကြီးနှင့် ဒုရဲအုပ်အောင်မျိုးသန့် တို့ရောက်ရှိလာပြီး ကိုဝင်းကျော်သူ ကို လက်ထိပ်ခတ်ခဲ့သည်။ ကိုဝင်းကျော်သူမှ “ကျွန်တော့်မှာ ဘာအပြစ်ရှိလို့ လက်ထိပ် ခတ်တာလဲ” ဟုမေးရာ အုပ်ချုပ်ရေးမှူး မင်းအောင်(ခ)အောင်ကြီးမှ “မင်းထက်မိုက်လို့ ရပ်ကွက်လူကြီး လုပ်တာကွ”ဟုပြောပီး မျက်နှာကို ဆိုင်ကယ်ဦးထုပ်နှင့် သုံးချက် ရိုက်ပါသည်။ကိုဝင်းကျော်သူဧ။် မိခင်နှင့်အမ ရှေ့တွင်ရိုက်နှက်ခြင်းဖြစ်သည်။ ပြီးမှ မင်းရုံးရောက်မှတွေ့မယ်ဟု ဆိုကာ ရပ်ကွက်ရုံးသို့ ခေါ်သွားသည်။ရပ်ကွက်ရုံးသို့ ပါသွားသော ကိုဝင်းကျော်သူအား သူဧ။် အမဖြစ်သူ မစံပယ်ဌေးမှ ပြောဆိုဆုံးမရန် ခေတ္တခဏ ခေါ်ယူသွားသည်ဟု ထင်ကာ လိုက်မသွားခဲ့ပါ ။ ရပ်ကွက်ရုံးဘက်မှ ပြန်လာသော ရပ်ကွက်သား တစ်ဦးမှ ရုံးမှာ ဘယ်သူ့ကိုရိုက်နေတာလဲ မသိဘူး တော်တော် ရိုက်နေပုံပဲ ဟုပြောမှ အကြောင်းစုံသိရတယ်ဟု မစံပယ်ဌေးမှ ပြောကြားခဲ့သည်။ ကိုဝင်းကျော်သူအား မျက်နှာနှင့် ကျောကုန်းတို့အား ခြေထောက်နှင့် ကန်ကျောက်ခဲ့သည်။လက်သီးဖြင့်ထိုးသဖြင့် မျက်လုံးနှင့်နားတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။နှာခေါင်းနှင့်နားမှာလည်း ကွဲရှ၍ သွေးထွက်ခဲ့သည်။ ပြီးမှ စခန်းသို့ခေါ်ဆောင်သွားခြင်း ခံရသည်။ ရပ်ကွက်ရုံးတွင် ရိုက်နှက်ခဲ့သူမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး မင်းအောင်(ခ)အောင်ကြီးဖြစ်သည်။“မင်းပြန်ထွက်လာရင် ထမင်းလေးရက်လောက် မစားနိုင်အောင်လုပ်ပစ်မည်”ဟုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်ကြီး နှင့် ရာအိမ်မှုး မြင့်လွင် တို့က ကျိန်းဝါးခဲ့သည်ဟု ကိုဝင်းကျော်သူမှ ပြောသည်။စခန်းအရောက်တွင် ကိုဝင်းကျော်သူအား စစ်ပြေးပုဒ်မ နှင့် ဆွဲသည်။ ကိုဝင်းကျော်သူမှာ တပ်မတော်မှ အပြစ်ဒဏ်ကျခံပြီး ထွက်လာခဲ့သူဖြစ်ပြီး သူ့မှာ တပ်ထွက်လက်မှတ်များလည်း ရှိသည်။အခင်းဖြစ်ချိန်တွင် အရက်သောက်ထားသော်လည်း မူးယစ်ရမ်းကားခြင်းမရှိ၍ မူးယစ်ရမ်းကားနှင့် ဆွဲ၍မရရာ စစ်ပြေးနှင့်ဆွဲခြင်း ဖြစ်သည်ဟု ကိုဝင်းကျော်သူမှ ပြောကြားသည်။ သို့သော် ကိုဝင်းကျော်သူအား စွပ်စွဲချက်သည် မှားယွင်းနေသဖြင့် 29.8.2012 နေ့လည် 3း00 တွင် စခန်းမှ ပြန်လွှတ်ပေးခဲ့သည်။ စခန်းမှ ပြန်လွှတ်ချိန်တွင် အုပ်ချုပ်ရေးမှူးက တောင်းပန်လာရင် ကျေအေးပေးပါဟု ကိုဝင်းကျော်သူ ဘက်မှ လိုက်ပါလာသူ မစံပယ်ဌေးနှင့် မအုန်းလှ တို့အား ဒုရဲအုပ် အောင်မျိုးသန့်မှ လာရောက်တောင်းပန်ကြောင်း သိရသည်။စခန်းမှ ပြန်ထွက်ချိန်တွင် အုပ်ချုပ်ရေးမှူးဖြစ်သော မင်းအောင်(ခ)အောင်ကြီးမှ ကိုဝင်းကျော်သူအား မင်းခဏနေရင် ရုံးကိုလာခဲ့အုံးဟု လှမ်းပြောခဲ့သည်။ကိုဝင်းကျော်သူဧ။် အမနှင့်လိုက်ပါလာသူများက မသွားဖို့ နှင့် မင်းအောင်(ခ)အောင်ကြီးနှင့် ရာအိမ်မှူး မြင့်လွင်တို့ အား တရားပြန်လည်စွဲဆိုမည်ဟု ပြောကြားခဲ့သည်။

အဓိက မှာ တရားဥပဒေ စိုးမိုးရေးကို တည်ဆောက်နေသည့် လက်ရှိ နိုင်ငံတော်တွင် မည်သည့်အရာကိုမှ သေချာစွာ မသိရသေးခင် ဖမ်းဆီးချုပ်နှောင်ခြင်း ညှဉ်းပန်းနှိပ်စက်ခြင်း ခြိမ်းခြောက်ခြင်းများကို အာဏာပိုင်များမှ ပြုလုပ်ခြင်းသည် တရားဥပဒေ စိုးမိုးရေးဆိုသည့် ဖြစ်စဉ်အား များစွာ နှောင့်နှေးစေပါသည်။ မည်သူမဆို လွတ်လပ်စွာ နေထိုင်ရှင်သန်ခွင့်ရှိပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ နာကျင်အောင် လုပ်ခွင့်မရှိပါ။ ပြုပြင်ပြောင်းလဲရေးနှင့် ပြန်လည်တည်ဆောက်ရေး ကာလတွင်အရေးပါဆုံးဖြစ်သော တရားဥပဒေစိုးမိုးရေးကို နှောင့်နှေးစေမည့် မည်သည့်ကိစ္စမဆို နိုင်ငံတော်အစိုးရအနေဖြင့် တင်းကျပ်စွာ ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း မြောင်းမြမီဒီယာမှ တိုက်တွန်းအပ်ပါသည်ခင်ဗျာ။

  • 11 people like this.
  • 8 shares
    • Aung Tin ဒီမင်း ဒီစိုး ဒီသူခိုးတွေနှင့် မြန်မာပြည် နာလန်ထူဖို့ မလွယ်သေးပါဘူး။ ရင်မောပါတယ်။
      7 minutes ago · · 2

No comments: