Monday 27 August 2012

ပြည်ထောင်စုဝန်ကြီးတွေ ပြောင်းလဲတာ ဝန်ပေးအပ်


  • ပြည်ထောင်စုဝန်ကြီးတွေ ပြောင်းလဲတာ ဝန်ပေးအပ်တဲ့စာရင်းကို နိုင်ငံတော်သမ္မတ ရုံးက(၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၇ ရက် ) ယနေ့ နေ့ စွဲဖြင့် ထုတ်ပြန် လိုက်ပါတယ်။

    စက်မှုဝန်ကြီး ဦးစိုးသိန်း၊ ရထားဝန်ကြီး ဦးအောင်မင်း၊ စီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး ဦးတင်နိုင်သိန်း၊ ဘဏ်ဏ္ဍာရေးဝန်ကြီး ဦးလှထွန်းတို့ကို သမ္မတရုံးဝန်ကြီးတွေအဖြစ်နှင့်၊

    အလုပ်သမားဝန်ကြီး ဦးအောင်ကြည် ကို ပြန်ကြားရေး ဝန်ကြီး။

    ပြန်ကြားရေးဦးကျော်ဆန်းကို သမဝါယမ ဝန်ကြီး၊

    သမဝါယမ ဝန်ကြီးဦးအုံးမြင့်ကို မွေးမြူရေးနှင့်ရေလုပ်ငန်း ဝန်ကြီး အဖြစ် ပြောင်းလိုက်ပါတယ်။

    သိပံ္ပနဲ့ နည်းပညာ ဝန်ကြီး ဦးအေးမြင့်ကို စက်မှုဝန်ကြီးပြောင်းပြီး

    မူလက ဝန်ကြီးဌာနနှစ်ခု ကိုင်ထားတဲ့ ဦတင့်ဆန်းကို အားကစားဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်လိုက် တယ် လို့ သမ္မတရုံးက ကြေငြာထားပါတယ်။

No comments: