Wednesday 29 May 2013

ရဲတိုက်ဆန္ဒထုတ်ဖော်ခြင်းနှင့်St.Mary Cathedralသတင်းထုတ်ပြန်ချက်

စိန်မေရီကာသီဒြယ်ဘုရားကျောင်းတော်ကြီးသည်ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ၏ ၏အထွဋ်အမြတ်ထားရာဝတ်ပြုကိုးကွယ်သည့်နေရာဖြစ်သည်။ နံနက် ၈း၃၀နာရီမှ နေ့ လည်၁၂း၀၀နာရီအထိတစ်ကြိမ်၊ မွန်းလွဲ ၂း၀၀နာရီမှ ညနေ ၆း၀၀ နာရီအထိတစ်ကြိမ်၊ ဘုရားဖူးဘာသာတူများနှင့် လာရောက်လေ့လာသူများနှင့် ၀တ်ပြုဆုတောင်း သူများ အတွက် နေ့စဉ်ဖွင်လှစ်ပေးထားပါသည်။ မည်သည့်လာရောက်လေ့လာ၊ ၀တ်ပြုကိုးကွယ်သူ မည်သူမဆိုလူမျိုးဘာသာ မခွဲခြားဘဲ လွတ်လပ်စွာလာရောက်ခွင့်ပြုထားပါသည်။ ရှေးဟောင်းအဆောက်အဦ်းဖြစ်သည်နှင့်အညီ ထူးဆန်းသောဗိသုကာလက်ရာများတည်ရှိရာနေရာဖြစ်ရာ၊ ဗိသုကာပညာရပ်ကိုစိတ်ဝင်စား သောသူများနှင့် ပညာရှင်များလည်းလာရောက်လေ့လာလေ့ရှိပါသည်။ မည်သည့်ဘာသာရေးအဆောက်အဦးမဆို၊ တစ်သီးတစ်ခြားသတ်မှတ်ထား သည့် ဓါတ်တော် မွေတော်များထားရှိရာ သန့် ရှင်းသောနေရာများရှိတတ်ကြပါသည်။ ဤကဲ့သို့သောနေရာများသို့ ၀င်ရောက်ခြင်းကိုအထူးကြပ်မတ် စောင့်ရှောက်ထားပါသည်။
ထိုကဲ့သို့ သတ်မှတ်ထားသည့် နေရာများကို လာရောက်ကြသည့် ဧည့်သည် တိုင်းသည် သင့်တင့်လျောက်ပတ်သည့် ရိုသေလေးစားမှု ရှိကြရမည်ဖြစ်သည်။ ယနေ့ဖြစ်စဉ်မှာ သူတော်စင်များသာဝင်ရောက်ရသည့်၊ ဓါတ်တော် မွေတော်များထားရှိရာ သန့်ရှင်းသည့်နေရာ ၊အထွဋ်အမြတ်ထားရာ (Sanctuary) အတွင်းသို့ ၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်နှင့်ဆန့်ကျင်သည့် မတင့်တယ်သော အ၀တ်အစား(စွပ်ကျယ်လက်ပြတ်) နှင့် ၀င်ရောက်ကာ အထွဋ်အမြတ်ထားရာ ဗိမာန်တော်ကိုကျောပေးလျက်၊ မသင့်တင့် မလျောက်ပတ်မလျော်ကန်သောအပြုအမူမျိုး ပြုလုပ်ခြင်း၊ ကိုတွေ့ရှိရလေရာ သက်ဆိုင်ရာ မှသတိပေးပြောကြားခဲ့ခြင်းမှစ၍ မကျေမနပ် ဖြစ်သွားပုံရသည်။ ထိုမှတစ်ဖန်၊ တတိယ အကြိမ် ပြန်လည်ရောက်ရှိလာရာတွင်၊ သတင်းထောက်များ၊ Media အဖွဲ့ဝင်များခေါ်လာပြီး အသင့်ရေးလာသော ဆိုင်းဘုတ်ကိုင်ဆောင်ကာ၊ ဘုရားကျောင်းသာသနာ့ ပုရ၀ဏ်အတွင်း ၀င်ရောက်ကာ၊ မည်သည့်အာဏာပိုင်အဖွဲ့အစည်း၏ခွင့်ပြုချက်မျှရယူခြင်းမရှိဘဲ တစ်ကိုယ် တော်ဆန္ဒပြခဲ့ပါသည်။ သာသနာ့အကျိုးဆောင်အဖွဲ့မှ အကြိမ်ကြိမ် မေတ္တာရပ်ခံ နေ သည့်ကြားမှပင် ကာယကံရှင်မှကိုယ်ထိလက်ရောက်စတင်ကျူးလွန်ခဲ့ပါသည်။ ပိတ်ပင် တားမြစ်ခြင်းခံရသည်ဟု ကာယကံရှင်ကအပြစ်တင်စွပ်စွဲ ပြောဆိုနေသော်လည်း သုံးကြိမ် သုံးခါတိုင်တိုင်ဝင်ရောက်ခဲ့ခြင်းသည်၊ ကာယကံ ရှင်၏ စွပ်စွဲချက်နှင့် လုံးဝ ဆန့်ကျင် နေသည်မှာထင်ရှားပါသည်။ အထက်ပါအပြုအမူများသည် ၊ ရည်ရွယ်ချက်ရှိရှိနှင့် ကြိုတင်ကြံစည်ထား သည်ဟု ယူဆ နိုင်ပါသည်။ ကက်သလစ်သာသနာဘုရားကျောင်းတော်ဝင်းသည် ၀တ်ပြုကိုးကွယ်ခြင်းနှင့် ငြိမ်းအေး ရာနေရာဖြစ်ပြီး၊ မည်သည့်ဆန္ဒပြခြင်းမဆို၊ ထိုသဘောသဘာဝအကြောင်း တရား များ နှင့်ဖီလာဆန့်ကျင်နေပါသည်။ ယခုသတင်းMedia များတွင်ပါသောအကြောင်းအချက်များသည် ဖြစ်ရပ်မှန်နှင့် လွဲမှားစွာ ဖော်ပြထားခြင်းဖြစ်ရာ မလိုလားအပ်သော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်ကို စိုးရိမ် ရသည်ဖြစ်၍၊ ပြည်သူလူထုအနေနှင့် ဖြစ်ရပ်မှန်ကိုသိရှိရန်တင်ပြအပ်ပါသည်။ သာသနာ့အကျိုးဆောင်အဖွဲ့ စိန်မေရီကာသီဒြယ်သာသနာ၊ ရန်ကုန်မြို့ (သတင်းထုတ်ပြန်ချက်+ဓာတ်ပုံ St.Mary Cathedral)
  • Chawchaw Mirror ကျမ သည် ဗုဒ္ဓ ဘာသာ ဝင် တစ်ဦးပါ ။လွန်ခဲ့ သော ၁၆ နှစ် ကထဲ က ကျမ ဧည့်လမ်းညွှန် လုပ်ငန်း စတင် လုပ် ကိုင် ကထဲ ကအမြဲ တမ်း နီးပါး ခရီး မထွက်ခင် မှာ ရွှေဘုန်းပွင့် ဘုရား ရယ် ။ဗိုလ်အောင်ကျော်လမ်းက ခရစ်ယန်ဘာသာ ကျောင်း( ယခု ရဲတိုက် အား ဝင်ခွင့် မပေး ဘူး ဟု ဆိုသော ချာ့ခ်ျ ကျောင်း ကို )အမြဲ သွား နေကြ ဖြစ်ပါသည် ။
    တစ်ခါတစ်လေ ညနေ ၆ နာရီ ကျော် မှ လည်း သွားပါသည် ။မည်သည့် အခါ တုံးက မှ ဝင်ခွင့် မပြု ပါဟု မပြော ခဲ့ ပါ ။တစ်ခါတစ်ရံ ပိတ်ထားသော တံခါးမ ကြီး အား ကိုယ် တိုင် ဖွင့်ပြီး အထဲ သို့ကားမောင်း ဝင်ခဲ့ ဘူး ပါသည် ။မည်သူကမှ တားမြစ်ခြင်း မရှိပါ ။ယခု ကိစ္စ တွင် ဝင်ရောက် သော ပုဂိုလ် များ၏
    ( အမူအယာ ။ပြောဟန်ဆိုဟန်။နေပုံထိုင်ပုံ ။ပြုမူ ဝင်ရောက်ပုံခြင်း )ကွဲပြား ခြား နားသောကြောင့် သာ ဖြစ်နိုင်သည် ဟု ယူ ဆမိပါသည် ။
  • Smile Honey သူက ကုလားကနေ ဗုဒဘာသာပြောင်းပြီး ဗုဒဘာသာတွေကိုခရစ်ယာန်နဲ့ပါ ရန်တိုက်ချင်လို့လားမသိ အကြံစည်တခုခုတော့တခုခုပဲ သေချာတာကတော့ဒင်းမွတ်စလင်ပဲ
    • မဟာဆန် အင်အားကြီး သူ နာမည်င်္ခ ဗုဒ္ဒ္စ္ဘ ဘာသာတော့ ဘာတန်ဖိုးမှ ရှိမှာ မဟုတ်ဘူး ။ ၀င်လာရင် ပြဿနာရှာဖို့သာဖြစ်မှာ ။
    • Zaw Htu I say nothing about it.The toxic of suspicion is the dangerous enemy.
    • Emogirl Michelle ကျွန်တော်ကခရစ်ယာန်တစ်ယောက်ပါကျွန်တော်တို့ဘုရားကျောင်းတွေမှာဝင်လာပြီါ်ူလေ့လာတဲံသူတွေကိုနှင်ထုန်ရိုးထုံးစံမရှိပါဘူးကို့ဘုရားကျောင်းကိုကြ်ုက်လို့လာလေ့လာတာပဲဘာဖြစ်လည်းဒီကောင်ဒီလိုတော့ါမလုပ်သင့်ပါဘူးအလကားဆေးကြောင်ပြီးလျှောက်လုပ်နေတာသူ့ကိုဖမ်းပြီးထောင်ထဲသာထည့်လိုက်ပါသူ့ကြောင့်ဘာသာရေးတွေရှပ်ပြီးနိုင်ငံရေးတွေထည့်ဖြစ်နေအုံးမှာပါပဲ
    • Aser Dota Godless သေချာတာတခုကတော့ဆေးကြောင်နေတာလဲဖြစ်နိုင်ပါတယ်

  • Rosemary Tresham မေတာဖြင့်သာ တုန့် ပြန်ပါ ။ ဒေါသရှေ့ မထားကြပါနဲ့  ။ မှားတဲ့သူနဲ့ ပြိုင်ပီး မမှားကြပါနဲ့  ။ မကောင်းတာလုပ်သူဟာ သူ့ လမ်းသူဖောက်ထားပီးသားမို့  အဲဒီအတိုင်းပဲ သွားပါလိမ့်မယ် ။ ရန်ကိုရန်ချင်း မတုန့် ပြန်ကြပါနဲ့ လို့  အားလုံးကို ပြောချင်ပါတယ် ~ ကျမခရစ်ယာန်ဘာသာဝင်တယောက်ပါ ။ ချစ်ခြင်းမေတာပြခြင်းဖြင့် ရန်အပေါင်းကို အောင်မြင်နိုင်ပါစေ ။ ငြိမ်းချမ်းရေးကိုသာ လိုလားပါသည် ။
  • Aung Kyaw Myint ဒီလိုမိုက်ရိုင်းတဲ့အပြုအမှုတွေ ကိုလုံးဝ ဆန့်ကျင်ပါတယ်..ရဲတိုက် ကိုယ်နေရာ ကိုယ်မနေပဲ..ဘာတွေသွားလုပ်တာလဲ..မင်းကတော့ ကွိုင်ပဲ..ရဲတိုက်ဖောင်ဒေးရှင်းဆိုတာလဲ..အလကားဘဲ..မင်းကို မြန်မာပြည်ကပရိတ်သက် ရွံသွားပြီ။
  • Red Rosella နာမည်ကြီးချင်လို့လား။popular ဖြစ်ချင်လို့လား။အဲ့ဒါဆိုရင်တော့တုံးလုံးချွတ်ပြီး လမ်းပေါ်ထွက်ထိုင်နေလေ။ဘယ်သူမှမလုပ်ဖူးသေးဘူး။သေချာပေါက်နာမည်ကြီးမဲ့နည်းပဲ။ခွေးတစီစီနဲ့လူတွေလည်းအုံလို့ မမိုက်ဖူးလား
  • Saw Lynn ကျွန်တော်ဟာခရစ်ယာန်ဘာသာဝင်တယောက်ဖြစ်ပါတယ် သန့်ရှင်းမြင့်မြတ်စွာသတ်မှတ်ထားတဲ့sanctuary နေရာတွေမှာမရိုမသေပြုတာတော့ အရမ်းကိုအောက်တန်းကျပါတယ်။ခရစ်ယာန်ဘာသာ
    ဝင်တွေရဲ့အထွဠ်မြတ်ထားသောနေရာတစ်ခုပါ။
    • Judaline Mary ဟုတ်တယ်။ မသိဘူးပြောရအောင် ကိုယ်တော်မြတ်ဆောင်မှာ တခြားဝတ်ပြုနေတဲ့သူတွေ ဘယ်လိုဝတ်ပြုနေလဲ ကြည့်လို့ရတာပဲ
  • Su Yee Phyoe ဟုတ်ပါ့ ဒီထက်နာမည်ကြီးချင်ရင် ဘာမှမဝတ်ပဲ လှည်းတန်းဂုံးကျော်တံတားပေါ်လမ်းလျှောက်လိုက် မိုးမလင်းခင် ကမ္ဘာကျော်သွားမယ် တောင်ကြီးသားလို့တော့မပြောနဲ့ကွာ သိက္ခာကျတယ်
  • Peter Htoo Dee St. Mary church ဟာ ရန်ကုန်မြို့မှာတည်ထားတာ နှစ် ၁၀၀ ကျော်ပြီဘာပြသာနာမှ မရှိခဲ့ဘူး မနေ့တနေ့မှ မူစလင်ဘာသာဝင်ဖြစ်တဲ့ ပေါက်လုပ်ပဲစား ရဲတိုက် ဗုဒ္ဓဘာသာ အမည်ခံယောင်ဆောင်ပြီး ခရစ်ယန်ကျောင်းကိုသွားပြီး မထီမဲ့မြင်ပြုတော့ ပြသနာတက်တာပေါ့ ဘယ်သူ့အမှားလဲ အသိသာကြီးဘဲ. ဒီမှာ ရဲတိုက် မင်းဟာ ခရစ်ယန်ရဲ့ထောက့်ပံ့မူနဲ့ အောင်မြင်လာတဲ့ ဒါရိုက်တာ အောင်ကိုလတ် ဆီကနေ မီးထိုးမှန်ထိုးဘဝနဲ့အနုပညာလောကထဲရောက်လာပြီး ဗုဒ္ဓဘာသာဝင်တွေရဲ့အားပေးမူကြောင့် နာမည်ရလာတာပါ. မင်းအောင်မြင်မူတခုအတွက် မူဆလင်ဘာသာကိုစွန့်ခွာပြီး ဘာသာတရား အားလုံးကိုစော်ကားတယ်. ဒါဟာမင်းဘဝရဲ့ ရုပ်ရှင်မဟုတ်တဲ့ ဇတ်သိမ်းခန်းဘဲဖြစ်မှာပါ.
  • Minn Thant Shinn ဒါဟာ ရူးသွပ်နေသူ ရဲတိုက်ဧ။် ဆေးကြောင်သော လုပ်ရ် သာဖြစ်ပြီး ဘုရားကျောင်း တာဝန် ရှိသူများ နဲ့ သက်ဆိုင်ခြင်း မရှိကြောင်း ကျွန်တော် တို့ပြည်သူ အများစုက နားလည်ထားပါသည်

No comments: