Thursday, 5 December 2013

ရွှေသန့်စင်လုပ်ငန်း၏ ဘေးထွက်ဆိုးကျိုးများကြောင့် ပြည်သူလူထု ထိခိုက်နစ်နာနေရမှုအား အရေးယူပေးရန်။

(email ဖြင့် ပေးပို့သော တိုင်စာ)
အမည်..........ဦးပြည့် ဖြိုးအောင်
မှတ်ပုံတင်အမှတ်......၇/တငန(ပြု)၀၀၀၁၆၆
နေရပ်လိပ်စာ............၁၇/၁၇၂၊ဈေးလမ်း၊တောင်ငူမြို့ ။
ဖုန်း..............၀၅၄-၂၃၄၃၃(တဆင့် ခေါ်)

အကြောင်းအရာ ။  ။ ရွှေသန့်စင်လုပ်ငန်း၏ ဘေးထွက်ဆိုးကျိုးများကြောင့်
ပြည်သူလူထု ထိခိုက်နစ်နာနေရမှုအား
အထက် အကြောင်းအရာပါ ကိစ္စနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊
(၁၇) ရပ်ကွက်၊ ဈေးလမ်း အိမ်အမှတ် (၁၇/၁၇၃) နေ ဦးသန်းထိုက်အောင် ဒေါ်အီငု
တို့ ပိုင်ဆိုင်သော (ဆန်းရတနာ ရွှေသန့်စင်လုပ်ငန်း) တွင် အသုံး
ပြုလျှက်ရှိသော ဆာလ်ဖျူရစ်အက်စစ်အငွေ့နှင့်
ရွှေသန့်စင်ရာတွင်အသုံးပြုပြီးေ
သာ စွန့်ပစ်ဒြပ်ပစ္စည်းများကြောင့် ၎င်းပတ်
ဝန်းကျင်ရှိ ဈေးလမ်းနေပြည်သူလူထုများနှင့် ရတနာလမ်းနေ ပြည်သူလူထုများ
များစွာထိခိုက်နေရပါသည်။

အနုပညာလောက နှင့် အာဏာရှင်မိသားစု မူးယစ်ဆေး အရှုပ်တော်ပုံ (၁)

 ၂။ လတ်တလောသတင်းဖော်ထုတ်ချက်အနေဖြင့် ၂ဝဝ၈ ခုနှစ်၊ ရန်ကုန်သင်္ကြန်ကာလအတွင်း မူးယစ်ဆေးဝါး သုံးစွဲ ရေကစားမှုများပြုလုပ်မည်ဟူသော သတင်းများအရ သတင်းပေးများဖြင့် စနစ်တကျ သတင်းတည်ဆောက်ခဲ့ရာ ရန်ကုန်မြို့ အလံပြဘုရားလမ်း ယုဇနဂါးဒင်းဟိုတယ်ရှိ Pioneer Club နှင့် တက္ကသိုလ်ရိပ်သာလမ်းရှိ BME Club တို့တွင် မင်းနိုင်ဆိုသူမှ ECSTASY ဆေးပြားများ ဖြန့်ဖြူးမည်ဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။ သတင်းအရ ရန်ကုန် အရှေ့ပိုင်း မူးယစ်အထူးအဖွဲ့မှ ၁၂-၄-၂ဝဝ၈ နေ့ ၁၄းဝဝ အချိန်တွင် ကမာရွတ်မြို့နယ်၊ ၁ဝရပ်ကွက်၊ ဦးဝိစာရလမ်းနှင့် ချင်းတွင်းလမ်းထောင့်၊ ပင်လုံထိပ်ထားစံအိမ်၊ အခန်း အမှတ် ၈ဝ၄ ရှိ မင်းနိုင်(ခ) စိုးလှိုင်မြတ်၊ ၄ဝ နှစ် (ဘ) ဦးချစ်မောင်အား ECSTASY ဆေးပြား ၆၉ ပြား နှင့် WY စိတ်ကြွဆေးပြား ၄၅ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

၆။ XXXXXXX
(က) အမေရိကန်နိုင်ငံမှ ECSTASY ဆေးပြားများ စီးဝင်ရောက်ရှိမှု
(၁) ၄-၂-၂ဝဝ၅ နေ့တွင် ရန်ကုန်မြို့ရှိ K Paradise Hotel တွင် ရဲကျော် (ခ) ကျော်ကျော်ဝင်းကို
ထံမှ ECSTASY ဆေးပြား ၆ ပြားကိုဖမ်းဆီးရမိခဲ့ပြီး ၄င်း၏နေအိမ်မှ ECSTASY ဆေးပြား ၂၈၆ ပြားကို ထပ်မံဖမ်းဆီးရမိခဲ့၍ ဥပဒေနှင့်အညီ အရေးယူခဲ့ပါသည်။ စစ်ဆေးပေါ်ပေါက်ချက်များအရ ရဲကျော် (ခ) ကျော်ကျော်ဝင်းကိုသည် အမေရိကန်နိုင်ငံသား ခံယူထားသူ မြန်မာလူမျိုးဖြစ်ပြီး အမေရိကန်နိုင်ငံတွင် ပညာသင်ကြားနေသူဖြစ်ပါသည်။ ၂ဝဝ၃ ခုနှစ်မှစ၍ ECSTASY ဆေးပြား ၈၂၅ ပြားကို Centrum ဆေးပြားဘူးများအတွင်း ခိုးဝှက်ထည့်သွင်းပြီး လေကြောင်းဖြင့် အကြိမ်ကြိမ် သယ်ဆောင်ခဲ့ကြောင်းလည်း ပေါ်ပေါက်ခဲ့၍ကျောက်တံတားမြို့နယ် တရားရုံးမှ သေဒဏ်ချမှတ်ခံထားရသူ ဖြစ်ပါသည်။

အနုပညာလောက နှင့် အာဏာရှင်မိသားစု မူးယစ်ဆေးဝါး အရှုပ်တော်ပုံ (၂)


အပိုင်း-၂ *
-------------------------------
၁၁။ ရန်ကုန်မြို့တွင် အဓိကဖြန့်ဖြူးသူ အောင်နိုင် (ဖမ်းဆီးရမိပြီး) ထံမှ စိတ်ကြွဆေးပြားများကို အများဆုံး ဝယ်ယူသူ နောက်တစ်ဦးမှာ ထက်ထက်အောင် (ဘ) ဦးသိန်းဝင်း ဖြစ်ပါသည်။ ၄င်းမှာ လူငယ်များအား ဆေးပြားများကို ရောင်းချပြီး ကိုယ်တိုင်လည်း သုံးစွဲသူဖြစ်ပါသည်။

၁၂။ စိုးမြတ်ကလျာသည် မဖြိုးထံမှလည်းကောင်း၊ ယခင် မဖြိုးထံမှ နောက်ပိုင်းတွင် အောင်နိုင်ထံမှ လည်းကောင်း၊ ၂ လအတွင်း ဆေးပြား ၂ဝဝ ပြား ၃ ကြိမ်ဝယ်ယူခဲ့ပြီး ၂ဝဝ၇ ခုနှစ်၊ သင်္ကြန်အကြိုနေ့တွင် အောင်နိုင်မှ စိုးမြတ်ကလျာ၏ နေအိမ်အဝသို့ ဆေးပြား ၂ဝဝ ပြားကို ကိုယ်တိုင်လာရောက်ပို့ပေးခဲ့ကြောင်း၊ အောင်နိုင်ထံသို့ စိတ်ကြွဆေးပြားဖိုးအကြွေးငွေ ၁၄ သိန်း ပေးရန်ကျန်ရှိနေသေးကြောင်း သိရှိရပါသည်။

အောင်ဇော်ရဲမြင့်

၁၄။ အောင်ဇော်ရဲမြင့် (၂၉/၀၈ နှစ်) သည် အဘဒုတိယဗိုလ်ချုပ်ကြီး ဦးရဲမြင့်၊ အမိ ဒေါက်တာ ဒေါ်တင်လေးမြင့်တို့မှ မွေးဖွားသော မွေးချင်း ၃ ဦးရှိသည့်အနက် ဒုတိယသားဖြစ်ပါသည်။ ရန်ကုန်ဇာတိဖြစ်ပြီး ၁၉၉၆ခုနှစ်တွင် တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီး မန္တလေးတက္ကသိုလ်မှ B.C Tech နှင့် M.C Tech ဘွဲ့ ရရှိခဲ့သည်။

အနုပညာလောက နဲ့ အာဏာရှင်မိသားစု မူးယစ်ဆေးဝါး အရှုပ်တော်ပုံ (၃)


အပိုင်း-(၃)
++++++++++++
ရန်ကုန်မူးယစ်အရှေ့အထူးအဖွဲ့ စစ်ဆေးချက်
စိုးမြတ်သူဇာ (ခ) မစိုး၏ အစစ်ခံချက် (၃ဝ-၄-၂ဝဝ၈)

၁။ အမည် - စိုးမြတ်သူဇာ (ခ) မစိုး
၂။ အသက် - ၁၉၇၁ (၃၇/ဝ၈)နှစ်
၃။ အလုပ်အကိုင် - ရုပ်ရှင်ဗွီဒီယိုသရုပ်ဆောင်
၎။ မှတ်ပုံတင်အမှတ် - ၁၂/ဗဟန (နိုင်)ဝ၆၉၄၉၃
၅။ အဘအမည် - ဗိုလ်မှူးစိုးမြင့် (အငြိမ်းစား)၊ နေရပ် - မ-၁၇၈၊ ရွှေနှင်းဆီ (၆) လမ်း၊ ၉ မိုင်၊ မရမ်းကုန်း
၆။ အမိအမည် - ဒေါ်ကြည်ကြည်ခင်၊ နေရပ် -

အနုပညာလောက နဲ့ အာဏာရှင်မိသားစု များရဲ့ မူးယစ်ဆေးဝါး ပြဿနာ အပိုင်း (၄)


Moe Zay Nyein
အပိုင်း(၄)

(မှတ်ချက် -
အပိုင်း-၁ မှာ ဒီဇာတ်လမ်းတွေရဲ့အစကို ဖော်ပြထားပါတယ်။ ၂၀၀၈ ခုနှစ် သင်္ကြန်မှာ တရားခံတစ်ယောက်ကို စတင်ဖမ်းမိပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာတော့ ၂၀၀၈ ခုနှစ် နှစ်လည်ပိုင်းလောက်မှာ ဖြစ်ပါတယ်။ ဒီတော့ အပိုင်း-၁ ကို မဖတ်မိသူတွေအနေနဲ့ လက်ရှိဖြစ်နေတဲ့ကိစ္စလို့ ထင်နေကြလို့ပါ။ သတိထားကြည့်မယ်ဆိုရင် အစစ်ခံချက်တွေရဲ့ ခေါင်းစဉ်တွေမှာလည်း စစ်ဆေးတဲ့နေ့စွဲတွေကို ပူးတွဲဖော်ပြ ထားတာကို တွေ့နိုင်ပါတယ်။

ဒီဖိုင်တွေကို ကျွန်တော့် ကွန်ပျူတာထဲမှာ သိမ်းထားခဲ့တာ လေးနှစ်ကျော် ငါးနှစ်လောက် ရှိပါပြီ။ ဖေ့စ်ဘုတ်မှာ ဖော်ပြဖို့လည်း မကြာခဏစဉ်းစားဖူးပါတယ်။ ဒါပေမဲ့ ဖိုင်တွေရဲ့ မူလဖောင့်က Win Researcher ဖောင့်တွေဖြစ်နေတာမို့ လက်လျှော့ခဲ့တာပါ။ ဒီအတိုင်းပဲထားရင် ဒိတ်အောက်ကုန်မယ်လို့ စဉ်းစားမိတာမို့ တပည့်တစ်ယောက်ကို အကူအညီတောင်း Zawgyi ဖောင့်ပြောင်းခိုင်းပြီးလို့ ဒီစာတွေ ဖေ့စ်ဘုတ်ပေါ် တင်ဖြစ်တာပါ။

Thursday, 12 September 2013

ချဲ ထီ နဲ့ လောင်းကစားတွေ ဖမ်းဖို့ သမ္မတ ညွှန်ကြားချက်ထုတ် ၊ ပြည်ထဲ ရေး ဝန်ကြီးက ကာချုပ်အမိန့်မရရင် မလုပ်နိုင်ဟု ငြင်းဆို


တရားမဝင် ချဲထီ နဲ့ လောင်းကစားမှုတွေဟာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးမှာ အဓိက အဟန့်အတားဖြစ်နေတယ်ဆိုပြီး သမ္မတက အထူးကြပ်မတ် အရေးယူဖို့ ညွှန်ကြားလွှာထုတ်လိုက်တာပဲဖြစ်ပါတယ် ၊

အဲဒီညွှန်ကြားလွှာကို မွေးရေကျေး ဝန်ကြီး ဦးအုန်းမြင့်က ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီးကိုကို ကို သွားပေးပြီး ပူးပေါင်းဆောင်ရွက်ဖို့ပြောတယ် ၊

အဲဒီမှာတင် ပြည်ထဲရေးဝန်ကြီးက ဒီကိစ္စကို ကာချုပ်မင်းအောင်လှိုင်ဆီက ညွှန်ကြားချက် မရမချင်း စမလုပ်နိုင်ကြောင်း ၊ ဒီအတိုင်း တကယ်လျှောက်ဖမ်းလိုက်ပါက ပြည်နယ်တိုင်းဝန်ကြီးချုပ် အငြိမ်းစာ ဗိုလ်ချုပ်ကြီးတွေ နဲ့ ပါ ထိပ်တိုက်တွေ့လာနိုင်ကြောင်း ၊ ဒီနေရာမှာ

Saturday, 24 August 2013

သံပရာခွံ အသုံးဝင်ပုံ

သံပရာခွံအသုံးဝင်ပုံကို အင်တာနက်ပေါ်မှာ ဖတ်မိတယ်။ လက်တွေ့စမ်းသပ်ချင်သူများအတွက် ပြန်မျှဝေပါတယ်။

အရည်ညှစ်ပြီးသား သံပရာခွံကို မပစ်ထုတ်ဘဲ ခွက်တစ်လုံးထဲထည့် ရေနွေးလောင်းထည့်ပြီး သံပရာရေနွေးကြမ်းအဖြစ် သောက်နိုင်ပါတယ်တဲ့။

သံပရာခွံကို ရေခဲသေတ္တာထဲထည့်ထားရင် ရေခဲသေတ္တာကို အနံ့အသက် ကင်းစင်စေသတဲ့။

သံပရာခွံကို ၁ဝမိနစ်လောက် မီးကင်ပေးရင် တစ်အိမ်လုံး သံပရာနံ့မွှေးစေနိုင်သလို အဲဒီအနံ့ကိုမနှစ်သက်တဲ့ ပိုးဟပ်တွေကိုလည်း အဝေးကို ပြေးစေနိုင်သတဲ့။ အဲဒီမီးကင်ပြီးသား သံပရာခွံကိုပဲ ကြောင်အိမ်ထောင့်တွေမှာ ထည့်ထားရင်လည်း ပိုးဟပ်တွေကို တားဆီးနိုင်သတဲ့။

ကုန်ကျစရိတ်သက်သာတဲ့နည်းမို့ စမ်းသပ်ကြည့်နိုင်ပါတယ်... စကားမစပ် လက်သည်းမှိုတက်ရင် ဘယ်လိုကုရမလဲလို့ တစ်ယောက်က ကော်မန့်ကနေ မေးထားပါတယ်။ လက်သည်းမှိုဆိုတာ ဘယ်လိုမျိုးလဲ ကျွန်မ မသိလို့ သိတဲ့လူရှိရင် ဖြေပေးကြပါလို့ တောင်းဆိုပါတယ်။ ကျေးဇူး.. 

Wednesday, 29 May 2013

ရဲတိုက်ဆန္ဒထုတ်ဖော်ခြင်းနှင့်St.Mary Cathedralသတင်းထုတ်ပြန်ချက်

စိန်မေရီကာသီဒြယ်ဘုရားကျောင်းတော်ကြီးသည်ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ၏ ၏အထွဋ်အမြတ်ထားရာဝတ်ပြုကိုးကွယ်သည့်နေရာဖြစ်သည်။ နံနက် ၈း၃၀နာရီမှ နေ့ လည်၁၂း၀၀နာရီအထိတစ်ကြိမ်၊ မွန်းလွဲ ၂း၀၀နာရီမှ ညနေ ၆း၀၀ နာရီအထိတစ်ကြိမ်၊ ဘုရားဖူးဘာသာတူများနှင့် လာရောက်လေ့လာသူများနှင့် ၀တ်ပြုဆုတောင်း သူများ အတွက် နေ့စဉ်ဖွင်လှစ်ပေးထားပါသည်။ မည်သည့်လာရောက်လေ့လာ၊ ၀တ်ပြုကိုးကွယ်သူ မည်သူမဆိုလူမျိုးဘာသာ မခွဲခြားဘဲ လွတ်လပ်စွာလာရောက်ခွင့်ပြုထားပါသည်။ ရှေးဟောင်းအဆောက်အဦ်းဖြစ်သည်နှင့်အညီ ထူးဆန်းသောဗိသုကာလက်ရာများတည်ရှိရာနေရာဖြစ်ရာ၊ ဗိသုကာပညာရပ်ကိုစိတ်ဝင်စား သောသူများနှင့် ပညာရှင်များလည်းလာရောက်လေ့လာလေ့ရှိပါသည်။ မည်သည့်ဘာသာရေးအဆောက်အဦးမဆို၊ တစ်သီးတစ်ခြားသတ်မှတ်ထား သည့် ဓါတ်တော် မွေတော်များထားရှိရာ သန့် ရှင်းသောနေရာများရှိတတ်ကြပါသည်။ ဤကဲ့သို့သောနေရာများသို့ ၀င်ရောက်ခြင်းကိုအထူးကြပ်မတ် စောင့်ရှောက်ထားပါသည်။

အ၀လွန်သူများ အတွက် ရှောက်ရွက်၏ အစွမ်း

 

 အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသော အမျိုးသမီးများ အတွက် ပထမဦးစွာ ရှောက်ရွက် ကြမ်းများကို ရှာထားပါ။
ပုလင်း တစ်လုံးစီတွင် ရိုးရိုး သကြားသုံးဇွန်း (ဟင်းစားဇွန်း) စီထည့် ရပါမည်။ ပုလင်းများ တစ်လုံးစီတွင် ရှောက်၉ရွက် စီထည့်ပေးပါ။ေ၇ကျက်အေးများ ပုလင်းထဲသို့ အပြည့် ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက် လှန်းပေးပါ။ ကိုးရက်စေ့လျှင် ဆေးဝါးအဖြစ် သုံးနိုင်ပြီ။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် အဆိုပါေ၇ှာက်၇ွက် ဆေးရည်ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်ကို မှန်မှန် သောက်သုံး သွားပေးပါ။

တစ်လနှစ်လ ရှိသောအခါ အမျိုးသမီးများ ခါးသေးရင်ချီပြီး အဆီပို ဗိုက်ရွှဲမှုများ ကျသွား၍ အသားအရေ စစ်သွားပါမည်။ အဆီကျ ဓာတ်စာဆေးများ စားခြင်းထက် စိတ်ချရသော ရိုးရာ ဆေးနည်း ဖြစ်ပါသည်။ မှန်မှန် သောက်သုံးခြင်းဖြင့် အသည်း အဆီဖုံးခြင်းနှင့် နှလုံးအဆီ ပိတ်ခြင်း တို့မှလည်း သက်သာ ပျောက်ကင်း စေပါသည်။

Sunday, 28 April 2013

မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ



၁။ ။ ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်း တစ်ဦးနဲ့ နှစ်ယောက်တည်း တူတူတက်ရဖို့ အခြေအနေကြုံလာခဲ့မယ်ဆိုရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကားထဲကို ဝင်လိုက်ပါ... ပြီးရင် ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ... ဥပမာ ကိုယ်သွား ရမယ့်အထ ပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ အကုန်နှိပ်ထားလိုက်ပါ... အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး....