Thursday 12 September 2013

ချဲ ထီ နဲ့ လောင်းကစားတွေ ဖမ်းဖို့ သမ္မတ ညွှန်ကြားချက်ထုတ် ၊ ပြည်ထဲ ရေး ဝန်ကြီးက ကာချုပ်အမိန့်မရရင် မလုပ်နိုင်ဟု ငြင်းဆို


တရားမဝင် ချဲထီ နဲ့ လောင်းကစားမှုတွေဟာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးမှာ အဓိက အဟန့်အတားဖြစ်နေတယ်ဆိုပြီး သမ္မတက အထူးကြပ်မတ် အရေးယူဖို့ ညွှန်ကြားလွှာထုတ်လိုက်တာပဲဖြစ်ပါတယ် ၊

အဲဒီညွှန်ကြားလွှာကို မွေးရေကျေး ဝန်ကြီး ဦးအုန်းမြင့်က ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီးကိုကို ကို သွားပေးပြီး ပူးပေါင်းဆောင်ရွက်ဖို့ပြောတယ် ၊

အဲဒီမှာတင် ပြည်ထဲရေးဝန်ကြီးက ဒီကိစ္စကို ကာချုပ်မင်းအောင်လှိုင်ဆီက ညွှန်ကြားချက် မရမချင်း စမလုပ်နိုင်ကြောင်း ၊ ဒီအတိုင်း တကယ်လျှောက်ဖမ်းလိုက်ပါက ပြည်နယ်တိုင်းဝန်ကြီးချုပ် အငြိမ်းစာ ဗိုလ်ချုပ်ကြီးတွေ နဲ့ ပါ ထိပ်တိုက်တွေ့လာနိုင်ကြောင်း ၊ ဒီနေရာမှာ
သူ ကြားအညပ် မခံနိုင်ကြောင်း ပြန်ပြောတယ်လို့ သိရပါတယ် ၊

တကယ်တမ်းပြောရရင် အဲဒီ ချဲထီ နဲ့ လောင်းကစားလုပ်ငန်းတွေဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ထမင်းအိုး ဟင်းအိုးကြီးလိုဖြစ်နေပါတယ် ၊ ဒါတင်မကပါဘူး ပြည်နယ်တိုင်းမှာ အုပ်ချုပ်သူတွေ ဝန်ကြီးချုပ်တွေအထိ ဆပ်ကြေးတွေ မျှယူနေတဲ့

သက်တော်ရှည်လုပ်ငန်းကြီးတစ်ခုလည်း ဖြစ်နေပြန်ပါတယ် ၊

ဒီတစ်ခေါက်တော့ သမ္မတနဲ့ ကာချုပ်တို့ ထိပ်တိုက်တွေ့ကြပြီလို့ ထင်ပါတယ် ၊ သမ္မတကြီးက မြန်မာပြည်တိုးတက်ဖို့ တကယ်လုပ်မှာလား ၊ နိုင်ငံခြားက ပိုက်ဆံတောင်းကောင်းအောင် အပေါ်ယံ အရေပြား အယားပြေလုပ်မှာလား ပိတ်ကားပေါ်မှာ ဆက်ကြည့်ကြရပါမယ် ၊

မြန်မာပြည်က ကျနော့် အစ်ကိုအစ်မတွေ မနက်မနက် ဈေးသွားရင် လက်ဘက်ရည်ဆိုင်သွားရင် ချဲထိုးလို့ရသေးလား ဘောလုံးပွဲလောင်းလို့ရသေးလား မေးကြည့်ကြရအောင် ၊ သမ္မတကြီးရဲ့ ညွှန်ကြားချက်က တကယ်လား အင်လား သိရတာပေါ့ ၊

ဒါ နဲ့ မြန်မာပြည်စံတော်ချိန် နဲ့ ဆို ဒီနေ့ည မန်ယူ နဲ့ ချဲလ်ဆီး ပွဲမှာ ဘယ်ဘက်က ဘယ်ကြေးပေါက်နေသလဲဟင် !
 

  • Song Black ရသမျှ တွေ က under ground ပါ ၊၊ တရားဝေ် ခွေ့် ပြု ပြီး အခွန်ယူ သေ့်ပါတယ် ၊၊ ရဲ က ဒုစရိုက် ကို မွှေးပေးထားတါပါ သေချာတွေးရေ် မိုက်ကြေးခွဲ ထားတါပဲ ဗျ
  • Sayar Than ဒီသတင်းမဖြစ်နိုင်ပါ မွေးရေဝန်ကြီးကပြည်ထဲရေးဝန်ကြီးကိုသွားညှိမည်မထင်ပါ အပတ်စဉ်(၁၇)နှင့်(၁၉)ပါ အစိုးရအဖွဲ့အစည်းအဝေးမှာ သမတရှေတွင် ပြောနိုင်ဆွေးနွေးနိုင်ပါသည် ဖွသည့်သတင်းဖြစ်နိုင်ပါသည်
  • Hein Kyaw သမ္မတကပြောဆိုလို့မပြီးဘူးလား?ဘာလုပ်ခန့်ထားသေးလဲ။ရေးထားတဲ့အခြေခံဥပဒေကလိုရာရေးဆွဲထားတော့အခုလိုဖြစ်တော့ရှက်စရာဖြစ်မနေဘူးလား
  • Max Man တကယ်လို့သာ လောင်းကစားမှု့ ပပျောက်အောင်လုပ်မယ်ဆို လက်နက်ကိုင် အုပ်ချုပ်သူအတန်းအစားတစ်ရပ်ဟာ ခွက်ဆွဲတောင်းစားရကိန်းဆိုက်သွားမယ် ကြီးတာရော ငယ်တာရော.....
  • Htet Win Aung ၁၇မကလို့  ၇လည်း ၁၉ဆီသွားရမှာဘဲ ဟိုက ပြည်ထဲရေးလေ ဖမ်ဖို့ ဆီးဖို့ အတွက် အခရာကျလို့ သွားရမှာပေါ့ Commandက ပြည်ထဲရေးကဘဲ ထွက်တာ. . . နအဖခေတ်ကလို မဟုတ်တော့ဘူး ဝန်ကြီးဌာန အင်္ဂါစဉ်မှာ ပြည်ထဲရေးက နံပါတ်နှစ်ပါ
  • ချစ် သမီး အဲ့ဒီ့အကြောင်းကိုဂျာနယ်တွေကအင်တာဗျူးပြီးပြည်သူတွေကိုမြင်သာအောင်ဆောင်ရွက်ပေးပါ။
  • Bosayar Thakhin မွှေ ရေ ကြွေး ဟုတ်ပေါင် ရေမြွေကြီး ဒါလဲဟုတ်သေးဘူး ကြေးမွေးရေ ဟဲ့ ဘယ်လိုဝန်ကြီးတုံးဟ....
  • Nyoyes Nyo ဒါဆို သမတ္တကြီးရဲအထက်ကကာချုပ်မင်းအောင်လှိုင်ရှိတာပေါ့။
  • U Khin Mg Kyi If it's true ,it's quite hard to imagine who the real boss is .
  • Zam Bo တို့ သမ္မတ လည်းတော်တော်သြဇာညောင်းပါလားကွယ်
 

No comments: