Saturday 8 March 2014

လူကြီးလူကောင်းဆန်ပါစေ


မာလာယု၊ မေယု၊ မန္တလေး

၁။ မန္တလေးမှာ လက်နက်တွေ ဆက်တိုက်မိတယ်ပြောတာပဲ။ Assault Riffles ပါမပါ သတိမထားမိတာ အမှန်ပါပဲ။ ကျည်ကာအင်ကျီတွေ၊ လေးခွတွေ၊ ဓားရှည်တွေ ပါတာတော့ တွေ့မိတယ်။ တကယ်လို့ လက်နက်များကို အမှန်တကယ် ရှာဖွေတွေ့ရှိမယ်ဆိုရင် မာလာယု၊ မေယု၊ မန္တလေးဆက်နွှယ်မှုကို သတိပြုရပါလိမ့်မယ်။ ဒါပေမဲ့ တွေ့ရှိတဲ့လက်နက်များဟာ မြန်မာအိမ်မှာလည်းပဲ ရှိတဲ့ လက်နက်များဆိုရင် ဒါဟာ တဖက်သတ် ဖြစ်သွားပါတယ်။ (၆)လက်မထက် ရှည်တဲ့ ဓားကို သိမ်းထားရင် ဥပဒေအရ ညိပေမဲ့ မြန်မာအိမ်အတော်များများမှာ အဲဒီလိုဓားမျိုး ရှိပါတယ်။ ဟုတ်ရင် ဖမ်းတာဆီးတာ ကောင်းပါတယ်၊ မဟုတ်ရင်တော့ ဒါက ဖိနှိပ်တာပဲ ဖြစ်တယ်။

မျိုးညစ်များ နေမထိထိုင်မသာ

၂။ Bimstec တတိယထိပ်သီးညီလာခံကို တက်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က သမ္မတဦးသိန်းစိန်နဲ့ သီးခြားတွေ့ဆုံရာမှာ ဘင်္ဂလီဒုက္ခသည်များကို ပြန်လက်ခံဖို့ တိုက်တွန်းခဲ့ရာ သမ္မတသိန်းစိန်က လက်မခံဘဲ ပယ်ချခဲ့ကြောင်း သမ္မတရုံးက ပြောတယ်။ ဒုက္ခသည်အရေးကို သီးသန့်ဆွေးနွေးဖို့ သမ္မတသိန်းစိန်က လက်ခံခဲ့ကြောင်း ဘင်္ဂဂလားဒေ့ရှ်အစိုးရရုံးက ထုတ်ဖော်ပြောကြားခဲ့ပေမဲ့ သိန်းစိန်ရုံးက မဟုတ်မှန်ကြောင်း ငြင်းဆိုသွားတယ်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တွေ့ခဲ့ရာ ပြောဆိုချက်များကို မသိရလို့ ရဲမိုးတို့လို မျိုးညစ်၊ စစ်ဖွတ်လော်ဘီအချို့က နေမထိထိုင်မသာ ဖြစ်လျက်ရှိကြောင်း သိရတယ်။

မြန်မာနိုင်ငံဖွဲ့စည်းပုံက အကောင်းဆုံးဖွဲ့စည်းပုံများကနေ ကူးယူခဲ့ကြောင်း ရွှေမန်းဆို

၃။ ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းက လက်ရှိ ၂၀၀၈-ခုဖွဲ့စည်းပုံဟာ အမေရိကန်၊ ဗြိတိန် အစရှိတဲ့ ဒီမိုကရေစီနိုင်ငံများရဲ့ ဖွဲ့စည်းပုံများက ကောင်းကွက်တွေကို ယူငင်ပြီး ရေးဆွဲထားခဲ့ကြောင်း၊ ဒါပေမဲ့ မြန်မာနိုင်ငံအခြေအနေနဲ့ မကိုက်ညီလို့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းအဆင်မချောခဲ့ကြောင်း၊ လွှတ်တော်ရဲ့ ဥပဒေပြုရေးကို အစိုးရက ဝင်စွက်ကြောင်း၊ ၂၀၁၅-ခုရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီက အလျှော့ပေးမှာမဟုတ်ကြောင်း၊ ၂၀၁၅-ခုနောက်ပိုင်း ဖြစ်ပျက်မဲ့အကြောင်းအရာကို သိပေမဲ့ ပြောပြဖို့ အချိန်မကျသေးကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတယ်။ အကောင်းဆုံးဥပဒေနဲ့ အကောင်းဆုံးလွှတ်တော်၊ အကောင်းဆုံးရှေ့ဖြစ်ဟောနိုင်သူ ရှိနေလို့ မြန်မာနိုင်ငံ စည်ပင်ဝပြောပါစေ။ 

လူထက်ကြီးတဲ့စကားကို ပြောတဲ့ မင်းအောင်လှိုင်

၎။ ACDFIM အစည်းအဝေးမှာ ပထမဆုံးအနေနဲ့ မြန်မာ့အလင်း အစရှိတဲ့ အစိုးရပိုင်မီဒီယာများနဲ့ ပွဲထွက်လာတဲ့ ကာချုပ်မင်းအောင်လှိုင်က အရှေ့တောင်အာရှလုံခြုံရေးရပ်ဝန်း အတော်အသင့်တည်ငြိမ်လျက်ရှိကြောင်း၊ ဒေသတွင်းစိန်ခေါ်မှုများမှာ အာဆီယံတပ်မတော်များ ပူးပေါင်းဆောင်ရွက်ဖို့ လိုကြောင်း၊ သဘာဝ ဘေးဒုက္ခများ၊ အကြမ်းဖက်မှုများ၊ ပင်လယ်ပြင် လုံခြုံရေးနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၊ ကူးစက်ရောဂါများ၊ အစားအစာနဲ့ စွမ်းအင်လုံခြုံရေး၊ Human Security၊ ဆိုက်ဘာရာဇဝတ်မှုများ၊ ရာသီဥတုဖောက်ပြန်မှု၊ ကမ္ဘာကြီး ပူနွေးလာမှုလို သမားရိုးကျ မဟုတ်တဲ့ လုံခြုံရေးခြိမ်းခြောက်မှုများအတွက်လည်း အာဆီယံတပ်မတော်များက ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး တရုတ်နဲ့ ကျွန်းစုပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ နိုင်ငံများဟာ မိမိတို့တစ်နိုင်ငံချင်းသာ ဖြေရှင်းကြဖို့ မင်းအောင်လှိုင်က ပြောကြားခဲ့ရာ အာဆီယံတပ်မတော်ခေါင်းဆောင်တွေ ပါးစပ်အဟောင်းသာ ဖြစ်ရပါတော့တယ်။

လက်နက်တွေ ဖမ်းမိတယ် (good!)။ ဘင်္ဂလီဒုက္ခသည်ကို လက်မခံဘူး (very good!)။ အကောင်းဆုံးဖွဲ့စည်းပုံကို ရထားတယ် (great!)။ အရှေ့တောင်အာရှလုံခြုံရေးအတွက် မြန်မာ့တပ်မတော်က ပူးပေါင်းပါဝင်မယ် (Excellent!)။

ဒါပေမဲ့ဗျာ ... မြန်မာပြည်သူတို့ရဲ့ ဘဝဟာ ဒုံးရင်းနဲ့ အရင်းအတိုင်းပဲဆိုတာ သိကြစမ်းပါဗျာ။ ရွှေပလ္လင်ကို ရွှေချပြီး အကြွေးရှင်ကို ပုဆစ်တုပ်ထိုင်မရှိခိုးရုံတမယ် ရိုကျိုးနေပုံဟာ လွန်စွာ တင့်တယ်လှပေစွတကား။
Like ·  ·  · Yesterday at 12:25 · 

No comments: