Wednesday 6 February 2013

Silica Gel အသုံးဝင်ပုံ..


ကင်မရာ၊ ဖုန်း၊ သားရေဖိနပ် စတဲ့ ပစ္စည်းတွေ ၀ယ်တဲ့အခါ အထဲမှာ Silica Gel လို့ခေါ်တဲ့ အဖြူရောင် အထုပ်လေး တွေတွေ့ ရ တတ်ပါတယ်။ စားမိရင် အန္တရာယ် ရှိတော့ လွှင့်ပစ်တာ များပါတယ်။ ဒါပေမဲ့ သူ့ရဲ့တခြား အသုံးဝင်ပုံ တွေက စားစရာနဲ့ အရာဝတ္ထုတွေကို ခြောက်သွေ့ပြီး လတ်ဆတ်နေအောင် လုပ်တဲ့နေရာမှာ၊ သားရေဖိနပ်၊ဂျာကင်စတဲ့ သားရေပစ္စည်း တွေကို မှိုတက်တာက ကာကွယ်တဲ့ နေရာမှာ၊ လျှပ်စစ် ပစ္စည်းတွေကို အပျက် မြန်စေတဲ့ ရေငွေ့ ပြန်ခြင်း ရန်က ကာကွယ်တဲ့ နေရာမှာ၊ အားဆေးဗူးတို့၊ သကြားဗူးတို့ကို အစိုပြန်တာက ကာကွယ် ပေးတဲ့ နေရာမှာ၊ မီးဖိုချောင်သုံး ပစ္စည်းတွေ ဖြစ်တဲ့ ဓါး၊ကတ်ကြေး စတာတွေကိုလဲ သံချေးတက် တာကနေ ကာကွယ်ပေးတဲ့ နေရာတွေမှာ အသုံးဝင်ပါတယ်။ ကဲ ဒီလောက် အသုံးဝင်တဲ့ ပစ္စည်းကို ဘာဖြစ်လို့များ လွှင့်ပစ် နေဦးမလဲ။ သိမ်းထားပြီး လိုတဲ့အခါ အသုံးချရုံပေါ့။ ထပ်ခါ တလဲလဲသုံးလို့ အစွမ်းပြယ် သွားမှာကိုလဲ စိတ်မပူနဲ့နော်။ မီးအေးအေးလေးနဲ့ ၁နာရီလောက် အပူပေးပြီး အခြောက်ခံ လိုက်ရင် နောက်ထပ်၊ နောက်ထပ် အသုံးပြုလို့ ရပါသေး တယ်ဗျာ။
written by Ne Myae
source: lifehacker, image: lifehacker
Like · · Share

  • Htet Aung Pe and 290 others like this.
  • Ei Ko ကတ်ကြေးသံချေးတက်တာကို အဲဒါနဲ့  ဘယ်လိုသုံးရမှာလဲ..
  • Myanmar Youth Media Club silica ကခြောက်သွေ့အောင် ရေငွေ့ ကိုစုပ်ယူပြီး ထိန်းထားနိုင်တဲ့ အစွမ်း ရှိတာကြောင့် သံချေးတက်တာက ကာကွယ်ပေး နိုင်တဲ့ သဘောပါ။
  • Win Htut အသစ်ဝယ်လိုက်လေ.....
  • Soe Yu မီးကို အေး သွားအောင်ဘယ်လိုလုပ်ရမလဲ
  • Lay Naing ရေခဲသေတ္တာမရှိဘူးလားမီးကိုထည့်ထားဖို့
  • Moon Min ရေခဲစိမ်လိုက်လေ
  • Desiree Kim thanks နောက်လွှင့်မပစ်တော့ဘူး
  • GI Shwe Htoo Lay Naing ဒါ နောက်စရာလား ရေခဲသေတ္တာပျက်သွားရင် မင်း လျော်နိုင်လို့လား
  • Phu Myat Thwe ဟာ အခုမပဲသိတော့တယ်
  • Chitchinmoneman Chitchinmoneman အ၇မ်းကျေးဇူးတင်ပါတယ်
  • May Lay တော်ပါတယ်..နာ့အကိုကြီးး...
  • Sittie Ag ကလေးတွေမသိပဲ စားမိရင် အန္တရာယ်ရှိတယ်နော်...( မပြောမရှိနဲ့ ) စားမိလို့ ဆေးရုံရောက်ရင်တော့ သိတဲ့အတိုင်းပဲ သိန်းချီကုန်မှာနော်....
    ( အနော်က ချိုးရိမ်ရို့ကျောတာဘာ.. )
  • Pyi Soe Hein Silica galကိုTransformerမှာလည်းဆီအခြေအနေကြည့်ဖို့အတွက်လည်းသုံးကြပါတယ်။
  • Pyi Soe Hein မိတ်ဆွေတို့Transformerအပေါ်မှာအနီရောင်ခရမ်းရောင်အစေ့ဘူးလေးဟာ လည်းsilica gal ပါပဲ
  • Ei Ko မသိလို့ မေးတာကို
    သူတို့ ကလည်း ပြောမယ်ဆိုတာချဉ်းပဲ..
  • Thin Myat Zaw စောက် ရမ်ဘဲ၊သူများအကြံပြုချက်ကို မကြိက်ရင် အသာနေ ဘာ
  • Moe Thu Naing အရင်က သိဘူး။ ကျေးဇူး

No comments: