Monday 21 January 2013

ခေါင်းနှစ်လုံးရှိတဲ့ ကြက်လေးတစ်ကောင်

ခရစ်ရှန်ဘုန်းတော်ကြီးက ပြောကြားရာမှာ ခေါင်းနှစ်လုံးရှိတဲ့ ကြက်လေးတစ်ကောင်ဟာ ခေါင်းကြီးက ခေါင်းသေးကို ဘာလုပ်လုပ် ဘာစားစား အမြဲတမ်း အနိုင်ယူလေ့ရှိတယ် ခေါင်းသေးလေးဟာ တစ်နေ့ စိတ်ဓါက်ကြပြီး လောကကြီးမှာနေလိုစိက် မရှိတာကြောင့် အဆိပ်တုံးကို စားပစ်လိုက်တယ်တဲ့ အဲဒီတော့ ခန္တာကိုယ်တစ်ခုထဲဖြစ်နေတဲ့အတွက် ခေါင်းကြီးပါ လိုက်သေရတော့တယ် ဒါကြောင့် ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးစုတွေဟာ လူမျိုးအပေါ်၎င်း၊ ဘာသာအပေါ်၎င်း၊ မတူဘူးဆိုပြီး အင်အားကြီးသူက အခြင်းခြင်းအပေါ် အနိုင်ကျင့်ကြလျှင် ဒီတိုင်းပြည်ကြီးဘဲပျက်စီးသွားမှာပါ ဒီတော့ စည်းလုံးကြပါ ညီညွက်ကြပါ ဖေးမကူညီပြီး တိုင်းပြည်တိုးတက်ဖို့ အတူလက်တွဲပြီး ပူးပေါင်းတည်ဆောက်ကြပါလို့ သွန်သင်ဆုံးမလိုက်ပါသည်။ (၀င်းကို) ၁၃-၁-၂၀၁၃

No comments: