Wednesday 23 January 2013

တရုတ်ပြည်မှ ကျောက်ကပ် သူခိုးများ အကြောင်း... သိကောင်းစရာ


တရုတ်ပြည် စီချောန် သက္ကသိုလ်က ကျောင်းသူလေးဟာ တညတော့ ပါတီပွဲ တခုကို သွားခဲ့တယ်။ ပျော်သလို ရှိတာနဲ့ ၀ိုင်အရက်တွေ အလွန်အကျွံသောက်ဖြစ်တယ်။ အဲဒီမှာ ဖေါ်ရွယ်စရာ ကောင်းတဲ့ ကောင်လေး တစ်ယောက်နဲ့ စကားစမြည်ပြောပြီး ခင်သွားတယ်။ နောက်တော့ ဟိုတယ်လ် တခုမှာ တညတာ အတူတူ အချိန်ဖြုန်းဖို့ သဘောတူလိုက်ပါတယ်။

ခေတ်မီခန်းနားတဲ့ ဟိုတယ်လ်ရဲ့ ဇိမ်ခံအခန်းတခုငှား လိုက်ကြတယ်။ ထပ်သောက်ကြတယ်။ နောက်သိပ်မကြာတော့ အိပ်ပျော်သွားပါပြီ။
ပြန်နိုးလာတော့ သူ့ခန္ဓာကိုယ် တခုလုံး ရေချိုးဇလုံ (ကန်) ထဲမှာ ရေခဲတုံးလေးတွေကြား မြုပ်နေတယ်။

ရေချိုးဇလုံ (ကန်) ဘေးမှာ အနီရောင်စာရွက်တခု မှာ စာရေးထားတာ တွေ့လိုက်တယ်။

"ခင်များ သေခါနီးနေပြီ၊ ၁၂၀ ကို အမြန်ခေါ်လိုက်" လို့ရေးထားပြီး ဘေးနားမှာ သူ့ဖုန်းအဆင်သင့် ချထားပေးတယ်။

၁၂၀ ကိုခေါ်လိုက်တော့ ဒေါက်တာ တစ်ယောက် ကိုင်တယ်၊ သူ့အကြောင်းတွေ ရှင်းပြတော့ အဲဒီ ဒေါက်တာက "ခင်များနောက်ကျောဖက်မှာ စမ်းကြည့်လိုက်ပါ" လို့ပြောတယ်။ စမ်းကြည့်လိုက်တော့ ၉ လက်မလောက်ကျယ်တဲ့ ဓါးဒဏ်ရာ နှစ်ခု တွေ့လိုက်တယ်။

ဒေါက်တာက ချက်ချင်းပဲ အဲဒီ ရေခဲရှိတဲ့ ရေချိုးဇလုံ (ကန်) ထဲမှာ ပြန်မှောက်နေလိုက်ပါ၊ လို့ ညွန်ကြားလိုက်တယ်။

ကယ်ဆယ်ရေး အဖွဲ့ရောက်လာပြီး စစ်ကြည့်လိုက်တော့ သူ့ရဲ့ ကျောက်ကပ် နှစ်ခုစလုံး အခိုးခံထားရတာပါ။

အင်အားကောင်းတဲ့ မူးယစ်ဆေး နဲ့ ရေခဲအစွမ်းဟာ လူကို မနာကြင်စေဘူး လို့ ဆိုပါတယ်။

သူမလဲ ဆေးရုံမှာ ကျောက်ကပ်အလှူရှင်စောင့်နေရင်း မကြာခင် ဆုံးသွားပါတော့တယ်။

ဒီလို ကျောက်ကပ်ဟာ တရုတ်ပြည်ရဲ့ မှောင်ခိုဈေးမှာ အမေရိကန် ဒေါ်လာ ၃ သိန်းလောက် ပေါက်ဈေးရပါသတဲ့။

ရဲဌာက သတိပေးထားတာက အထူးလေ့ကျင့်ထားတဲ့ မှောင်ခိုသမားများဟာ တရုတ်ပြည်ရဲ့ မြို့ကြီးတွေမှာ ပုံစံမျိုးစုံ နဲ့ သားကောင်များကို လိုက်နေကြပါတယ်၊ သတိထားကြပါ၊ တဲ့။ အထူးသဖြင့် အမူးလွန်တတ်တဲ့ မိန်းကလေးများကို ပစ်မှတ်ထားတတ်လေ့ ရှိတယ်၊ လို့ဆိုပါတယ်။

Source: http://www.bubblews.com/news/52295-young-women-and-men-tourists-students-and-to-all

  • အလင်း ရောင် လေး ဒီအဖြစ်ပျက်ကိုယုံကြည်တာ မယုံကြည်တာထက် ခုခောတ်မြန်မာအမျိုးသမီးလေးများပါတီသွားသောက်ကြပျော်ကြနှင့် အမူးလွန်၍အသိပျောက်ပါက ဘဝ ဒုက္ခနှင့်လှလှတွေ့ နိုင်ပါကြောင်း
  • အလင်း ရောင် လေး ဒီသတင်းမှန်တယ်မမှန်ဘူးဆိုတာထက် ခောတ်ရှေ့အလွန့် အလွန်ပြေးချင်နေသော မြန်မာမလေးများ အတုယူနိုင်ပါစေ ကျောက်ကပ်မဟုတ်တောင် ဘဝကတော့ တစစီဖြစ်သွားနိုင်ပါသည်
  • Thurein Hlaing Win ဒီပာာကို ယုံတဲ့သူတွေကလည်း ယုံနေသေးတယ်။ LOL ကျောက်ကပ်နှစ်ဖက်လုံးမရှိသေးဘဲ သူအသက်ရှင်နေတာ အံသြဖို့ကောင်းတယ်နော။ နောက်ပြီး ယူတဲ့သူတွေကလည်း အပြတ်မရှင်းဘဲ ချမ်းသာပေးသေးတယ်နော်။ ပာားပာား ချင့်ယုံကြပါဗျာ။ ဒီလိုမျိုးတွေမရှိဘူးမပြောပါဘူး။ ဒါပေမယ့် ဒီဇာတ်လမ်းကြီးက ယုတ္တိကင်းမဲ့လွန်းပါတယ်။
  • Phyu Win ပာုတ်တာမပာုတ်တာအပထား ပြီးမြန်မာမိန်းကလေးတွေရဲတင်းပွင့်လင်းလာတာ ကတော့ကောင်းတဲ့လက္ခဏာမပာုတ်ပါဘူး။သမီး မိန်းကလေး မွေးထားသူတွေရင်မအေးနိုင်တော့ပါ။
  • Jasmine White ကောင်မလေးတွေတင်မဟုတ်ပါဘူး..လူတိုင်းသတိရှိသင့်ပါတယ်...ဘယ်လိုထောင်ချောက်နဲ့ လာမလဲဆိုတာ ကြိုတင်မသိနိုင်ပါဘူး....ဈာန် ကျေးဇူးပါ...
  • Poppop Pop မိန်းကလေးတင်မဟုတ်ပါ။ ယောင်္ကျား လေး များလည်း ကျောက်ကပ်အခိုးခံ နိုင်ရပါသည်။

2 comments:

Unknown said...

ဆင်ခြင်သင့်တာတွေကိုသိရတာပေါ့

Unknown said...

စေတနာသည် လူတိုင်အတွက်မဟုတ်ပါ