Saturday 17 November 2012

နိုင်ငံတော် အစိုးရရဲ့ စေတနာထားပါတယ် ပြည်သူအတွက် အရှုံးခံလုပ်နေပါတယ်ဆိုတဲ့ ပဏာစကားကြားရင် ရွံ့မုန်းလာတာကိုလည်း အပြစ်ပြောလို့ မရပါဘူး.


မြန်မာနိုင်ငံမှာ အရင်က မကြာခဏ ကြားရတဲ့ အစိုးရက အကုန်အကျခံ လုပ်ပေးနေတယ် အရှုံးခံ လုပ်ပေးနေတယ်ဆိုတဲ့ ပဏာစကားတွေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ကာလ အတွင်းမှာ မကြားချင်မှ အဆုံးပဲ ဖြစ်ပါတယ်.... ရလာဘ်အနေနဲ့ ပြည်သူတွေဟာ ဖုန်းတွေ အင်တာနက်တွေကို ဈေးကြီးကြီးပေးပြီး ၀ယ်သုံးခဲ့ရပါတယ်.... ဆက်သွယ်ရေးက တာဝန်ရှိသူတွေ ချမ်းသာပီးရင်း ချမ်းသာသွားကြပါတယ်......


လူတစ်ဦးတစ်ယောက်၊ အစိုးရတစ်ဖွဲ့ရဲ့ လုပ်ရပ် မမှန်ဘူးဆိုတာ အချိ
န်နဲ့ နောက်လူတွေက သက်သေပြနေပါတယ်...... အခုလည်း အရင်အစိုးရလက်ထက်က ပြည်သူအပေါ် စေတနာနဲ့ အရှုံးခံလုပ်ခဲ့တာမှန်သမျှဟာ အလွဲသုံးစားမှုပေါင်း မြောက်များစွာနဲ့ အခုအစိုးရလက်ထက်ကို လွှဲပြောင်းပေးခဲ့တာ နောက်ဆုံးထွက်ပေါ်လာတဲ့ စာရင်းစစ်ရလာဘ်တွေက သက်သေပဲ ဖြစ်ပါတယ်.... ဒါကြောင့်လည်း မြန်မာပြည်သူလူထုဟာ နိုင်ငံတော် အစိုးရရဲ့ စေတနာထားပါတယ် ပြည်သူအတွက် အရှုံးခံလုပ်နေပါတယ်ဆိုတဲ့ ပဏာစကားကြားရင် ရွံ့မုန်းလာတာကိုလည်း အပြစ်ပြောလို့ မရပါဘူး....

ဒီနေ့အချိန်အခါမှာ ဆက်သွယ်ရေးဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရောက်ရှိနေပါတယ်.... အထူးသဖြင့် မြန်မာနိုင်ငံလို တိုင်းပြည်တိုးတက်ဖို့ အရှိန်ယူနေတဲ့ ကာလမှာ ဆက်သွယ်ရေးကို ဖွံ့ဖြိုးအောင် အတားအဆီးတွေကို ပယ်ဖျက်သင့်နေပါပီ..... တိုင်းပြည်စီးပွားရေး ကောင်းနေမယ်၊ ဖွံ့ဖြိုးတိုးတက်နေမယ်ဆိုရင် သမ္မတကြီးပြောသလို လူတွေဟာ ဆူဟယ် ပူဟယ်လုပ်ဖို့ စိတ်ကူးရှိမှာမဟုတ်ပဲ ကိုယ့်စီးပွားရေးပဲ ကိုယ်အာရုံစိုက်နေကြမှာ ဖြစ်ပါတယ်......

ယနေ့လက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ ဖုန်းသုံးစွဲခြင်း၊ အင်တာနက် သုံးစွဲခြင်း တစ်လကုန်ကျငွေဟာ ပြည်ပနိုင်ငံများနှင့်ယှဉ်လျင် ဈေးနှုန်းအနည်းငယ်နည်းပါးတယ် ဆိုပေမယ့် ပြည်ပ အရှေ့တောင်အာရှ ပါတ်ဝန်းကျင် နိုင်ငံများရှိ ဆက်သွယ်ရေး ၀န်ဆောင်မှုများနှင့် နှိုင်းယှဉ်လျင်မူ များပြားနေဆဲ ဖြစ်ပါတယ်.... အထူးသဖြင့် အမြန်နှုန်း၊ အဆင်ပြေမှု၊ ၀န်ဆောင်မှုတွေမှာ လုံးဝကို အမှီလိုက်နိုင်ခြင်း အလျဉ်းမရှိပဲ လစဉ်ကြေးသာ မမှီ့တမှီလိုက်နေတာကို တွေ့ရပါတယ်.....

ပါတ်ဝန်းကျင်နိုင်ငံမျာဟာ ရေရှည်သုံးစွဲမယ့် အကျိုးကိုမျှော်ကိုးပီး လုပ်ဆောင်ကြတာကို တွေ့ရပေမယ့် မြန်မာနိုင်ငံမှာတော့ ရေရှည်အကျိုးကို မကြည့်ပဲ ရေတိုချက်ခြင်းလက်ငင်း အကျိုးဖြစ်ထွန်းဖို့သာ ဦးစားပေးနေတာကို တွေ့ရပါတယ်.... ဒါတွေကြောင့်လည်း ကနဦးတပ်ဆင်ခ ဆိုတဲ့ လူတန်းစားပေါင်းစုံ လက်လှမ်းမမှီတဲ့ ငွေကြေးပမာဏတစ်ခုနဲ့ ဆက်သွယ်ရေးကို လူတိုင်းလက်လှမ်းမမှီအောင် ကန့်သပ်ထားသလို ဖြစ်နေပါတယ်....

ပါတ်ဝန်းကျင်နိုင်ငံများဟာ လက်ရှိ တပ်ဆင်ထားတဲ့ Infrastructure တွေရဲ့ ကုန်ကျစားရိတ်ကို ကာမိဖို့ သုံးစွဲသူများများနဲ့ ရည်ရှည်ဝင်ငွေ ရရှိဖို့ ကြိုးစားနေချိန်မှာ မြန်မာနိုင်ငံက တာဝန်ရှိသူများကတော့ ကနဦးတပ်ဆင်ခကို နင့်နင့်နဲနဲ ယူထားပြီး ဝေစားမျှစားနဲ့ စခန်းသွားနေခဲ့တာ ၁၀ နှစ်မက ရှိနေခဲ့ရာကနေ ယခု အစိုးရလက်ထက်တိုင် ဖြစ်ပါတယ်..... အဲ့ဒိအတွက် နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဆက်သွယ်ရေးစနစ်ဟာ လူတိုင်း လက်လှမ်းမှီမှီ ဖြစ်သင့်ပါတယ်.... အဲ့ဒိအတွက် အခုလက်ရှိ ဖုန်းတွေကို တပ်ဆင်ခ တစ်လုံး ၂ သိန်းနဲ့ ကောက်နေတဲ့ စနစ်ကို ပြင်သင့်ပါပီ.... ပြည်သူ့အကျိုးကို ရှေးရှုတဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ဖြစ်စေဖို့ကို ရည်ညွှန်းပါတယ်....
— with ငရဲ သား, Pa Yit, Lwin Aung Soe, Win Mgthant, Chan Nyein Moe, Htet Hninse and Kyi Kyi Soe.

  • 55 people like this.
  • Kyi Kyi Soe ခုလည်းနောက်မကျသေးပါဘူးလေ.. မချိမဆန့် ကျိကျိတက်အောင် ချမ်းသာနေကြတာတွေထဲ.. တယောက်ကို ချမ်းသာတဲ့ထဲက ဆယ်ပုံတပုံဘဲ တိုင်းပြည်ကိုပြန်အပ်.. ကြွေးတွေလည်းကြေ.. ပြည်သူတွေလည်း စိတ်ချမ်းသာ လက်ရှိအစိုးရလည်း အသက်ရှူချောင်... :P
  • Nay Win Aung ရှယ်ပြီဗျာ ။
  • Yan Naung Soe Sim Card ကို ၅ထောင်တောင်မယူဘူး အလကားပေးမယ်။ ကျွန်တော့်ကို Telco တစ်ခုလောက် လုပ်ခွင့်ပေးမလား ကဲ။ :)
  • Hay Marn "အစိုးရက အကုန်အကျခံ လုပ်ပေးနေတယ် အရှုံးခံ လုပ်ပေးနေတယ်ဆိုတဲ့ ပဏာစကားတွေ" စပြောပြီဆိုရင် တစ်ခုခုတိုးကောက်ချင်လို့ပါ။အသည်းယားဖို့ကောင်းတာက သူတို့ဈေးတက်ချင်ပြီဆိုရင်နိုင်ငံတကာစံနှုန်းနဲ့တိုင်းပြပြီး တိုးတယ်။ဝန်ဆောင်မှုပိုင်းကျတော့ မြန်မာ့နည်းမြန်မာ့ဟန်အတိုင်းသွားတယ်။
  • Aung Thiha Zaw Share ပီပဲ

No comments: