Tuesday 13 November 2012

လယ်သမားတွေအား လုံးလည်းပူပန်ကြောင့်ကြမူ့ တွေကင်းဝေးကြပါစေ။


ကျွန်မဒီနေ့ ရုံးရောက်လို့ ဖဘဖွင့် လိုက်တာနဲ့ မြင်လိုက်ရတဲ့
ဒီဓာတ်ပုံလေးတွေကြောင့် အတော်စိတ်မကောင်းဖြစ်မိပါ
တယ်။
ကြည့်မိသူတိုင်းလည်းစိတ်မကောင်းဖြစ်မိကြမှာပါ။
ဝါဝါဝင်းကုမ္ပဏီကိုပိုင်ဆိုင်သောသူဌေးဘယ်သူ
လည်းဆိုတာကျွန်မမသိပါဘူးရှင်။
ဒါကြောင့်ကျွန်မရေးလိုက်တဲ့ စာဟာပုဂ္ဂိလ်ရေး
တိုက်ခိုက်မူ့ မပါရှိဘဲယခုပုံထဲမှာတွေ့ နေရတဲ့ 
အဒေါ်အရွယ်ပြည်သူတစ်ယောက်ရဲ့ ကိုယ်စား
တောင်ပန်းပေးတာပါရှင်။
လူကြီးမင်းတို့ အနေနဲ့ 
ဘာကြောင့် ဒီလယ်မြေတွေကိုသိမ်းယူထားသလည်း
မသိပေမဲ့ ယခုမြင်တွေ့ နေရတဲ့ပုံပါအဒေါ်ကတော့ 
သူမရဲ့ ဘဝတစ်ခုလုံးဖြစ်တဲ့ လယ်မြေအတွက်ခံစား
နေရတာရင်နှင့်အမျှမို့ လူကြီးမင်းတို့ အနေနဲ့ လူသား
ခြင်းစာနာထောက်ထားစွာနဲ့ ပြေလည်အောင်ဖြေရှင်း
ပေးပါလို့ လေးစားစွာတောင်းဆိုအပ်ပါတယ်ရှင်။
လယ်သမားတွေဟာရိုးသားဖြူစင်သူတွေပါမွေးကတည်း
ဒီလယ်ပေါ်မှာမွေးဒီလယ်ပေါ်မှာကြီးပြင်းလာပြီးနွားတွေ
နဲ့ အတူရုန်းပြီးဘဝကိုဖြတ်သန်းလာကြရသူတွေပါ။ပညာ
ကိုလည်းလုံလောက်စွာမသင်ယူနိုင်ခဲ့ ကြလို့ လယ်လုပ်
ခြင်းကလွှဲလို့ တစ်ခြားဘာအလုပ်မှလည်းမလုပ်တတ်ကြပါဘူးရှင်။ပညာတတ်အောင်မသင်တာသူတို့ အပြစ်လို့ ပြော
မယ်ဆိုရင်လည်းသူတို့ ကိုအပြစ်မတင်နိုင်လောက်တဲ့ အရာ
တစ်ခုရှိနေပါတယ်။အဲတာကတော့ ခေတ်စနစ်နဲဆင်းရဲခြင်း
ကသူတို့ ကိုလုံလောက်တဲ့ ပညာတွေသင်ယူခွင့်မရရှိရတဲ့
ခိုင်လုံတဲ့ အကြောင်းတစ်ရားတွေပါ။လုံလောက်တဲ့ ပညာ
တွေမတတ်မြောက်လို့ အများနည်းတူအခြားအလုပ်တွေကို
လည်းသူတို့ မလုပ်တတ်ကြပါဘူးဆိုတာလူကြီးမင်းတို့ 
သဘောပေါက်ပြီးသားဖြစ်နေမှာပါ။အကယ်ရ်ျလူကြီးမင်း
တို့ စားလိုက်သောထမင်းလုပ်ထဲကဆန်စေ့လေးတွေထဲမှာ
ဒီအဒေါ်ကြီးလယ်ကစပါးစေ့တွေမပါဘူးလို့ မပြောနိုင်ပါဘူး
မိမိထမင်းစားတိုင်းမြင်တွေ့ ရမဲ့ ထမင်းလုပ်အတွက်လိပ်ပြာ
သန့် စွာစားနိုင်ဖို့ ပြေလည်အောင်ဖြေရှင်းပေးနိုင်ပါစေ.
ဝါဝါဝင်းပိုင်ရှင်များသည်လည်းစီးပွားရေးတွေဒီထက်မက
တိုးတက်နိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေး
လိုက်ပါတယ်။ဒီဓာတ်ပုံပါအဒေါ်နဲ့ လယ်သမားတွေအား
လုံးလည်းပူပန်ကြောင့်ကြမူ့ တွေကင်းဝေးကြပါစေ။
လှလွန်းဆွေ
12/11/2012


  • Peter Win Thu ပြောပြရမှာကိုရှက်တယ်ဘယ်သူလဲလို့ခက်တယ်အမရေသနားစရာတကယ်ကောင်း၏
  • Rita Aung တချို့သော သူဌေးများ ထမင်းမစားကြတော့ဘူးတဲ့ ... :(
  • Peter Win Thu ဘာတွေစားနေလဲလုပ်ပါအုံးဗဟုသုတပေါ့ဗျာ။။။။
  • Rita Aung တလွန်တကျွံတွေ ပြောမိမှာဆိုးလို့ မပြောတော့ဘူး... ဘာစားနေကြတယ်ထင်လဲ မှန်းကြည့်လိုက်ပါလေ...
  • Peter Win Thu အင်းစက်ာပူဆိုတာသူတို့ယဲပညာသင်ရာ၊ဆေးကုရာနေရာ၊ရှော့ပင်အစရှိတဲ့နေရာတခုလိုပဲ။ဆင်းရဲသားလယ်သမားတွေကတော့ရောဂါဖြစ်ရင်ဆေးကုစရာငွေမရှိလို့စင်းစင်းအသေခံရတာမျက်မြင်ကိုတွေ့အအနတဂ္ဂမပဲ။။။
  • Lwin Oo သူတို့ကကောဘယ်လိုဘယ်လောက်ပေးထားရလဲမေးကြည့်အုန်း၊ဘယ်အစိုးရ လက်ထက်ကလည်း။ခုမှခေါင်းရှောင်နေတါ။
  • San San T မြန်မာနိုင်ငံသား အစစ်တွေ သာလုပ်တဲ့လုပ်ငန်း (လယ်)တွေ ကိုတော့မသိမ်းသင့်ပါဘူး။သိမ်းမယ်ဆို သူတို့ဘ၀ကို အခြေခိုင်အောင်တာဝန်ယူကြပါ။ပစ္စည်းတွေ ဟာသေရင်နောက်ဘ၀မပါဘူး။ပါတာ ကိုလုပ်ထားတဲ့ ကုသိုလ် ၊အကုသိုလ်။ကဲသေရင် ဘာယူသွားကြမလဲ။
  • မင်း ဘုန်းမြတ် ခရိုနီတွေ လေ...
  • K Za Winn လယ်သမားတွေက သူတို့ထမင်းသူတို့စားပြီး တိုင်းပြည့်ကျွန်ခံနေကြရှာတာပါဗျာ...။ :(
  • Nu Nu Win Tin I feel so much painful in my heart, 'cause I see them day after day near our school, whenever on my way to school and on my way back from school, and up to this day I see no better answer for them.
  • Hlalun Swe မမနု Nu Nu Win Tin ရေ တော်တော်လေးဝမ်းနည်းမိတယ် သူငိုနေတာကြည့် ပြီးညီမလည်း ငိုချင်လာတယ် မျက်ရည်ဝိုင်းမိတယ် ညီမတို့ ဒီစနစ်ဆိုးအောက်ကနေမလွတ်နိုင်တော့ ဘူးလားဟင်..
  • Nu Nu Win Tin I see them everyday on my way and I wonder why they can be that much ignore ( cruel ) to them. Up to this day they get no response back.
  • Nu Nu Win Tin They are what we say "Bayintnaung Phaung Pyet" for they have nothing more to lose .
  • Hlalun Swe ဟုတ်တယ်မမနု ပြည်သူတွေကို စောင့် ရှောက်နေတဲ့ ပြည်သူရဲတွေ ဘယ်ရောက်ကုန်ပြီလည်း
  • Hlalun Swe သူတို့ မှာအပြင်လုပ်လုပ်ဖို့ ကလည်း ပညာမှမတတ်နာမမနုရယ် ဘာတွေလုပ်စားလို့ ရမှာလည်းနော်
  • Nu Nu Win Tin And being poor and ignorant is not their fault.
  • KyiPyar Yamin Maung May the GOD be with them. :(
  • Zin Bo ဘယ်သူသေသေ ငတေမာရင်ပြီးရော.. အဲဒီက ရတဲ့ ပိုက်ဆံတွေနဲ့ အလှူတွေလုပ်. အစိုးရရဲ့ ဘွဲ့တံဆိပ်တွေကို ယူ.. အင်း မြန်မာပြည်ရဲ့ ခရိုနီကြီးများ
    ရယ်.. ကိုယ်ချင်းစာတရားလေးတော့ နည်းနည်းလေးဘဲ ရှိပေးကြပါဗျာ..
  • Arakanese Maungtaw မြန်မာ နိင်ငံ ချစ်တီး ခောတ်ကို ပြန်ရောက် နေပြီ
  • Nay Wai ၁၂ - ၁၁ - ၂၀၁၂ ရက်စွဲပါ နိုင်ငံတော်သမ္မတကြီး၏ စကားများကိုကန့်ကွက်ခြင်း
    ရက်စွဲ ၁၂ - ၁၁ - ၂၀၁၂

    (၁) ယနေ့မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် ဖြစ်ပေါ်နေသောမြေယာ မတရားမှုများသည် ဥပဒေကြောင်း အရ ချိုးဖောက်ကျူးလွန် ရယူလိမ်လည်သိမ်းဆည်းကြောင်း တွေ့ရှိပေါ်ပေါက...
်နေသည် ။
    ...See More

No comments: