Monday 4 March 2013

နေပြည်တော် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဌာနမှ Facebook Times သို့ တိုင်စာ


ကျွန်တော်/ကျွန်မတို့မှာ နေပြည်တော် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဌာနမှ လက်ထောက် မန်နေဂျာ
ဦးထက်အောင်လင်း အကြောင်းကို တိုင်ကြားလိုပါသည်

ဌာနတွင်းအရာရှိများကိုလည်း တိုင်ကြားမှုပြုခဲ့ပါသည်
သို့ပါသော်လည်း ကျွန်တော်/ကျွန်မ တို့မှာ သာမာန်ဝန်ထမ်းများသာဖြစ်ပါသဖြင့်
ကြည့်စီစဉ်ပေးပါမည်ပာုသာ ပြောကြား၍ လစ်လျှုရှုထားပါသဖြင့် အခုလို စာရေးသာပေးပို့၍
တိုင်ကြားရခြင်းဖြစ်ပါသည် တိုင်ကြားလိုသည့် အကြောင်းအရာများမှာ
အရာရှိဆောင်သန့်ရှင်းရေးလုပ်ပေးရမည်ဆိုပြီး ၀န်ထမ်းအိမ်ယာသို့ လာရောက်စေပြီး
မိမိလက်အောင်ဝန်ထမ်း မိန်းကလေးကို မတော်မတရားကျင့်ကြံဖို့ကြိုးစားပါသည်
ထို့ကြောင့် ထိုဝန်ထမ်းမိန်းကလေးမှာလဲ ရာထူးမှ ထွက်လိုက်ရပါသည်

မည်သည့်ရုံးမဆို ၀န်ထမ်းလစာများကို လကုန်ရက်တွင် ထုတ်ပေးသော်လည်း
ပြည်တွင်းရေကြောင်းပို့ဆောင်ရေးရုံးမှာ လကုန်ပြီး ၁၀ ကျော် ၁၅ ရက်မှသာ လစာများကို
ထုတ်ပေးပါသည် လစာထုတ်ပေးသော ၀န်ထမ်းမှာ လစာငွေများကို အတိုးကြီးများဖြင့်
ချေးငှား၍ ၀န်ထမ်းလစာများကို အလွဲသုံးစားလုပ်နေပါသော်လည်း ဦးထက်အောင်လင်း မှာ
မသိချင်ယောင်ဆောင်ပေးထားပါသည်

ရုံးတွင်သန့်ရှင်းရေး ၀န်ထမ်းထားရှိပါသော်လည်း သန့်ရှင်းရေးဝန်ထမ်းများကို ခိုင်းစေမှုမပြုဘဲ
လက်အောက်မှ ၀န်ထမ်းများကိုသာ နေ့လည်၂နာရီထိုး နေပူထဲတွင် ဖျားနာနေသူမှအစ
သန့်ရှင်းရေးကို နေ့တိုင်းဆောင်ရွက်ခိုင်းနေပါသည် ဦးထက်အောင်လင်း မကျေနပ်သော
ဝန်ထမ်းဖြစ်ပါက ရာထူးနှင့်လုပ်သက်ကိုမှ မငဲ့ကွက်ဘဲ အိမ်သာမှအစ ဆေးခိုင်းပါသည်။

ဦးထက်အောင်လင်း၏ လုပ်ရက်များကို သည်းမခံနိုင်ပါသဖြင့် ဌာနမှ နှုတ်ထွက်သူတစ်ယောက်၊
ဌာနမှ ပြောင်းရွှေ့သွားရသူနှစ်ယောက် ရှိသွားပြီဖြစ်သဖြင့် နောက်ထပ်ပြောင်းရွှေ့ပါက နာမည်ပျက်မှာ
ကြောက်သဖြင့် နောက်လူများကို ပြောင်းရွှေ့ခွင့်မပေးဘဲ ပြောင်းရွှေ့ရန် စာတင်သူများကို
ရုံးတာဝန်များ မတန်တဆခိုင်းစေခြင်း၊ ရုံးစောင့်တာဝန်များချထားခြင်း၊ ပစ်ဒဏ်ပေးခြင်း၊ ဆူပူခြင်း၊
မပာုတ်မမှန်သတင်းများကို အထက်အရာရှိများသို့တင်ပြခြင်းများပြုလုပ်နေပါသည်

အထက်ပါကိစ္စများကြောင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနမှ လက်ထောက်မန်နေဂျာ ဦးထက်အောင်လင်းအား အရေးယူပေးပါရန် လေးစားစွာဖြင့် တင်ပြအပ်ပါသည်။

No comments: