Monday 28 January 2013

ယနေ့ အကြိုက်ဆုံး ကွန်မင့်

ယနေ့ အကြိုက်ဆုံး ကွန်မင့်
Pa Yit
လူဆိုတာရပ်တည်ချက်ကစကားပြောပါတယ
်..၊
တိုင်းရင်းသားလက်နက်ကိုင်တွေအား
လုံးသူခိုးဒမြဖြစ်တာမဟုတ်သလို.. စစ်တပ်ကမှာလဲသူတော်စင်ကြီးပဲမဟုတ်ပါဘူး..၊ တိုင်းပြည်ကိုအုပ်ချုပ်ခွင့်ရနေလို့ဒမြမတိုက်ပဲဘောင်ထဲကနေပြည်သူကိုမွဲပြာကျအောင်နှိပ်စက်ခွင့်ရှိတဲ့သူကျတော့ဒမြဘယ်တိုက်မလဲ.. အကုန်လုံးလဲခါးချည့်နေပါပြီ..၊ ဒါပေမဲ့ခင်ဗျားတို့သိဖို့ကစာဖတ်နေတဲ့သူတွေကငတုံးမဟုတ်ပါဘူး.. ၊ဝေဘန်ကြမှာပဲ..၊ ခင်ဗျားတို့အတွေးအခေါ်တွေကကောင်းတယ်၊ ဒါပေမဲ့ခင်ဗျားတို့လက်ရှောင်နေတာတွေများတယ်..၊ ထွန်စက်ကကောင်းပေမဲ့လယ်မထွန်ပဲကျောက်ဖြာပေါ်ထွန်နေတာကတော့ တမင်လုပ်တာမဟုတ်ရင်..ရပ်တည်မှုတစ်ခုလွဲနေလို့ပါပဲ.. .ကေအိုင်အေမီးရှို့တာတွေရှိမယ် ၊ဒေသခံကိုဒုက္ခပေးတာလဲရှိမယ်..၊

ဒါပေမဲ့ စစ်တပ်လဲမရှိလို့လား....၊ စစ်ဆင်ရေးတွေမှာ ဖြတ်လေးဖြတ်ဖြတ်လို့အပြစ်မဲ့ရွာ
သားတွေဒုက္ခရောက်တာတွေရှိတယ်
၊မေးပါရစေ..ပေါ်တာဆွဲတယ်ဆိုတာကတရ
ားဝင်လား..၊
ဒီအသုံးအနှုန်းကဘယ်သူ့ကြောင့်ပေ
ါ်လာတာပါလဲဗျာ..၊
တစ်သက်လုံးပေါ်တာရှိမှခရီးသွားလိ
ု့တာ..ဘယ်တပ်တွေပါလဲဗျာ..

၊ကေအိုင်အေကိုအပြုတ်တိုက်လိုက်လ
ို့..၀အပါအ၀င်ကျန်တဲ့လက်နက်ကိုင်အဖွဲ့တွေစစ်တပ်ကိုပိုရှိန်သွားမယ်ထင်သလား..၊ ယုံကြည်မှုပိုပျောက်သွားမလား..
၊တွေးလို့ရပါတယ်..
၊နောက်တစ်ခုကခင်ဗျားတို့က"၀"နဲ့
ပတ်သက်ရင်..တာဝန်ပေးထားသလို
တပြိုင်နက်..လက်ရှောင်ကြတယ်..၊

ခင်ဗျားတို့ဒီလောက်အာစောင်းထက်ေ
နရင်..တပ်မတော်ဘက်ကနေပြီး..
လူငယ်တွေကိုတပ်မတော်ထဲဝင်လာအောင
်စည်းရုံးကြည့်စမ်းပါဗျာ..
ဒါသက်သေပါပဲ..၊မှတ်ချက်..ရဲဘော်
တွေများများရအောင်ပဲစည်းရုံးဗျာ..၊
ကိုယ့်လက်ခံတဲ့ဘက်ကိုပဲပြေလည်အေ
ာင်လုပ်ကြပါဦး..၊

နောက်တစ်ခုက လိုင်ဇာကိုသိမ်းနိုင်ရင်ကေအိုင်
အေ အမြစ်ပြတ်မလားဆိုတဲ့မေးခွန်းပါ.

.ဒေသတစ်ခုလုံးအေးချမ်းသွားမလား.
.. ၊ကေအင်ယူနဲ့နောက်ဆုံးစခန်းသိမ်းတာတွေပြီးတော့.. ကရင်ပြည်နယ်တစ်ခုလုံးအေးချမ်းခဲ့လား.. ၊ပျောက်ကျားစစ်ကအရှိန်နဲ့ဝင်ဆောင့်လို့ပဲတပ်မတော်တပ်တွေတတိတိနဲ့လုံးပါးပါးခဲ့သလား.. ၊ကေအင်ယူစခန်းတွေသိမ်းအပြီးနောက်ပိုင်းအဲဒီဒေသတွေမှာစစ်တပ်ကတံခါးမရှိဒါးမရှိဝင်ထွက်ခွင့်တွေရခဲ့လို့လား..၊ ဆက်သွယ်ရေး..၊စီးပွားရေးကောင်းမွန်သွားလား..၊စစ်မျက်နှာကျဉ်းမြောင်းသွားသလား..၊ကျယ်ပြန့်လာသလား..၊သတင်းစာထဲမှာ နာရေးကျော်ငြာတွေ မထည့်ရတဲ့ခေတ်ဆိုတော့ခင်ဗျားတို့ဘယ်သိနိုင်တော့မလဲ.. ၊ကေအင်ယူစခန်းတွေကိုသိမ်းတဲ့ခေတ်ကစစ်တပ်ကပေးလိုက်ရတဲ့အသက်တွေနဲ့..ကေအင်ယူနဲ့ပျောက်ကျားစစ်ပွဲ ကာလမှာစစ်တပ်ကပေးလိုက်ရတဲ့အသက်တွေ၊ တတိတိလုံးပါးပါးတာတွေ..၊ဘယ်ဟာကပိုများလဲဆိုတာ..နီးစပ်တဲ့စစ်သားတွေကိုမေးရင်သိပါတယ်.. စခန်းသိမ်းတာမှနှစ်ဘက်သေကျေကြသေးတယ်..၊ပျောက်ကျားစစ်ပွဲကာလမှာတော့..စစ်တပ်ကတစ်ဘက်သတ်ကိုအမှည့်ချွေချွေခံရတာဆိုတာအားလုံးအသိပါဗျာ..၊

Htet Hninse Kyi Kyi Soe Yaung Ni Oo Kyi Thar Tun Wai Lwan Wai Khaing Soelynn Chan Nyein Moe Rectifier Guy
Like · · · 3 hours ago ·

  • Kawthoo Lei အခု ကေအိုင်အေစခန်းချခဲ့တဲ့တောင်တွေကို အစိုးရ ဘက်ကသိမ်းလိုက်တော့ အဲတောင်တွေပေါ်မှာ မြန်မာစစ်သားတွေကို အိမ်ဆောက်ပြီးနေကြမှာလား တစ်သက်လုံး အဲမှာနေသွားကြမှာလား အခုဆို နာရေးကြေငြာတွေမှာ ရှေ့တန်းက စစ်သားတွေသေတာတွေ တွေ့ရတယ်။ အဲစစ်သားတွေသေတာဘာအဓိပါယ်များရှိတော့မလဲ။ နောက်တော့လည်း အဲတောင်ကုန်းတွေကို ကေအိုင်အေပဲ ပြန်ရသွားမှာပဲမဟုတ်လား။ အခုချိန်မှာဆိုရင် အရင်တုန်းက အစိုးရသိမ်းခဲ့တဲ့ မာနယ်ပလောမှာ ကေအန်ယူ တပ်မဟာ ၅ နေရာယူထားတာပဲလေ။ နောက်တော့လည်း ကေအန်ယူ နယ်မြေလို့ ဖြစ်သွားတာပဲ။ တစ်သက်လုံး စစ်သားတွေက အဲသောင်ရင်းမှာ နေနိုင်တာမှမဟုတ်တာ။ အခု ကချင်က တောင်တွေကနေလည်း ဒီရာသီဥတုနဲ့ မိုးရာသီဆို ပိုဆိုးမယ်။ နေနိုင်မှာလား။ ဘယ်လောက်နေနိုင်မှာလဲ။ နောက်တော့လည်း ကေအိုင်အေ ပြန်ရမှာပဲ။ ဘာမှကို အဓိပါယ်မရှိဘူး။ တစ်ခုတော့ရှိတယ်။ ကချင်ပြည်ထဲက သယံဇာတတွေကို ထုတ်ယူဖို့အတွက်တော့ အချိန်ပိုရသွားတာပေါ့ ကေအိုင်အေ ဘက်က အရင်လောက်ထိ ဟန့်တားဖို့မဖြစ်တော့ဘူး။ ခရိုနီတွေအမြတ်ကျန်တယ်။ အောက်ခြေကတိုက်ရတဲ့ စစ်သားတွေကတော့ အရှုံးပြီးရင်း အရှုံးပါပဲ။
  • ငရဲ သား ဒီလိုဖြစ်သွားတာပေါ့ဗျာ
    https://www.facebook.com/photo.php?fbid=10200390319788647&set=a.3390189321583.2157207.1475121874&type=1&relevant_count=1&ref=nf
    Photo
    ရဲဘော် - ဒီ ကျည်ဆံဟာ မင်း ဆင်နွဲနေတဲ့ ရှေ့ ဘက်က တိုက်ပွဲတစ်ပွဲထဲမှ လာတဲ့ ကျည်ဆံ...See more
    ရဲဘော် - ဒီ ကျည်ဆံဟာ မင်း ဆင်နွဲနေတဲ့ ရှေ့ ဘက်က တိုက်ပွဲတစ်ပွဲထဲမှ လာတဲ့ ကျည်ဆံ ...See more
  • Phyo Wai Kyaw နိုင်ငံတခုမှာ စစ်တပ်တတပ်ပဲ ရှိရမယ်ဆိုတာ လက်ခံပါသလား... လက်ခံတယ်ဆိုရင် ဘာကြောင့် အစိုးရတပ်က တိုက်နေတယ်ဆိုတာ ရှင်းသွားပါလိမ့်မယ်....
  • Lau Lee စစ်ခွေးတွေဖတ်ဖို့ ရှယ်သွားတယ်
  • Kawthoo Lei လက်ခံပါတယ်။ ကေအိုင်အေ ထက် အင်အားကြိးတဲ့ ၀ကို ကြတော့ ဘာလို့ထိုင်ကြည့်နေတာပါလဲ ဖြေပေးပါ။ ငှဲငှဲ
  • Zaw Moe မှန်လိုက်လေပုရစ်ရာ။ဒီထက်ရှင်းတာတောင်ဒီလောက်မရှင်းနိင်ဘူး။ရှေ့တိုးတော့တံပိုး နောက်ဆုတ်တော့လှည်းထုပ်ဖြစ်နေတဲ့ဒီစစ်တပ်ကို KIA ကထွက်ပေါက်ပေးမထားပြန်ဘူးဟ။စစ်တပ်နဲ့KIA ကိုအကျပ်အတည်းကနေကယ်နိင်တာတစ်ယောက်ပဲရိတယ်။ဲ
  • Kyaw Kyaw Oo မဆလ လက်ထက် ကတည်း က လက်သုံးစကါး အတိုင်း ဘဲ တို့ ဒီပွှဲ မှာ ငွှေရေး ကြေးရေး အရ ရှုံးတယ် ဒါပေမဲ့  နိုင်ငံရေး အရမြတ်တယ် ပြောခဲ့ သလို ဘဲ ။ ။ နိုင်ငံရေး အရ မြတ်ချင်တာ တခုတည်း နဲ့  KIA စခန်းလေးတွှေ ကို ခေတ္တသိမ်း ယုံလောက်ကို ငွှေကြေးတွှေ အသက်တွှေ အလဟ သ ဆုံးရှုံးတာ ကို လုံးဝ မဖြစ်သင့်ပါ ။ ။ ။
  • Phyo Wai Kyaw Kawthoo Le'i ၀' ကိုဘယ်လို ကိုင်တွယ်မလဲ ဆိုတာ ကျွန်တော်လည်း အာဏာပိုင် အဖွဲ.အစည်းက မဟုတ်တဲ့အတွက် မသိပါ....ငွေရောင်ပိတ်ကားပေါ်မှာပဲ ဆက်လက်စောင့်ကြည့်ပါလိုပဲ ပြောချင်ပါတယ်...
  • Kawthoo Lei ဟုတ်ဘူးလေ။ နိုင်ငံတခုမှာ စစ်တပ်တတပ်ပဲရှိရမယ်ဆိုပြီး ၀ကိုကြတော့ ခပ်တည်တည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသပေးထားပြီးတော့ ဖယ်ဒရယ်တောင်းတဲ့ ကေအိုင်အေကိုမှ လက်နက်ကြိးတွေ လေယဉ်တွေနဲ့ စစ်အင်အားပြခဲ့လို့ပါ။ နဲနဲလေးများ မထူးဆန်းနေဘူးလားလို့
  • Kyaw Swar အရေးအသားကတော့ မဆိုးပါဘူး လက်ရှိ မာနပလောစခန်းနဲ့ ကော့မူးရာစခန်းတွေမှာ မြန်မာ့တပ်မတော်က ထိုင်နေတာ အားလုံး သိပါတယ်ကွာ ပျောက်ကျားစစ် ဆိုတာကလည်း ပြည်သူတွေကို ငဲ့ညှာ လို့ ပါ တပ်မတော်ကတော့ အရပ်ဝတ်ဝတ်ထားရငိ ပြည်သူလို့သတ်မှတ်တယ် အဲ့ဒါကို အခွင့်ကောင်းယူပြီး ချောင်းပစ်တယ် ဆွဲမိုင်းဆွဲတယ် ပြီးရင်ပြေးတယ် တပ်မတော်က ပြန်ပစ်ရင် အရပ်သားတွေကို ပစ်တယ်လို့အော်တယ် ဒါပေမဲ့ နေရာတစ်နေရာမှာ ၂ရက်မအိပ်ရဲပါဘူး တပ်မတော်သတင်းကု နားထောင်ပြီး ပတ်ပြေး နေရတာသိပါတယ် ရွာသားလိုဝတ်ပြီး ပလိုင်းထည်းမှာ မိုင်းထည့်ပြီး ခိုးကြောင်ခိုးဝတ်လိုက်ထောင် ပြီး ပြည်သူတွေက နင်း ဘာများအကျိဲုးရှိခဲ့လို့လည်း
  • Ag Thet Khine ၀ လည်း KIA လိုပစ်ကြည့်ရင် တော့အဖြေထွက်လာမယ်ထင်တာပဲ
  • Kawthoo Lei မာနယ်ပလောမှာ မြန်မာစစ်တပ်အခုထိုင်နေတယ်ဟုတ်လား ဟိဟိ ကရင်ကိုလာပြောနေတယ် မသိဘဲနဲ့ ဘာမှမရေးဘူးကွယ် မာနယ်ပလော တွင် KNLA တပ်စခန်း ပြန်ထိုင်

    Monday, 06 December 2010
    ကရင်ပြည်နယ် မာနယ်ပလော ဒေသကို ယမန်နေ့ မွန်းလွဲပိုင်းက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၅၊ တပ်မဟာ ၇ လက်အောက်ခံ တပ်ရင်း (၂၀၂)၊ တပ်ရင်း (၂၂) တပ်များ ပူးပေါင်း၍ ပြန်လည် စခန်းထိုင်နေပြီဖြစ်သည်။
  • Phyo Wai Kyaw ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ/ တိုင်း ဆိုပြီးတော့ ပေးထားတာ '၀' တခုတည်းမဟုတ်ပါ...
  • Kawthoo Lei ၀ တစ်ခုတည်း မဟုတ်ဘူးဆိုတာ သိပ်သိတာပေါ့ကွယ် ဒါပေမယ့် တရုတ်ကြီးနဲ့ တိုက်ရိုက် ဆက်ဆံခွင့်ပေးထားတာရော ဘာပြောမလဲ လုပ်စမ်းပါဦး တစ်ပွဲတစ်လှမ်း
  • Saw Karen Lay သိပ်ကောင်းတဲ့ ပို့ စ် ပဲ....... တိုင်း၇င်းသားတွေ လက်နက်ကိုင်တာ အားယားနေလို့ ကိုင်တာမဟုတ်... အသက်သေခံတိုက်၇တဲ့စစ်ကို အားလို့တိုက်နေတာမဟုတ်..... ..ဒီလောက်မှ မသိပဲနဲ့ ခေါင်းထဲကို ၇ိုက်ထည့်ခံထား၇တဲ့ အတွေးအခေါ်တွေနဲ့ စကားလာပြောနေတယ်... ၃ နှစ် သေနတ်ပစ်ဖို့ သင်ထားတဲ့လူတွေက နိုင်ငံေ၇းစကားလာပြောနေတယ်....................
  • Phyo Wai Kyaw တရားဝင်ပေးထားတာတော့ မဟုတ်ဘူး ထင်ပါတယ်... အခြေအနေ အရ မသိချင်ယောင်ဆောင်ထားရတာပဲ ဖြစ်မှာပါ... ဥိးအောင်မင်း ကိုယ်တိုင် တယုတ်ကိုကြောက်ရတယ်လို.ပြောထားတာပဲ...
  • Saw Karen Lay နိုင်ငံတခုမှာ စစ်တပ်တခုတည်း ၇ှိမယ်ဆိုတာ ဒီမိုကေ၇စီနိုင်ငံကိုပြောတာ.... ဒီမိုကေ၇စီ စစ်စစ် နိုင်ငံကိြုေ့ပာတာ.... ဖားတပိုင်းငါးတပိုင်း ကိုပြောတာမဟုတ်ဘူး.... ဒ်ီနိုင်ငံမှာ တိုင်း၇င်းသားတွေ လက်နက်ကိုင်နေတော့ လုပ်ချင်တာ လုပ်လို့ မ၇ဘူး..ဒါကြောင့် အပြုတ်ကြံတယ်....ဒါပဲ ၇ှင်း၇ှင်းလေးပဲ....
  • Phyo Wai Kyaw အဝေမတည့်ကြလို.ဖြစ်နေတဲ့ ပြသနာတွေပါဗျာ..
  • Saw Karen Lay အဝေတည့်တာ မတည့်တာမပြောနဲ့ ....တိုင်း၇င်းသားလက်နက်ကိုင်မ၇ှိ၇င် ...က၇င်ပြည်...ကချင်ပြည်ဆိုတာ ပြောင်သလင်းခါနေလောက်ပီ.....တချိန်တုန်းက က၇င်ဆိုတာ ပြတိုက်ထဲမှာ ၇ှိမယ်လို့ ကြိမ်းဝါးခဲ့တာ စစ်တပ်ပါ...... သယံဇာတကလည်း ပေါမှပေါးဆိုတော့ မျက်စိကျနေကြတာပေါ့.... ဖယ်ဒ၇ယ် ပေး၇င် ဘာဖြစ်သွားမလဲ.....နိုင်ငံကြီးပြိုကွဲသွားမှာပေါ့ ဆိုတာ သူတို့အပြော....တကယ်တမ်းကျတော့ လိုချင်တာကို ကြိုက်တဲ့ အချိန် မ၇မှာစိုးတော့ လက်ဝါးကြီးအုပ်ထားချင်တာ........
  • Rectifier Guy အဝေမတည့်ပုံမတည့်နည်းကို ဘယ်လိုနားလည်ကြသလဲတော့ မသိဘူး။ လက်နက်အင်အားကြီးတဲ့ အဖွဲ့တွေကိုကျတော့ ကိုယ်ပိုင်အုပ်ချုပ်ရေးပေးပြီး ထင်သလို မင်းမူခိုင်၊ ငွေ၊ ဆန် လိုတာ အကုန်ထောက်ပံ့ပြီး အင်အားနည်းတဲ့အဖွဲ့ကိုကျတော့ ခေါင်းမလျှိုးရင် အပြုတ်ချ၊ ခေါင်းလျှိုးရင် ကြိုက်တာလုပ်ဆိုတဲ့ ဝေပုံဝေနည်းမျိုးလားမသိ။ အမှန်ကတော့ တိုင်းရင်းသားတွေကို အပ်တိုတစ်ချောင်းမရှိလည်း အဝေတည့်အောင် ဝေရမှာ... ဗိုလ်ချုပ်အောင်ဆန်းပြောသလို ဗမာတစ်ကျပ်၊ ရှမ်းတစ်ကျပ်ပေါ့။
  • Phyo Wai Kyaw ဖက်ဒရယ်ဆိုတာရော တိုက်ယူလို.ရမယ်လို. ယုံကြည်ပါသလား?
  • ငရဲ သား ၂၀၁၀ မှာ ပေါက်ယူချမ်းနဲ့ ရဲမြင့်နဲ့ ဆွေးနွေးတယ်..။ တရုတ်တွေက ဒိုင်သူကြီးအဖြစ် ၀င်ပါတယ်..။ အဲဒီတုန်းက နိုင်ငံတော် ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက် နှောက်ယှက်သူများအား ဆန့်ကျင်ကြ ဆိုတဲ့ စကားကို အစိုးရက သူကိုယ်တိုင်ဖင်ခုထိုင်ထားခဲ့တယ် ..။

    ရလာဒ်ကတော့ ၀ဒေသကို မဲဆွယ်ခွင့်မရ၊ ၂၀၁၀ မှာ မဲဆန္ဒနယ် သတ်မှတ်ခွင့်မရ၊ BGF ဖွဲ့ခွင့်မရပဲ ပြီးဆုံးသွားခဲ့တယ်..။ နောက်ပိုင်းမှာ သံတမန် ဆက်ဆံရေးကို တရုတ်နဲ့ တိုက်ရိုက်ခွင့်ပြုပေးခဲ့ရပါတယ်..။

    အဲဒီကတည်းက လေ့လာခဲ့ဖူးတယ်..။ အခွင့်ထူးခံ ဒေသဆိုတာ..။
  • Rectifier Guy တိုက်မယူဘဲ ပေးမယ်ဆိုရင် တိုက်စရာမလိုဘူး။ ပြည်ထောင်စုဆိုတာကြီးရဲ့ ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းရင်းသားတွေကို အမြောက်နှင့်ချိန်ပြီး ပြည်ထောင်စုထဲကို ထည့်ခဲ့တာမဟုတ်ဘူး။
  • Chan Nyein Moe ကိုသန်းထွန်း အမြင် အညာလေသံနဲ့ပြောရရင် လွှတ်ကြိုက်ဗျာ။
  • Htet Hninse တိုင်းပြည်ကိုအုပ်ချုပ်ခွင့်ရနေလို့ဒမြမတိုက်ပဲဘောင်ထဲကနေပြည်သူကိုမွဲပြာကျအောင်နှိပ်စက်ခွင့်ရှိတဲ့သူကျတော့ဒမြဘယ်တိုက်မလဲ..၊
    အကုန်လုံးလဲခါးချည့်နေပါပြီ..၊ ဒါပေမဲ့ခင်ဗျားတို့သိဖို့ကစာဖတ်နေတဲ့သူတွေကငတုံးမဟုတ်ပါဘူး.. ၊ဝေဘန်ကြမှာပဲ..၊ အညာလေက လွှတ်ကြိုက်ဆိုရင် ရန်ကုန်ကလူတွေက အဟုတ်ကြိုက်ပဲ..
  • ငရဲ သား အခု ကချင်ကို တိုက်နေတဲ့ စစ်ပွဲရဲ့ အကျိုးသက်ရောက်မှုက ခရိုနီတွေပဲ ကေအိုင်အေတွေလုပ်ခဲ့တဲ့ စီမံကိန်းအသစ်တွေရမယ်..။ တပ်မတော်က စခန်းတွေသိမ်းပြီးရင် ပျောက်ကျားစစ်နဲ့ တောက်ရှောက်ရင်ဆိုင်ရမယ်..။ အရပ်ဖက်အဖွဲ့အစည်းတွေက တိုင်းရင်းသားခေါင်းဆောင်တွေ၊ လွှတ်တော်ထဲက ပါတီတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အသံက ဝေဖန်သံကျယ်လာတယ်..။ နိုင်ငံတကာက စီးပွားရေးပိတ်ဆိုမှုတွေကို ပြန်သုံးသပ်လာတယ်..။ သတင်းတွေ အကုန်ရှာဖတ်ကြည့်လိုက်..။

    အဲဒီအရှိတရားကို အခုအထိ လက်မခံ မ သိချင်ယောင်ဆောင်နေပြီး ခိုင်းလို့ ကွန်မင့်ဝင်ရေးနေတဲ့သူတွေ၊ ဘောင်ထဲကတွေးသူတွေ၊ တစ်ဖက်ပိတ် ၀င်ငြင်းသူတွေကို အံ့သြမိတာ အမှန်ပဲ..။
  • Kyi Linn အရမ်း.. အရမ်းကို.. ကြိုက်တာပါဘဲဗျား ................................
  • Kyi Kyi Soe ဟိုဖက်က ကို Khaing Soelynn တင်ထားတဲ့ပို့စ် နဲ့ ယှဉ်ပြီး ဖတ်သင့်တယ်။ ဆက်စပ်နေတယ်.. အဆက်ဆက်က ထင်ရာကြဲလာခဲ့ ကြတာ.. လက်ရှိ အခြေအနေထိ ဆိုက်လာပြီ..။ အခုထိလည်း ငါ့မြင်းငါစိုင်းတုန်းပေဘဲ။

    https://www.facebook.com/khaing.soelynn/posts/477676972268798
  • Theinthein Khin I LIKE THIS. THESE ARE HUMAN BEINGS RIGHTS.
  • ငရဲ သား တကယ့် သမိုင်းအထောက်အထား ပို့စ်တစ်ခုပါ..။ ကျွန်တော် ဖတ်ပြီး တော်တော် ရင်နာတယ်ဗျ..။
  • Lan Mintar လွတ်လပ်စွာကွဲလွဲခွင့်ရှိတဲ့ခေတ်ကြီးမှာ ကိုယ့်အမြင်ကိုလွတ်လပ်စွာဖွလို့၇တယ်... ဘော်ဒါကြီးတို့ရေ...ဒါပေမယ့် အပေါ်မှာ မေးထားတဲ့ ပေါ်တာဆွဲခွင့်ရှိလားဆိုတာကို ဘ၀င်မကျလို့...
  • Kawthoo Lei တစ်ယောက်ရေးထားတာလေး ကျနော်မဟုတ်ပါ။
    Yawarr Tarr Gyi
    ဘာ....၂၀၀၈ အခြေခံဥပဒေကိုပြင်ပျြီး ဖက်ဒရယ် စနစ်ကိုသွားလို့ရတယ် ဟုတ်လား.....ပြင်စရာမလိုအောင် KIO အပါအဝင်တိုင်းရင်းသား အဖွဲ့အစည်းတွေ အဲဒီညောင်နှစ်ပင် မှာတုန်းက တင်ပြဆွးနွေးခဲ့ပြီးပြီလေ ဘာဖြစ်လို့တိုင်းရင်းသားတွေ တင်ပြသမျှကို မှတ်တမ်းတင်ထားပါ့မယ် ခြည်းပဲလုပ်ပစ် လဲ.....ပါတီထောင်ပါ ရွေးကောက်ပွဲဝင်ပါ ဆိုလို့ KIO ကလူကြီးပိုင်းတစ်ချို့ နှုတ်ထွက်ပြီး ပါတီထောင်ဖို့ မှတ်ပုံတင်တော့ ဘာလို့ ပါတီထောင်ခွင့် မပေး လဲ......သသီးပုဂလိက အနေနဲ့ ဝင်ပြိုင်ပါရစေ ဆိုတာတောင် ဘာလို့ ဝင်ပြိုင်ခွင့် မပေးလဲ.....ဘာလို့အတင်းအကြပ် လက်နက်ချခိုင်းရတာလဲ...(နယ်ခြားစောင့်တပ် ဆိုတာလည်း လက်နက်ချခြင်းနှင့်ဘာမှ မထူးပါ)...မင်းတို့ ဒီနေ့ ပင်လုံကတိကဝတ်(ခွဲထွက်ရေးမူ မဟုတ် တန်းတူအခွင့်အရေး)ကို အကောင်ထည်ဖေါ်ရင်ငါတို့ မနက်ဖြန် လက်နက်ချမယ်လို့ KIO ကပြောတော့ အဲဒီ စောက်ပါးစပ်တွေက ဘာလို့ ပိတ်ကုန်ရတာတုန်း....ရှင်းရှင်း ပြောရရင် အလိမ်ခံရဖန် များလွန်းလို့ ကချင်တွေ ဗမာအစိုးရကို လုံးဝ အယုံအကြည် မရှိတော့ပါ။ အခုဆို ပိုလို့တောင် ဆိုးသွားပါပြီ။ ကချင်တွေ တောင်းဆိုနေတာတွေဟာ မတရားတောင်းဆိုထားတဲ့ အချက်တစ်ခုမှမပါ သလို ဗမာအစိုးရအနေနဲ့လည်း မပေးနိုင်စရာ အချက်တချက်မှမရှိပါဖူး...တမင်မပေးချင်လို့ ညစ်နေတာပါ။ ကိုယ်လိုချင်တဲ့ တောင်းဆိုချက်တွေ တစ်ခုမှမရသေးဘဲနဲ့ လက်နက်ချရအောင် ကချင်တွေက အရူး မဟုတ်ပါဖူး...
  • Senglwi Hkang Ma တိုင်းရင်းသားလက်နက်ကိုင်တွေက ဘာလိုခြင်တာလဲး ဆိုတာကို ၊အစိုးရကနေ အမှန်အကန် အပေးအယူ လုပ်ရပါလိမ့်မယ်။သို့ မဟုတ်ရင်တော့ဟိုလူ့ အပြစ်တင်ဒီလူ့ အပြစ်တင်နဲ့  ဒီသံသရာ ကနေ မြန်မာပြည်ကြီး နလန်ထူနိုင်မည်မထင်ပေါင်။
  • Lan Mintar ပေါ်တာလို့ခေတ်စားခဲ့တာ မဆလခေတ်ကပါ...ဒီနေ့ဒီအချိန်မှာ ဘယ်နေရာမှာမှ ပေါ်တာဆွဲတယ်မကြားတော့ဘူး ဘော်ဒါကြီး...ခုခေတ်ချာတိတ်တွေ အဲ့ဒီပေါ်တာဆိုတာ ဘာလဲမေးကြလိမ့်မယ်..
  • Lan Mintar လက်ခုတ်သံဆိုတာ...တစ်ဖက်တည်းတီးလို့ မမြည်ဘူးဆိုတဲ့..သဘောတရားလိုပေါ့
  • Kawthoo Lei ကိုငရဲသား အဲလင့်ကိုနှိပ်တာ page not found လို့ပြောတယ်။ ဘာတွေရေးထားတာလဲခင်ဗျာ။ ဖတ်ချင်တယ်။
  • Lan Mintar သမိုင်းဆိုတာ လိမ်လို့မရပါဘူးကွာ
  • Htet Hninse လိမ်လို့ရလို့ပဲ နှစ်ပေါင်းများစွာ လိမ်လာတာပဲ မှတ်လား.. လိမ်ပြီးရင်းလိမ်. သတင်းစာထဲမယ် ဒါချည်းဖတ်လာတော့ အလိမ်ပေါ် အလိမ်ဆင့်ရင်းနဲ့ လိမ်သူကိုယ်တိုင်တောင် ယုံလာသေးတာ
  • ငရဲ သား ဟဲဟဲ .. လာပြန်ပြီတစ်ယောက် ..။ ပေါ်တာက မဆလ ခေတ်ကတဲ့ ခုခေတ်မှာ စစ်သားမြင်ဖူးသူ တစ်ယောက်မှ မရှိဘူးဆိုရင် ခင်ဗျားပြောတာ လူတိုင်းယုံဖို့များတယ်....။ ရှေ့တန်းထွက်ဖူးတဲ့ အထက်အရာရှိလေးဘာလေးများရှိရင် ပြန်မေးကြည့်ကြပါဥိး ..။
    တစ်နိုင်ငံလုံးသိနေတဲ့ ကိစ္စကြီးကို သတင်းစာဆောင်းပါး လာမရေးနေပါနဲ့ ..။
  • Kawthoo Lei ပေါ်တာဆွဲတာမကြားတော့ဘူး ဆိုတဲ့သူအတွက် မနေ့ကဘဲ တွေ့ခဲ့တဲ့ ကရင်ပြည်နယ်မှာ အခုကိုပဲ ပေါ်တာဆွဲနေတဲ့ သတင်းလေး ပြမလို့ လင့်ပြန်ရှာနေတာမတွေ့တော့လို့။ အဲလိုထိတောင် ထင်နေတဲ့ ဖေ့စ်ဘုတ်ပေါ်ကလူတွေရှိနေတော့ ပါးစပ်အဟောင်းသားဖြစ်ရပါတယ်ဗျာ။
  • Lan Mintar ညီလေး.....စစ်သားလောကမှာ ပြောပြောနေတဲ့ ရှေ့တန်းရဲ့ Defination ကိုရော သိလား ..
  • Lan Mintar သိရင်ပြောပြကြပါအုံး....
  • Pa Yit ပေါ်တာဆိုတာမဆလခေတ်ကပဲဆိုတာသေချာလား..၊အာမခံသလား..၊
  • Lan Mintar အားလုံးကို လေးလေးစားစားနဲ့ဖိတ်ခေါ်ပါတယ်
  • Lan Mintar မဆလခေတ်ပြီး....စစ်တပ်အာဏာသိမ်းတဲ့ကာလမှာတော့ရှိတာပေါ့ကွာ
  • Kawthoo Lei ရှေ့တန်းရဲ့ Definition ကို Human Rights Watch တွေရဲ့ အစီရင်ခံစာတွေနဲ့ပဲ ချိန်ထိုးလိုက်မယ်။ ခံစားခဲ့ရတဲ့ ပြည်သူတွေနဲ့ တိုက်ရိုက် အင်တာဗျူးထားတဲ့ ဗီဒီယိုတွေ နဲ့ချိန်ထိုးလိုက်ရမယ်ဆိုရင် ရှေ့တန်းဆိုတာ စစ်သားတွေကနေ ပြည်သူပြည်သား တိုင်းရင်းသားတွှေအပေါ်မှာ လူ့အခွင့်အရေး အကြီးအကျယ်ချိုးဖောက်တဲ့ နေရာလို့ပဲ ထင်တယ်။ လက်ရှိမှာကို ကချင်ပြည်နယ်ထဲက ရွာတွေကိုမီးရှို့ထားတာ မှတ်တမ်းတွေရှိတယ်။
  • ငရဲ သား တစ်ထစ်တော့ လျှော့သွားရှာပြီ ..
    အထက်အရာရှိကို ပြန်မေးလိုက်ပြီနဲ့ တူဒယ်
  • Lan Mintar ကဲ......ဘော်ဒါကြီးတို့ရေ....အပေါ်တစ်ကောင်ကျော်ပြောသွားတာလေးကို သူငယ်ချင်းတို့အားလုံးသိဖို့ ရှယ်ပေးလိုက်ပါတယ်...
  • Pa Yit နီးစပ်တဲ့တပ်ကရဲဘော်တစ်ယောက်ကိုပဲဂုတ်ဆွဲခေါ်ပြီးမေးကြည့်..၊စစ်အစိုးရခေတ်နောက်ပိုင်းမှာစခန်းသိမ်းတိုက်ပွဲတွေမရှိတော့..ဒေသတွေမှာလှည့်ပတ်လှုပ်ရှားကြတယ်..၊အဓိကကကေအင်န်ယူပေါ့..အဲဒီမှာစစ်တပ်ရဲ့သွားလာလှုပ်ရှားမှုအတွက်..ဇာတ်တူသားစားတဲ့ထောက်ပို့တပ်က..ဘာစီစဉ်ပေးပါသလဲ..၊၊ဘယ်လိုဇာတ်တူသားစားသလဲ..၊ပေါ်တာရိက္ခာတွေကိုတပ်ရင်းမှုးတွေနဲ့ထောက်ပို့တပ်နဲ့ညှိပြီးဘယ်လိုကစားသလဲ..၊အောက်ခြေစစ်သားတွေကိုဘယ်လိုထားသလဲ..သိချင်လား..???ဇာတ်တူသားစတဲ့စောက်ကျင့်ကရှေ့တန်းကစတာဆိုတာသဘောပေါက်ထား..အစိုးရမင်းတွေဖြစ်မှဇာတ်တူသားစားတတ်တာမဟုတ်ဘူး..သဘောပေါက်...သိချင်ရင်ပြောချင်တဲ့သူတွေရိုက်သတ်လို့မကုန်ဘူး..၊လူနဲ့သူနဲ့မထားခံရတဲ့ကောင်မှန်သမျှမေးဖို့ဖို့မခက်ဘူး..
  • Lan Mintar စိတ်မဆိုးကြေးနော်....ခလေးအတွေးမို့...မင်းတို့ ရီလို့ရအောင်.........
  • Pa Yit အောက်ခြေတွေရဲ့စုတ်ပြတ်သတ်နေတဲ့ပုံတွေကို၊ဖြစ်စဉ်တွေကိုတစ်နေ့တစ်မျိုးမရိုးရအောင်ဖေါ်ပြဖို့လုံးဝမခက်ဖူးဆိုတာနားလည်ထား..
  • Kawthoo Lei ဒါပေါ်တာမဟုတ်ရင် ဘာလဲပြောပါ။ ဝေါ်လေဒေသတွင် အစိုးရတပ်က အရပ်သား ကားသုံးစီးကို ချောဆွဲ
    ဇန်န၀ါရီလ ၂၄ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)

    ကရင်ပြည်နယ်၊ မြ၀တီခရိုင်အတွင်းရှိ ဝေါ်လေဒေသတွင် မြန်မာအစိုးရစစ်တပ်က အရပ်သား (ဟိုင်းလိုက်)ကား ၃စီးကို ဇန်န၀ါရီလ ၂၂ရက်နေ့က ချောဆွဲခဲ့သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

    မြန်မာအစိုးရတပ်များဖြစ်သည့် စစ်ကွပ်ကဲရေးဌာနချုပ်(စကခ-၁၉)လက်အောက်ခံ ခြေလျင်တပ်ရင်း(ခလရ-၃၁၀၊ ၂၇၅)တို့က ဝေါ်လေ၊ လယ်ဂေါ်နှင့် အူးဖူးထာ့ ကျေးရွာတို့ရှိ ၎င်းအရပ်သားများ၏ ကားများကို ခေါ်၍ ဝေါ်လေမှ မောဖိုးကလိုးမြန်အစိုးရတပ်စခန်းသို့ ထိုနေ့မနက် ၁၀ နာရီဝန်းကျင်တွင် ပို့ဆောင်ခိုင်းခြင်းဖြစ် သည်ဟု သိရသည်။

    အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ဝေါ်လေနှင့် မောဖိုးကလိုးဟာ ကာနဲ့ ၂နာရီလောက် သွားရတယ်။ တကယ်ဆိုရင် သူများကို ခေါ်ခိုင်းတယ်ဆိုရင် အနည်းဆုံး ဆီဖိုးလောက်တော့ ပေးသင့်တယ်။ အခုက မပေးဘူး ဆိုတော့ စိတ်မကောင်းကြဘူး။ မြန်မာစစ်တပ်ကို ပြန်လည်း မပြောရဲကြဘူးလေ”ဟု ကေအိုင်စီသို့ ပြောသည်

No comments: