Saturday 21 July 2012

စစ်တွေ အခြေအနေ


စစ်တွေမြို့ မင်းဂံရပ်မှာ မနေ့က နေ့လည် ၁ နာရီကျော်လောက်က လူ ၂၀၀ လောက်ရှိတဲ့ လက်နက်ကိုင် လူအုပ်တအုပ် လမ်းပေါ်ထွက်လာတဲ့ အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေနတ်မိုးပေါ်ထောင် ဖေါက်ပြီး လူစုခွဲခဲ့ရတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ က ပြည်နယ်လွှတ်တော် အမတ် ဦးအောင်မြကျော်က RFA ကို ပြောပါတယ်။ "အယောက် ၁၅၀- ၂၀၀ လောက် ဗလီကဆင်းလာပြီး ဒီဘက်ကို တက်လာတယ်။ လက်ထဲမှာလည်း တုတ်တွေ ဓါးတွေနဲ့၊ လုံခြုံရေး
အဖွဲ့တွေက ၅ ယောက်လောက်ဘဲ ရှိတယ်။ နောက် လုံခြုံရေး အင်အားဖြည့်လာပြီးတော့ သူတို့ ကို ထိမ်းနိုင်တာပေါ့။ ထိမ်းတဲ့အခါမှာလည်း
ပြောလို့ မရတော့ မိုးပေါ်ကို ထောင်ပစ်တဲ့ အဆင့် ဖြစ်သွားတာပေါ့။
သေနတ်နဲ့ ပစ်ဖောက်ပြီးမှ အဲဒီလူအုပ်စုက ကွဲသွားတယ်။ နောက်ပိုင်းမှ သက်ဆိုင်ရာ လူကြီးတွေလည်း ရောက်လာကြပါတယ်။ အဲဒီနောက်ပိုင်းတော့ ထိမ်းထိမ်းသိမ်းသိမ်းနဲ့ သူတို့လည်း သူတို့နေရာ
ပြန်ရောက်သွားကြတယ်။"

ဒီဖြစ်ရပ်အပြင် ညနေပိုင်းမှာလည်း ရခိုင်ပင်လယ်ပြင်မှာ လူ တရာကျော်ကို သက်ဆိုင်ရာက ဖမ်းမိပြီး ထိမ်းသိမ်းလိုက်တယ်လို့ နာရေးကူညီမှု အသင်း နာယက ဦးမောင်ထွန်းကျော် ကပြောပါတယ်။

"ဟုတ်တယ်ဗျ။ ၁၀၀ ကျော်လောက်ရှိတယ်။ စက်လှေနဲ့ မလေးရှားတို့ ဘန်ကောက်တို့ သွားမယ့်လှေတွေထငတယ်။ နေဗီ (Navy) ကဖမ်းတာ။ "

ဒီနေ့တော့ အခြေအနေ တည်ငြိမ်နေပေမယ့် မြို့ခံလူထုကတော့ စိတ်ချလက်ချ မနေနိုင်သေးဘူး လို့ သိရပါတယ်။
 မူရင်းဖတ်ရန်

No comments: