July
20 ရက်နေ့တုန်းက (MDRI-CESD) နဲ့ Embassy of India (Myanmar) တို့
ဦးဆောင်ကျင်းပခဲ့တဲ့ “India’s Experience in Reforms” ဆိုတဲ့ Seminar ကို
သွားတက်ခဲ့တယ်။ ပင်တိုင်ရှင်းပြခဲ့သူတွေက Mr. Montek Singh Ahluwalia
နဲ့ဇနီး Dr. Isher Judge Ahluwalia ပါ။ မှတ်မိတာတွေက အများကြီးပါ။
၁. Reforms ဆိုတာကို လုပ်စရာလိုလို့လုပ်ရပါတယ်တဲ့။ အရေးကြီးတာက Reform ဟာ ဆင်းရဲသားများကို ဘယ်လို အကျိုးပြုသလဲ၊ ဘယ်လောက် အကျိုးပြုသလဲ ဆိုတဲ့ Inclusiveness ဆိုတဲ့ အချက်ဖြစ်ပါတယ် တဲ့။
၂. အလုပ်၊ အလုပ်၊ အလုပ် ဖြစ်ပါတယ်တဲ့။ India ရဲ့ GDP မြင့်တက်လာတာဟာ
အလုပ်အကိုင် ဖန်တီးပေးလို့ မဟုတ်ပါဘူး တဲ့။ လူတွေရဲ့အရည်အသွေးမြှင့်တင်ပေးလိုက်ခြင်းအားဖြင့် ထိုသူများဟာ ကိုယ်တိုင်အလုပ်ရှင်၊ အလုပ်လုပ်နိုင်သူများဖြစ်သွားလို့
Service Sector ဆိုတဲ့၊ ကိန်းကြီးခန်းကြီး အဆောက်အဦးမလိုတဲ့ “၀န်ဆောင်မှု
ကဏ္ဍ” ကြောင့် ဖြစ်ပါတယ်တဲ့။ India ဟာ ပညာရေးမှာ ရင်းနှီးမြှုပ်နှံမှု များစွာ
လုပ်လိုက်တဲ့အတွက် ဖြစ်ပါတယ်တဲ့။ ဟုတ်ပါတယ်လေ... ကမ္ဘာမှာ တက္ကသိုလ်
အများဆုံး တိုင်းပြည် ဆိုရင် India ဖြစ်နေဆဲ ထင်ပါတယ်။
၃. IT
ဝန်ဆောင်မှု... ဥပမာ... ရုံးပတီသီးနဲ့ ခရမ်းချဉ်သီးဘဲ စိုက်တဲ့တောင်သူဆိုရင်
သူစိုက်ပျိုးတဲ့ သီးနှံအတွက်ဘဲ ဈေးကွက်၊ ပိုးမွှား၊ ရောဂါ၊
နည်းပညာများအကြောင်းတွေကို သူ့ရဲ့ Cellphone နဲ့ သတင်းတွေကို ရွေးချယ်
(Selective) ရယူနိုင်တယ်တဲ့။ (အေးလေ... လူတိုင်း Cellphone
ကိုင်နိုင်တဲ့အပြင် ၀န်ဆောင်မှုလည်း ရှိနေတာကိုး။) မြန်မာနိုင်ငံမှာတော့
ကျွန်မကိုယ်တိုင်တောင် ၂ သိန်းကျော်အထိ ကျသွားမှ မနဲ ၀ယ်ကိုင်ရတဲ့အပြင်
အခုထိ “ဆဲဖုန်း” အစစ်ဖြစ်နေဆဲ။ သူမကြားကိုယ်မကြားဖြစ်လို့ ဆဲနေရတုန်း။
၎. Decentralization.. အရင်ကဆိုရင် ပြည်တွင်းစီးပွားရေးကို
ကိုယ့်ပြည်နယ်နဲ့ကို ရေးဆွဲကြတယ်တဲ့။ ပြည်နယ်က လုပ်လို့ မှားမှာကို
မကြောက်ပါနဲ့ တဲ့။ ဗဟိုက လုပ်တိုင်းလည်း မှန်တာမဟုတ်ဘူး တဲ့။ အရေးကြီးတာက
မှားပြီးရင် မှန်အောင် ဆက်လုပ်ဖို့တဲ့။ ဘယ်အတိုင်းအတာအထိ Inclusive ဖြစ်သလဲ
ဆိုရင်တောင် ပြည်နယ်စီးပွားရေး အစီအစဉ်မှာတောင် အချို့သော ခရိုင်တွေက
နောက်ကျကျန်ခဲ့တယ် ဆိုတာ ဖြစ်သေးတယ် တဲ့။ ဒါကြောင့် India ရဲ့ ခရိုင် ၆၀၀
ကျော်ထဲက ၂၅၀ ကျော်ဟာ Backward Districts အဖြစ်ရွေးချယ်ဖော်ထုတ်ထားခြင်း
ခံရတယ်တဲ့။ အခုနောက်ပိုင်းတော့ စီးပွားရေးအစီအစဉ်တွေကို ခရိုင်အလိုက်
လိုအပ်ချက်နဲ့အညီ ရေးဆွဲအကောင်အထည်ဖော်နေကြပါပြီတဲ့။
မြန်မာနိုင်ငံမှာ ဘာလုပ်ရင်ကောင်းမလဲ.....
၁. Reforms ဆိုတာကို လုပ်စရာလိုလို့လုပ်ရပါတယ်တဲ့။ အရေးကြီးတာက Reform ဟာ ဆင်းရဲသားများကို ဘယ်လို အကျိုးပြုသလဲ၊ ဘယ်လောက် အကျိုးပြုသလဲ ဆိုတဲ့ Inclusiveness ဆိုတဲ့ အချက်ဖြစ်ပါတယ် တဲ့။
၂. အလုပ်၊ အလုပ်၊ အလုပ် ဖြစ်ပါတယ်တဲ့။ India ရဲ့ GDP မြင့်တက်လာတာဟာ အလုပ်အကိုင် ဖန်တီးပေးလို့ မဟုတ်ပါဘူး တဲ့။ လူတွေရဲ့အရည်အသွေးမြှင့်တင်ပေးလ
၃. IT ၀န်ဆောင်မှု... ဥပမာ... ရုံးပတီသီးနဲ့ ခရမ်းချဉ်သီးဘဲ စိုက်တဲ့တောင်သူဆိုရင် သူစိုက်ပျိုးတဲ့ သီးနှံအတွက်ဘဲ ဈေးကွက်၊ ပိုးမွှား၊ ရောဂါ၊ နည်းပညာများအကြောင်းတွေကို သူ့ရဲ့ Cellphone နဲ့ သတင်းတွေကို ရွေးချယ် (Selective) ရယူနိုင်တယ်တဲ့။ (အေးလေ... လူတိုင်း Cellphone ကိုင်နိုင်တဲ့အပြင် ၀န်ဆောင်မှုလည်း ရှိနေတာကိုး။) မြန်မာနိုင်ငံမှာတော့ ကျွန်မကိုယ်တိုင်တောင် ၂ သိန်းကျော်အထိ ကျသွားမှ မနဲ ၀ယ်ကိုင်ရတဲ့အပြင် အခုထိ “ဆဲဖုန်း” အစစ်ဖြစ်နေဆဲ။ သူမကြားကိုယ်မကြားဖြစ်လို့ ဆဲနေရတုန်း။
၎. Decentralization.. အရင်ကဆိုရင် ပြည်တွင်းစီးပွားရေးကို ကိုယ့်ပြည်နယ်နဲ့ကို ရေးဆွဲကြတယ်တဲ့။ ပြည်နယ်က လုပ်လို့ မှားမှာကို မကြောက်ပါနဲ့ တဲ့။ ဗဟိုက လုပ်တိုင်းလည်း မှန်တာမဟုတ်ဘူး တဲ့။ အရေးကြီးတာက မှားပြီးရင် မှန်အောင် ဆက်လုပ်ဖို့တဲ့။ ဘယ်အတိုင်းအတာအထိ Inclusive ဖြစ်သလဲ ဆိုရင်တောင် ပြည်နယ်စီးပွားရေး အစီအစဉ်မှာတောင် အချို့သော ခရိုင်တွေက နောက်ကျကျန်ခဲ့တယ် ဆိုတာ ဖြစ်သေးတယ် တဲ့။ ဒါကြောင့် India ရဲ့ ခရိုင် ၆၀၀ ကျော်ထဲက ၂၅၀ ကျော်ဟာ Backward Districts အဖြစ်ရွေးချယ်ဖော်ထုတ်ထားခြင်း ခံရတယ်တဲ့။ အခုနောက်ပိုင်းတော့ စီးပွားရေးအစီအစဉ်တွေကို ခရိုင်အလိုက် လိုအပ်ချက်နဲ့အညီ ရေးဆွဲအကောင်အထည်ဖော်နေကြပါပြီတ
မြန်မာနိုင်ငံမှာ ဘာလုပ်ရင်ကောင်းမလဲ.....
No comments:
Post a Comment