Saturday, 18 August 2012

ပြည်သူကိုလိမ်ညာပြီး နည်းမျိုးစုံနဲ့ ပိုက်ဆံယူနေတဲ့ Sky net


Sky net ကုမ္ပဏီ ကနေ ဂြိုလ်တုပြောင်းမှာဖြစ်လို့ဆို ပြီး ထိပ်ဖူးများကို တစ်လုံးလျှင် (၈၀၀၀) ကျပ်ဖြင့် အိမ်တိုင်ရာရောက် လိုက်လံလဲ ပေးနေပါတယ်။ သူတို့ ဂြိုလ်တုပြောင်း တာ သူတို့ကုမ္ပဏီရဲ့တာဝန်သာဖြစ်ပါသည်။ ကျွန်တော်တို့နှင့်ဘာမှမဆိုင်လို့ထင်ပါသည်။ တစ်လုံးကို (၈၀၀၀) ကျပ်ဆိုပါက တစ်နိုင်ငံလုံး အလုံး ၁ သိန်း ရှိပါက ကျပ်သိန်း (၈၀၀၀) အနည်းဆုံးရရှိမည်ဖြစ
်ပါသည်။ (ထို့ထက်မကနိုင်ပါ)
ထို့အပြင်မရိုးသားမှု့မှာ နယ်များတွင် တစ်လုံးကို (၃၀၀၀) ကျပ်ဖြင့် လဲပေးခြင်းဖြစ်ပါသည်။ ဘာကြောင့်ကွာခြားမှန်းမသိပါ . . .
အဆိုးဆုံးမှာ ဘောလုံးပွဲ အားလုံးလွှင့်ပေးသည် ဆိုသည့် အချက်ဖြင့် တစ်လုံးကို တစ်သိန်းကျော်ပေးဝယ်ယူထားသူများအဖို့ Premier League ဘောလုံးပွဲစင်များ ထုတ်လွှင့်ပေးခြင်း မပြုတော့ခြင်းဖြစ်ပါသည်။
ပြည်သူတွေကိုနားလှည့် ပါးရိုက် လုပ်စားနေသော Sky net ကုမ္ပဏီ ကိုပြည်သူများမှ ၀ိုင်းဝန်း ဒဏ်ခတ်သင့်သည်ဟုထင်မြင်ယူဆပါသည်။
မှတ်ချက် ။ ။ ကျွန်တော်နှင့် Sky net ကုမ္ပဏီ ကြား ဘာပြဿနာမှ မရှိပါ။
Kyaw Naing Win

  • 45 people like this.
  • 23 shares
    • Myo Gyi that right
    • Kyaw Thu သုံးစွဲသူcustomerကိုစော်ကားတာ:-) ဆက်မသုံးသင့်တော့ဘူး:-) thank I love myanmar
    • Kyaw Koko မသိနားမလ တဲ့ပြည်သူတွေညာနေတာတော့မကောင်းပါဘူးဗျာ
    • 谷正菊 看不到字.只看到一些匡匡
    • Win Htut ဟုတ်တယ်ဗျာ တော်ပြီ 5 Network ကို ပဲဝယ်တပ်တော့မယ်
    • Phyo Zaw Thein Premier League ပဲအဓိကကြည့်တာဗျာ ဘယ်လိုဟာတွေလဲမသိပါဘူး ပြန်အိပ်လို့ရရင်အပ်လိုက်ချင်တယ်
    • Han Lin Maung လူဆိုး ☠ SkyNet ☠ ☻
    • Too Toelay ဂြိုလ်တုပြောင်းတာနဲ့ ထိပ်ဖူး ဘာဆိုင်ပါလိမ့် ဂြိုလ်တူပြောင်းတယ်ဆိုတာ ဘန်းလှည့်ရတာပါ
      9 minutes ago ·
    • Thu Aung righy very very right
      9 minutes ago ·
    • Aung Myo Kyaw ‎5 movies 5network တုန်ကလည်းဒီလိုပဲလေ ဘောလုံးပွဲအကုန်ုပြမယ်ဆိုပြီးတော့ နောက်ဆုံး Premier leadge တမျိုးပဲ ပြတော့တာ
      7 minutes ago ·
    • Aung Myo Kyaw ကျွန်တော်ဆိုခြင်တာကတော့ မြန်မာပြည်မှာ အကြီးအကျယ်ဒီလိုလိမ်လည်မှုတွေကိုဘယ်လို တုန့်ပြန်သင့်သလည်းဆိုတာ ဝိုင်းဝန်းစဉ်းစားကြပါ
      5 minutes ago ·
    • Aung Pyae Phyo ဘာမှမ၀ယ်တာကောင်းပါတယ်ဗျာ
      4 minutes ago ·
    • Ni Lay July သမီးတို့က အစကတည်းကိုက မြန်မာလိုင်းတွေ မယူဘူး... မူမမှန်လို့..
      2 minutes ago ·
    • ဖိုးဇော် ချစ် မြန်မာပြည်မှာ ကဖာ ကုန်မဏိတွေကြီးပါဘဲ ဘားမှမယုံရပါဘူး
      2 minutes ago ·

No comments: