Saturday, 24 August 2013

သံပရာခွံ အသုံးဝင်ပုံ

သံပရာခွံအသုံးဝင်ပုံကို အင်တာနက်ပေါ်မှာ ဖတ်မိတယ်။ လက်တွေ့စမ်းသပ်ချင်သူများအတွက် ပြန်မျှဝေပါတယ်။

အရည်ညှစ်ပြီးသား သံပရာခွံကို မပစ်ထုတ်ဘဲ ခွက်တစ်လုံးထဲထည့် ရေနွေးလောင်းထည့်ပြီး သံပရာရေနွေးကြမ်းအဖြစ် သောက်နိုင်ပါတယ်တဲ့။

သံပရာခွံကို ရေခဲသေတ္တာထဲထည့်ထားရင် ရေခဲသေတ္တာကို အနံ့အသက် ကင်းစင်စေသတဲ့။

သံပရာခွံကို ၁ဝမိနစ်လောက် မီးကင်ပေးရင် တစ်အိမ်လုံး သံပရာနံ့မွှေးစေနိုင်သလို အဲဒီအနံ့ကိုမနှစ်သက်တဲ့ ပိုးဟပ်တွေကိုလည်း အဝေးကို ပြေးစေနိုင်သတဲ့။ အဲဒီမီးကင်ပြီးသား သံပရာခွံကိုပဲ ကြောင်အိမ်ထောင့်တွေမှာ ထည့်ထားရင်လည်း ပိုးဟပ်တွေကို တားဆီးနိုင်သတဲ့။

ကုန်ကျစရိတ်သက်သာတဲ့နည်းမို့ စမ်းသပ်ကြည့်နိုင်ပါတယ်... စကားမစပ် လက်သည်းမှိုတက်ရင် ဘယ်လိုကုရမလဲလို့ တစ်ယောက်က ကော်မန့်ကနေ မေးထားပါတယ်။ လက်သည်းမှိုဆိုတာ ဘယ်လိုမျိုးလဲ ကျွန်မ မသိလို့ သိတဲ့လူရှိရင် ဖြေပေးကြပါလို့ တောင်းဆိုပါတယ်။ ကျေးဇူး.. 

Wednesday, 29 May 2013

ရဲတိုက်ဆန္ဒထုတ်ဖော်ခြင်းနှင့်St.Mary Cathedralသတင်းထုတ်ပြန်ချက်

စိန်မေရီကာသီဒြယ်ဘုရားကျောင်းတော်ကြီးသည်ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ၏ ၏အထွဋ်အမြတ်ထားရာဝတ်ပြုကိုးကွယ်သည့်နေရာဖြစ်သည်။ နံနက် ၈း၃၀နာရီမှ နေ့ လည်၁၂း၀၀နာရီအထိတစ်ကြိမ်၊ မွန်းလွဲ ၂း၀၀နာရီမှ ညနေ ၆း၀၀ နာရီအထိတစ်ကြိမ်၊ ဘုရားဖူးဘာသာတူများနှင့် လာရောက်လေ့လာသူများနှင့် ၀တ်ပြုဆုတောင်း သူများ အတွက် နေ့စဉ်ဖွင်လှစ်ပေးထားပါသည်။ မည်သည့်လာရောက်လေ့လာ၊ ၀တ်ပြုကိုးကွယ်သူ မည်သူမဆိုလူမျိုးဘာသာ မခွဲခြားဘဲ လွတ်လပ်စွာလာရောက်ခွင့်ပြုထားပါသည်။ ရှေးဟောင်းအဆောက်အဦ်းဖြစ်သည်နှင့်အညီ ထူးဆန်းသောဗိသုကာလက်ရာများတည်ရှိရာနေရာဖြစ်ရာ၊ ဗိသုကာပညာရပ်ကိုစိတ်ဝင်စား သောသူများနှင့် ပညာရှင်များလည်းလာရောက်လေ့လာလေ့ရှိပါသည်။ မည်သည့်ဘာသာရေးအဆောက်အဦးမဆို၊ တစ်သီးတစ်ခြားသတ်မှတ်ထား သည့် ဓါတ်တော် မွေတော်များထားရှိရာ သန့် ရှင်းသောနေရာများရှိတတ်ကြပါသည်။ ဤကဲ့သို့သောနေရာများသို့ ၀င်ရောက်ခြင်းကိုအထူးကြပ်မတ် စောင့်ရှောက်ထားပါသည်။

အ၀လွန်သူများ အတွက် ရှောက်ရွက်၏ အစွမ်း

 

 အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသော အမျိုးသမီးများ အတွက် ပထမဦးစွာ ရှောက်ရွက် ကြမ်းများကို ရှာထားပါ။
ပုလင်း တစ်လုံးစီတွင် ရိုးရိုး သကြားသုံးဇွန်း (ဟင်းစားဇွန်း) စီထည့် ရပါမည်။ ပုလင်းများ တစ်လုံးစီတွင် ရှောက်၉ရွက် စီထည့်ပေးပါ။ေ၇ကျက်အေးများ ပုလင်းထဲသို့ အပြည့် ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက် လှန်းပေးပါ။ ကိုးရက်စေ့လျှင် ဆေးဝါးအဖြစ် သုံးနိုင်ပြီ။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် အဆိုပါေ၇ှာက်၇ွက် ဆေးရည်ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်ကို မှန်မှန် သောက်သုံး သွားပေးပါ။

တစ်လနှစ်လ ရှိသောအခါ အမျိုးသမီးများ ခါးသေးရင်ချီပြီး အဆီပို ဗိုက်ရွှဲမှုများ ကျသွား၍ အသားအရေ စစ်သွားပါမည်။ အဆီကျ ဓာတ်စာဆေးများ စားခြင်းထက် စိတ်ချရသော ရိုးရာ ဆေးနည်း ဖြစ်ပါသည်။ မှန်မှန် သောက်သုံးခြင်းဖြင့် အသည်း အဆီဖုံးခြင်းနှင့် နှလုံးအဆီ ပိတ်ခြင်း တို့မှလည်း သက်သာ ပျောက်ကင်း စေပါသည်။

Sunday, 28 April 2013

မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ



၁။ ။ ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်း တစ်ဦးနဲ့ နှစ်ယောက်တည်း တူတူတက်ရဖို့ အခြေအနေကြုံလာခဲ့မယ်ဆိုရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကားထဲကို ဝင်လိုက်ပါ... ပြီးရင် ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ... ဥပမာ ကိုယ်သွား ရမယ့်အထ ပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ အကုန်နှိပ်ထားလိုက်ပါ... အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး....

Friday, 12 April 2013

စတိတ်ရှိုးပွဲတွင် တင်ပါးကိုင်သည့်အတွက် စိုင်းစိုင်းနှင့် သက်မွန်မြင့်၏ ချစ်သူတို့ ပြဿနာ ဖြစ်ပွား



မကြာသေးမီက ကျင်းပခဲ့သော စိုင်းစိုင်း မွေးနေ့ စတိတ်ရှိုးတွင် စိုင်းစိုင်းခမ်းလှိုင်က သက်မွန်မြင့်အား ပွေ့ချီနေသည့်ပုံများ အင်တာနက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်ကို တွေ့ရသည်။

ယင်းပုံနှင့်ပတ်သက်၍ သက်မွန်မြင့်၏ ချစ်သူဖြစ်သူ ကိုမျိုးအောင်သန်းက Fuji House အမည်ရှိ ကော်ဖီဆိုင်တွင် ၁၁.၄.၂၀၁၃ နေ့က စိုင်းစိုင်းနှင့်ဆုံမိစဉ် မကျေမနပ်ပြောကြားရာမှ အချေအတင် စကားများခဲ့ကြကြောင်း သိရသည်။

Saturday, 16 March 2013

အမျိုးသမီး ရင်သားကို နေ့စဉ် ကြည့်ရှု ခံစားသည့် အမျိုးသားများ၏ ကျန်းမာရေး ကောင်းမွန်နိုင်




လှပ ကျော့ရှင်းသည့် အမျိုးသမီးတဦး၏ ရင်သားအလှကို နေ့စဉ် ကြည့်ရှုခံစား နေသည့် အမျိုးသားတဦး © ( Photo: New England Journal of Medicine ) လှပ ကျော့ရှင်းသည့် အမျိုးသမီး တဦး၏ ရင်သားအလှကို နေ့စဉ် (၁၀)မိနစ်စီ ကြည့်ရှု ခံစားခြင်းသည် အမျိုးသားများ အတွက် ကျန်းမာရေး ကောင်းမွန် စေကြောင်း သိရှိရသည်။

Friday, 8 March 2013

မလေးရှား နိုင်ငံရောက် ရွှေမြန်မာများအား အထူးသတိပေးချက်

မလေးရှားနိုင်ငံရောက် ရွှေမြန်မာများအား ခရီးသွားသော အချိန်တွင် ဘေးရန်ကင်းဝေးစေရန်အတွက် အထူးသတိပေးချက် အနေဖြင့် အသိပေးအပ် ပါသည်။ယခုလပိုင်းအတွင်း ကေအယ် ကိုတာရာယာ တစ်ဝိုက်တွင် ရဲများ ကိုတာရာယာ ရထားဂိတ် ၊ ကားဂိတ် ၊ လမ်းထောင့်များ ၊ ချိုင်းနားတောင်း ၊ ပါစာစီနီး ၊ မိုင်ဒင်း ၊ မြန်မာဆိုင်တန်း ဖက်များတွင် ရဲများ... နှင့် ရေလာများ ၊ နှင့် အစုလိုက် ရှိနေတတ်ပြီး ခရီးသွား လာသူများကို စစ်ဆေးကာ အထောက်အထား မခိုင်လုံပါက ဖမ်းဆီးပြီး ငွေတောင်း တတ်ကြောင်း တွေ့ရှိရပါသည်။

မလေးရှားနိုင်ငံရောက် ရွှေမြန်မာများဖတ်ဖို့ အထူးသတိပေးချက်(၂)


KL က မြန်မာဆိုင်တွေဘက် သွားမယ်ဆို အထူးဂရုပြုစိုက်ဖို့ (မလေးရှားရောက် မြန်မာတွေ အားလုံးဖတ်သင့်သည်) ပထမဆုံး မလေးရှားကို ရောက်နေတဲ့ မြန်မာတွေကို ပြောချင်တာ နိုင်ငံခြားမှာ ကိုယ့်ပြည်ထက် လိမ်ညာမှုတွေပိုပေါ တယ်ဆိုတာ သိစေချင်ပါတယ်။

အထူးသဖြင့် ခုလတ်တလော တော်တော်များများ ၊ ခံနေရ၊ ကြုံတွေ့နေရတဲ့ ဖုန်းဝယ်တဲ့ ပြ...ဿနာ အကြောင်းကို ရွှေမြန်မာများ သိစေရန် အတွက် အသိပေး တင်ပြလိုက်ပါတယ်။

အထူးသဖြင့် မလေးရှားနိုင်ငံ ကေအယ်မြို လယ်က ကိုတာရာယာ ကုန်တိုက်မှာ မြန်မာ လူမျိုးတွေရော၊ တခြား နိုင်ငံတကာက အလုပ်သမားတွေရော အလိမ်ခံရတာကို ပြောပြချင်တယ်။

ကိုတာရာယာ ကုန်တိုက်ထဲမှာ နေ့တိုင်းလိုလို ဝယ်တဲ့သူတွေ ပြဿနာ တက်နေတာကို ကြည့်ရင် ... ကုန်တိုက်ထဲက ဖုန်းဆိုင် တော်တော်များများဟာ လိမ်ညာရောင်းချနေတယ် ဆိုတာ သိသာပါတယ်။ ပထမဆုံး ဖုန်းဝယ်ဖို့ ဆိုင်ရှေ့ကောင်တာမှာ ရပ်ကြည့်တာနဲ့  အတင်းဆိုင်ရှေ့က မခွာချင်အောင် ဆက်ဆံပြောဆိုပါမယ်၊ ပြီးရင် အပြင်မှာ တကယ့်ပေါက်ဈေး မလေးငွေ ၇၀၀ ကျော်ဖုန်းကို ၂၅၀ ၊ ၃၀၀ လောက်ပြောမယ်။

Monday, 4 March 2013

နေပြည်တော် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဌာနမှ Facebook Times သို့ တိုင်စာ


ကျွန်တော်/ကျွန်မတို့မှာ နေပြည်တော် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဌာနမှ လက်ထောက် မန်နေဂျာ
ဦးထက်အောင်လင်း အကြောင်းကို တိုင်ကြားလိုပါသည်

ဌာနတွင်းအရာရှိများကိုလည်း တိုင်ကြားမှုပြုခဲ့ပါသည်
သို့ပါသော်လည်း ကျွန်တော်/ကျွန်မ တို့မှာ သာမာန်ဝန်ထမ်းများသာဖြစ်ပါသဖြင့်
ကြည့်စီစဉ်ပေးပါမည်ပာုသာ ပြောကြား၍ လစ်လျှုရှုထားပါသဖြင့် အခုလို စာရေးသာပေးပို့၍
တိုင်ကြားရခြင်းဖြစ်ပါသည် တိုင်ကြားလိုသည့် အကြောင်းအရာများမှာ
အရာရှိဆောင်သန့်ရှင်းရေးလုပ်ပေးရမည်ဆိုပြီး ၀န်ထမ်းအိမ်ယာသို့ လာရောက်စေပြီး
မိမိလက်အောင်ဝန်ထမ်း မိန်းကလေးကို မတော်မတရားကျင့်ကြံဖို့ကြိုးစားပါသည်
ထို့ကြောင့် ထိုဝန်ထမ်းမိန်းကလေးမှာလဲ ရာထူးမှ ထွက်လိုက်ရပါသည်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မင်္ဂလာဆောင်တစ်ခုတွင် ဓားထိုးမှုဖြစ်ပွား



မလေးရှားနိုင်ငံ ကေအယ် ကွာလာလမ်ပူမြို့ရှိ ရွှေတောင် မြန်မာ စားသောက်ဆိုင်၌ မောင်ဇော်မိုးလွင်(ခ) ကျော်ကျော်လွင် နှင့် မသန်းသန်းမြင့်(ခ)မလေးတို့၏ မင်္ဂလာပွဲ ကျင်းပနေစဉ် အချိန်အတွင်း သတို့သမီး ဓားထိုးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်တာက ၂၇.၂.၁၃ ရက်နေ့ ညနေအချိန်ပိုင်း မင်္ဂလာပွဲလုပ်နေတဲ့ အချိန်မှာ ဖြစ်သွားတာပါ။ ဧည့်ခံပွဲလုပ်နေတဲ့အချိန် ရုတ်တစ်ရက် သတို့သမီးဖြစ်တဲ့ မလေးကို ဓားနဲ့ထိုးခံရတဲ့အတွက် မင်္ဂလာခန်းမအတွင်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့တယ်။