ကျွန်တော်/ကျွန်မတို့မှာ နေပြည်တော် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး
ဌာနမှ လက်ထောက် မန်နေဂျာ
ဦးထက်အောင်လင်း
အကြောင်းကို တိုင်ကြားလိုပါသည် ။
ဌာနတွင်းအရာရှိများကိုလည်း
တိုင်ကြားမှုပြုခဲ့ပါသည်
။
သို့ပါသော်လည်း
ကျွန်တော်/ကျွန်မ တို့မှာ သာမာန်ဝန်ထမ်းများသာဖြစ်ပါသဖြင့်
ကြည့်စီစဉ်ပေးပါမည်ပာုသာ
ပြောကြား၍ လစ်လျှုရှုထားပါသဖြင့်
အခုလို စာရေးသာပေးပို့၍
တိုင်ကြားရခြင်းဖြစ်ပါသည်
။ တိုင်ကြားလိုသည့် အကြောင်းအရာများမှာ
၁
။ အရာရှိဆောင်သန့်ရှင်းရေးလုပ်ပေးရမည်ဆိုပြီး
ဝန်ထမ်းအိမ်ယာသို့ လာရောက်စေပြီး
မိမိလက်အောင်ဝန်ထမ်း
မိန်းကလေးကို မတော်မတရားကျင့်ကြံဖို့ကြိုးစားပါသည်
၂
။ မည်သည့်ရုံးမဆို ၀န်ထမ်းလစာများကို လကုန်ရက်တွင် ထုတ်ပေးသော်လည်း
ပြည်တွင်းရေကြောင်းပို့ဆောင်ရေးရုံးမှာ
လကုန်ပြီး ၁၀ ကျော် ၁၅ ရက်မှသာ လစာများကို
ထုတ်ပေးပါသည်
။ လစာထုတ်ပေးသော ၀န်ထမ်းမှာ လစာငွေများကို အတိုးကြီးများဖြင့်
ချေးငှား၍
ဝန်ထမ်းလစာများကို အလွဲသုံးစားလုပ်နေပါသော်လည်း
ဦးထက်အောင်လင်း မှာ
မသိချင်ယောင်ဆောင်ပေးထားပါသည်
၃
။ ရုံးတွင်သန့်ရှင်းရေး
ဝန်ထမ်းထားရှိပါသော်လည်း
သန့်ရှင်းရေးဝန်ထမ်းများကို
ခိုင်းစေမှုမပြုဘဲ
လက်အောက်မှ
ဝန်ထမ်းများကိုသာ နေ့လည်၂နာရီထိုး နေပူထဲတွင် ဖျားနာနေသူမှအစ
သန့်ရှင်းရေးကို
နေ့တိုင်းဆောင်ရွက်ခိုင်းနေပါသည်
။ ဦးထက်အောင်လင်း မကျေနပ်သော
ဝန်ထမ်းဖြစ်ပါက
ရာထူးနှင့်လုပ်သက်ကိုမှ
မငဲ့ကွက်ဘဲ အိမ်သာမှအစ ဆေးခိုင်းပါသည်။
၎
။ ဦးထက်အောင်လင်း၏ လုပ်ရက်များကို သည်းမခံနိုင်ပါသဖြင့်
ဌာနမှ နှုတ်ထွက်သူတစ်ယောက်၊
ဌာနမှ
ပြောင်းရွှေ့သွားရသူနှစ်ယောက်
ရှိသွားပြီဖြစ်သဖြင့်
နောက်ထပ်ပြောင်းရွှေ့ပါက
နာမည်ပျက်မှာ
ကြောက်သဖြင့်
နောက်လူများကို ပြောင်းရွှေ့ခွင့်မပေးဘဲ
ပြောင်းရွှေ့ရန် စာတင်သူများကို
ရုံးတာဝန်များ
မတန်တဆခိုင်းစေခြင်း၊
ရုံးစောင့်တာဝန်များချထားခြင်း၊
ပစ်ဒဏ်ပေးခြင်း၊ ဆူပူခြင်း၊
မပာုတ်မမှန်သတင်းများကို
အထက်အရာရှိများသို့တင်ပြခြင်းများပြုလုပ်နေပါသည်
အထက်ပါကိစ္စများကြောင့်
ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနမှ
လက်ထောက်မန်နေဂျာ ဦးထက်အောင်လင်းအား အရေးယူပေးပါရန် လေးစားစွာဖြင့် တင်ပြအပ်ပါသည်။
No comments:
Post a Comment