Wednesday, 8 August 2012

အတိုက်အခံ


အတိုက်အခံလုပ်တဲ့နေရာမှာ ကောင်းတဲ့လုပ်ရပ်ဆိုရင် ကောင်းတယ်လို့ပြောနိုင်ရတယ်။ မကောင်းဘူးဆိုရင် မကောင်းဘူးလို့ပြောရဲရတယ်။ ဒါမှ ပြည်သူ့အတွက် လုပ်သော အတိုက်အခံ ဖြစ်မယ်။

ငါနာမည်ကြီးဖို့ဆိုပြိး အတိုက်အခံလုပ်ခြင်း၊ အကျိုးရလာဒ်တစ်ခုအတွက် အတိုက်အခံလုပ်ခြင်းက အတိုက်အခံနိုင်ငံရေးသမားမဟုတ်ဘဲ
ကန္တကောစ နိုင်ငံရေးသမားဖြစ်သွားတတ်တယ်။
ဟိုဖက်လည်း သုံးမရ၊ ဒီဖက်လည်း အသုံးမဝင်ပေါ့။


အကောင်းတကာ့အကောင်းဆုံး သိပ္ပံရုပ်ဝတ္တုပစ္စည်းတွေတောင်မှပဲ အားနည်းချက်တွေဆိုတာ ရှိတယ်။ အားနည်းချက်ကိုပဲ ဖိဖိပြော၊ အားသာချက်ကို ထည့်မပြောရင် "သောက်တင်းတုပ်"တာ ဆိုတာကို လူတိုင်းနားလည်တယ်။

ဦးသိန်းစိန်က အခုမှ စပြီး အကောင်းမြင်ခံရတဲ့လူ။ အကောင်းဖက်ကို ပြောင်းဖို့ဆိုတာမှာ အတင်းအကြပ် တောင်းဆိုတာ တစ်ခု တည်းလောက်ကိုသာ တစ်ခုတည်းသော နည်းစံနစ်တစ်ခုအနေနဲ့ နားလည်ထားရင် နိုင်ငံရေးလုပ်ဖို့မပြောနဲ့၊ ကိုယ့်အိမ်ထဲမှာ ကျန်မောင်နှမတွေနဲ့အပြိုင် အမေ့ဆီက အမွေတောင်းရင်တောင် ရမှာမဟုတ်ဘူး။

ညှိနှိုင်းတာ၊ တိုင်ပင်တာ၊အလျှော့အတင်း ဈေးဆစ်ယူကြရတာ၊ နှုတ်ချိုသျှိုတစ်ပါး ဆိုတာတွေက အလကားထားတာမဟုတ်ဘူး။ လူမှုဆက်ဆံရေး နည်းပရိယာတွေပဲ။

နှစ်ပေါင်းများစွာ လူဆိုးလူမိုက်လို့ အမြင်ခံလာရတဲ့ဘဝကနေ စပြီးပြောင်းဖို့ကြိုးစားနေတယ်ဆိုတဲ့ ခေတ်ပြောင်းခေတ်လွဲကာလမှာ မြန်မာပြည်အစိုးရကို စင်းလုံးချောတွေနဲ့ နှိုင်းနှိုင်းပြီး အပြစ်တင်နေတာကတော့ ကိုယ်ဟာ တစ်ကယ်ပဲ ကိုယ့်နိုင်ငံအတွက် အကျိုးလိုလားတဲ့ အတိုက်အခံလား၊ အရင်တုန်းကလို ဗမာပြေမှာ လူမိုက်တွေကြီးစိုးပြီး ကိုယ်က ဟီးရိုးစတိုင်ချိုးချိုးပြီး အတုင်းအုပ်ရတာကို ကမ္မဝါဖတ်နေရသလို ထင်မြင်နေတဲ့ လူလားဆိုတာ ပြန်သုံးသပ်ကြည့်ပေါ့။

(ရှစ်လေးလုံးမှာ အခမ်းအနားကို လာတဲ့ ဝန်ကြီးနှစ်ဦးအပေါ် အတင်းတုပ်တဲ့လူတွေအတွက်ပါ။)

No comments: