Wednesday, 7 November 2012

ချစ်ဇနီး


အဲဒီနေ့ ညနေခင်းကို ကျွန်တော်တစ်သက် မေ့နိုင်တော့မှာ မဟုတ်ပါဘူး။ အဲဒီညနေခင်းမှာ ခါတိုင်းလိုပဲ အားကစားသတင်း ကြည့်နေတဲ့ကျွန်တော့်ကို ရေချိုးခန်းထဲ ထွက်လာတဲ့မိန်းမက "မောင်... ခင့်ခြေထောက်မှာ ဘယ်လိုဖြစ်ပြီး မှဲ့နက်တစ်လုံး ပေါ်လာတာလဲ မသိဘူး?" လို့ ပြောတယ်။

Tuesday, 6 November 2012

မိဘမေတ္တာကို တန်ဖိုးထားပါ... သူတို့ရဲ့အချစ်တွေအာလုံးဟာ လုပ်သင့်လုပ်ထိုက်တာလို့ သဘောမထားမိလိုက်ကြပါစေနဲ့.


ကျွန်တော့ ဇနီး မှဲ့ကင်ဆာ ဖြစ်ပြီးကျွန်တော်တို့ဆီကနေ ထွက်ခွာသွားတာ ၂ နှစ်ရှိပါပြီ…
ကျွန်တော်ပြန်စဉ်းစားမိတယ်… အိမ်မှုကိစ္စလုံးဝမလုပ်တတ်တဲ့ကျွန်တော် နဲ့ သားလေးကို ထားခဲ့ ရတာ သူဘယ်လောက်ထိ ၀မ်းနည်းလိမ့်မလဲ။
ကျွန်တော်ကိုယ်တိုင်လဲ မိဘ ၂ယောက်စလုံးရဲ့ ဇာတ်ကောင်နေရာကနေကောင်းကောင်း မလုပ်နိုင်တဲ့ အတွက် ကိုယ့်ကိုယ်ကို အားမလို အားမရ ဖြစ်ခဲ့ရတယ်။

Monday, 29 October 2012

မြန်မာစစ်တပ်ဘယ်လောက်ယုတ်မာသလဲ



ပြည်သူလူထုနဲ့တိုင်းပြည်ရဲ့အပေါ်ကနေပြီးဗိုလ်ကျဖိနှိပ်အုပ်ချုပ်ရတဲ့အရသာကို စစ်တပ်ကကောင်းကောင်းသိနေပြီ။

ဒီလိုစစ်တပ်ဟာလုပ်ချင်တိုင်းလုပ်နိုင်ဖို့အတွက်
စစ်တပ်ဟာအရေးကြီးတယ်
တိုင်းပြည်ဟာရန်သူတွေအန္တရာယ်တွေဝိုင်းနေတယ်ဆိုတဲ့အတွေးအခေါ်ကို စစ်တပ်မှာရော ပြည်သူလူထုထဲမှာစိမ့်ဝင်အောင်လုပ်ပေးရတယ်။

Friday, 19 October 2012

ကချင်လူမျိုးများ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ခံရခြင်းလော

Jade Land
 
18,Oct 2012 post by Jinghpaw Kasa

အောက်တိုဘာလ ၁၇ ရက်နေ့ ည ၁၀ နာရီခွဲအချိန်တွင် ဗမာအစိုးရတပ် ဗျူဟာကုန်းမှ မမ ၈၁ လက်နက်ကြီး ဖြင့် ၁၂ လုံးခန့် ပစ်ခတ်ခဲ့ပါသည်။ လက်နက်ကြီးအများစုမှာ မော်မောကုန်း လူနေရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး၊ အပြစ်မဲ့ ပြည်သူ ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ပါသည်။ ဗမာအစိုးရ သမ္မတဦးသိန်းစိန်နှင့် ၀န်ကြီးဦးအောင်မင်
းတို့ KIA အား တိုက်ခိုက်ခြင်းမရှိကြောင်း၊ ရိက္ခာပို့ဆောင်ခြင်းသာ ဖြစ်ကြောင်းဟု ကမ္ဘာပတ်ပြီး လိမ်လည် လှည့်ဖျားခဲ့ပါသည်။

Wednesday, 17 October 2012

အိမ်နေတာပဲ ကောင်းပါတယ်....



"ဘာကွ... မြန်မာငွေ ပါမလာဘူး။ ဟုတ်လား။ မင်းတို့ဆီက

စင်ကာပူဒေါ်လာကဒီမှာသုံးလို့ ရမယ်ထင်လို့လားကွ။"

လူဝင်မှု အရာရှိ၏ ဟိန်းဟောက်မှုကြောင့် အဆိုပါ စင်ကာပူသား

ခေါင်းလေးပုဝင်သွားသည်။
ထို့နောက် မြန်မာစကား မပီကလာ ပီကလာဖြင့်

သတိရစရာ အမှတ်တရများ (၁၈


မိုးဇေညိမ်း

မြန်မာနိုင်ငံအတွင်းမှာ လက်တလော ရှိနေတဲ့ ထောက်လှမ်းရေး အဖွဲ့အစည်း တွေကတော့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ) တို့ရှိပါတယ်။ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနကို စတင်ဖွဲ့စည်းစဉ်က အဓိကတာဝန်ဟာ စီးပွားရေးဆိုင်ရာ ပြစ်မှုတွေနဲ့ အဂတိလိုက်စားမှုတွေကိ
ု စုံစမ်းစစ်ဆေး တရားစွဲဆိုဖို့ ဖြစ်ပေမဲ့ နိုင်ငံတော် ထောက်လှမ်းရေး စက်ဝန်းရဲ့ တစ်စိတ်တစ်ဒေသအဖြစ်လည်း ဆောင်ရွက်ရပါတယ်။

အံ့ရော...ကြားက မဆီမဆိုင် ကိုယ်တွေပါ အကုသိုလ်များတယ်

တိုင်းရင်းသားတွေကလဲ တိုင်းရင်းသားတွေပဲ၊ စာနဲ့ သေချာ ချရေးထားတာတောင် စကားလုံးအသုံးအနှုံးကစားပြီး မျက်စိရှေ့တည့်တည့်မှာတင် အမျိုးမျိုးလိမ်သွားတာ အခါခါ ခံခဲ့ဖူးပြီးတာတောင် ခုထိ အမှတ်သညာ တစ်စက်မှမရှိဘူး။ ခင်ဗျားတို့ အိုးနင်းခွက်နင်းလောက်ပဲ ပြောတတ်တဲ့ ဗမာစကားနဲ့ သွားဆွေးနွေးနေရထဲကိုက တစ်ပန်းရှုံးနေပြီဆိုတာ သတိထားမိလား?? ဒီကြားထဲ နှုတ်ဂတိဆိုတာကြီးပါ ပါလာပြီဆိုလို့ကတော့ (ကန်တော့ပါရဲ့).... နဲတောင် နဲသေးတယ်လို့ပဲ ပြောပါရစေ။ အမှတ်ကိုမရှိတာ အံ့ရော...ကြားက မဆီမဆိုင် ကိုယ်တွေပါ အကုသိုလ်များတယ်....ဟွင်း ...:(

ဖားကန့်မြို့နယ်လမ်းမပေါ် ရဲနဲ့ စစ်သားများ ရမ်းကား

2012-10-16 RFA

ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စုမှာ မနေ့က အောက်တိုဘာလ ၁၅ ရက် ညနေ ၅နာရီခွဲ အချိန်မှာ အဲဒီရပ်ကွက်မှာရှိတဲ့ မလန်းဘုန်းကြီးကျောင်း သွားတဲ့လမ်းပေါ်မှာ ရဲနဲ့ စစ်သား ၈ ယောက်လောက်က လမ်းသွားလမ်းလာတွေကို စစ်ဆေးနေပြီး ရိုက်နှက်တာတွေလည်း ရှိခဲ့တယ်လို့ သိရှိရပါတယ်။

“တော်တော်ပျံ တော်တော်ဝဲတဲ့ သမ္မတလူချောအဖွဲ့ ”


ဘာတဲ့။ သမ္မတကြီးဦးသိန်းစိန်က နောက်တစ်ဆက်ဆိုလား။နောက်တစ်သက်ဆိုလား သမ္မတလုပ်ဦးမှာဆို။ ဟုတ်လား။ ဖြစ်ရပြန်ပြီတစ်မျိုး။ဟိုတစ်ခါ ပြောသံကြားခဲ့ရတာကတော့ တစ်သက်တမ်းကျွတ်ရင် “ဂွတ်ဘိုင်” ပြီဆို။ ဘာတွေလဲဗျာ။ ရာဇပလ္လင်မှ တင်မနွေးသေးဘူး။ နောက်တစ်ရေးကုလားထိုင်စကား ပြောလာကြပြန်ပလား။

Monday, 15 October 2012

စိုးရိမ်ဖွယ်ရာ အခြေအနေ ရှိနေသည့် ဆယ်ကျော်သက် ပညာရေး လှုပ်ရှား သူ မိန်းကလေး

စိုးရိမ်ဖွယ်ရာ အခြေအနေ ရှိနေသည့် ဆယ်ကျော်သက် ပညာရေး လှုပ်ရှား သူ မိန်းကလေး ကို တာလီဘန် က ထပ်မံ သတ်ဖြတ် အုံးမည် ဟု ခြိမ်းခြောက်

မာလလာ သည် အနောက်တိုင်း လိုလား သူ တစ်ဦး ဖြစ်ပြီး ပါကစ္စတန် တာလီဘန် ၏ အမျိုး သမီးများ ပညာသင်ကြား ခွင့် မရှိ ဆိုသည့် အယူအဆ ကို ဆန့် ကျင် သူ တစ်ဦး ဖြစ်ကာ ၊ အမေရိကန် သမ္မတ သည် သူမ
၏ စံပြ ပုဂ္ဂိုလ် ဆို သောကြောင့် သတ်ရသည် ဟု တာလီဘန် ကို တို့  က ဆိုသည်။