Friday, 31 August 2012

ဒီမိုကရက်တစ်တပ်ဦး ABSDF(NB) ကျောင်းသားများကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့သည်ဆိုသူများအား တရားစွဲမည် ။


လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ် ကျော်က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး၊ အေဘီအက်စ်ဒီအက်ဖ် (မြောက်ပိုင်း) စခန်းအကျဉ်းထောင်၌ မတရားစွပ်စွဲ၍ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသူများက လူသတ်တရားခံအား တရားစွဲဆိုမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းကိစ္စတွင် ကိုယ်တိုင် ဖြတ်သန်းပါဝင်ခဲ့သ
ူတချို့က မြန်မာ အင်ဒီပဲန်ဒင့်သို့ ပြောသည်။

၁၉၉၂ခုနှစ်က ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ပါဂျောင်ဒေသရှိ အေဘီအက်စ်ဒီအက်ဖ်(မြောက်ပိုင်း) စခန်းတွင်ဖြစ်ပွားခဲ့သော ပြည်ထောင် စုနေ့ အစုလိုက် အပြုံလိုက် လူသတ်ပွဲ ကြီး၏ တရားခံကို ထိုစဉ်ကထွက် ပြေး လွတ်မြောက်လာသူများထဲမှ ကျန်ရစ်သူတချို့နှင့် ယင်းတို့၏ မိသားစုဝင်များက တရားစွဲဆိုခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိသည်။

Thursday, 30 August 2012

ဗဟုသုတဘဲ နဲရော့လေသလား? တရုပ်ကုမ္မဏီကရမယ့် ကော်မရှင်ကိုဘဲမျှော်ကိုးလေသလား? သတိထားစရာ တရုပ်ထုတ် ချယ်ရီကား အသက်အန္တရာယ်


ယနေ့ထုတ်မြန်မာ့အလင်းသတင်းတွင် " တရုပ်နိုင်ငံတွင်ထုတ်လုပ်ထားသည် မြန်မာကြိုက် ချယ်ရီဝက်ဂွန် မီနီစလွန်းကားများကို ယခုလကုန်မှစတင်ကာ ပြန်လည်ရောင်းချပေးသွားမည်ကြောင်း တာဝန်ရှိဌာနတာဝန်ရှိသူတဦးထံမှသိရှိရသည်။ ကားတွေကရောက်နေပြီ၊စတင်ရောင်းချဖို့အတွက်ပြင်ဆင်နေပါတယ်။ လက်ရှိဈေးကွက်ရဲ့ လိုအပ်ချက်အရ ကားစီးရေ ၂၀၀ဝန်းကျင်ကိုရောင်းချပေးသွားမ
ှာဖြစ်ပါတယ်။ " ပါရှိလာတဲ့ သတင်းကိုဖတ်လိုက်ရတော့ မြန်မာနိုင်ငံရဲ့ သက်ဆိုင်ရာဌာအာဏာပိုင်တွေဟာ နိုင်ငံတကာမှာ တရုပ်ထုတ်ကားကြောင့် အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ တားမြစ်ပစ္စည်းတခုအသုံးပြုထားမှုကြောင့် သူတို့နိုင်ငံတွေမှာ ဓါတ်ခွဲစစ်ဆေးနေတယ်ဆိုတဲ့ သတင်းကိုမဖတ်မိတာလား၊ နိုင်ငံတကာဗဟုသုတနည်းပါးတာလား၊ တရုပ်ကုမ္မဏီကနေ ပေးလာမယ့်ကော်မရှင်ငွေကိုမျှော်ကိုးပြီး ခွင့်ပြုနိုင်သူအာဏာပိုင်တဦးဦးကဘဲ အန္တရယ်ဖြစ်စေနိုင်တာကိုသိသိကြီးနဲ့ ခွင့်ပြုခဲ့တာလား အတွေးတွေများလာရပါတယ်။ ခုလိုခေတ်ပြောင်းစပ်ကူးမတ်ကူးကာလမှာ နောက်ဆုံးပိတ်အိတ်နဲ့လွယ်မယ်တဲ့ အရာရှိကြီးတွေ ကြုံးဝါးသံကို အစိုးရဌာနအသီးသီးမှာလည်း ကြားနေရတော့ တို့မြန်မာပြည်သူတွေ ဒီလိုဥာဉ်ဆိုးတွေ လက်က အမြန်ဆုံး လွတ်ကင်းဖို့

စစ်ထွက် တစ်ယောက်အား ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ရိုက်နှက်မှုဖြစ်


မြောင်းမြမြှို မရမ်းကုန်း ရွာမလမ်းမှာ နေထိုင်တဲ့ ကို.၀င်းကျော်သူ ရဲ့ ပုံဖြစ်ပါသည်။
ကိုဝင်းကျော်သူ ဟာ 28.8.2012 အင်္ဂါနေ့က မရမ်းကုန်းရွာမလမ်းမှာပဲရှိတဲ့ သူ့ရဲ့အဒေါ်တော်စပ်သူ ဒေါ်အေးအေးမြင့် ရောင်းတဲ့ ခေါက်ဆွဲဆိုင် ကိုသွားခဲ့ပါသည်။ ရပ်ကွက်ထဲမှာ နေထိုင်သူဖြစ်တဲ့ မင်းမင်းအောင်က ခေါက်ဆွဲဆိုင်မှ အရောင်းခုံကို တူနဲ့ထုသည့်အတွက် ကိုဝင်းကျော်သူမှ တားမြစ်ရာ ကိုဝင်းကျော်သူနှင့် မင်းမင်းအောင်တို့ နှစ်ဖက် စကားများခ
ဲ့ကြပါသည်။ အမဖြစ်သူ မစံပယ်ဌေးမှ တားမြစ်ခဲ့သည့်အတွက် ကိုဝင်းကျော်သူမှ မင်းမင်းအောင် နှင့် ဆက်လက် စကားများခြင်း မဖြစ်တော့ပဲ ငြိမ်နေခဲ့သည်ဟု သိရသည်။

Tuesday, 28 August 2012

မလေးရှားတွင် မြန်မာလူမျိုးများ လူအခွင့်အရေး ချိုးဖေါက်ခံနေရ


မလေးရှားနှိင်ငံ ဆလန်ဂေါ မြိုံတော် ပူချုန်း (မာဂျူးဂျာရာနယ်မြေ)တွင် ၂၀ ရက်နေ့ ည ပိုင်းတွင် မြန်မာလူမျိုးများသည်ဆာဖား (မလေးရှားနှိင်ငံသား..ဆာဖားလူမျိုး)များ၏
အနှိင်ကျင့် နှိပ်စက်ခြင်းခံခဲ့ရသည်.၄င်းတို့သည် တစ်ယောက်မကအရက်မူးရိုက်နှက်မှူ့မျာပြုလုပ်လာသောအခါမြန်မာလူမျိုးတို့သည် သည်းညည်းမခံနှိင်တော့ဘဲပြန်လည် ရိုက်နှက်မှူ့များပြုလုပ်လာကြသည်။ရိုက်နှက်မှူ့များ ပြီစီးသွားသော်ဆာဖား လူမျိုး ၂ ဦးအား ဆေးရုံတင်လိုက်ရသည်။

ပိုလျှံလို့လျှပ်စစ်ကိုရောင်းရတာပါဆိုတဲ့လျှပ်စစ်ဝန်ကြီး ဇော်မင်းနှုတ်ထွက်ခွင့်ပြုလိုက်ပြီ..


လျှပ်စစ်ဝန်ကြီးရဲ့ မှတ်သားဖွယ်ရာ ပြည်သူသို့ပြောစကား။
"ကျွန်တော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့။ သုံးစရာမရှိရင် ရောင်းစားရမယ်။ လျှပ်စစ်က ထုတ်ထားပြီးရင်လည်း သိမ်းထားလို့မရဘူး။ ထုတ်ထားပြီးရ
င် သုံးမှ မသုံးနိုင်ရင် ရောင်းမှ။"

မွန်ပြည်နယ်အတွင်း လေအားလျှပ်စစ်ထုတ်နိုင်ရေး ထိုင်းနိုင်ငံကုမ္ပဏီမှ စူးစမ်းလေ့လာမှုများဆောင်ရွက်လျှက်ရှိ


မွန်ပြည်နယ်အတွင်းလျှပ်စစ်ဓါတ်အားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှတ်(၂)လျှပ်စစ်ဓါတ် အားဝန်ကြီးဌာန နှင့် ထိုင်းနိုင်ငံ Gunkul Engineering Public Co;Ltd တို့ပူးပေါင်း၍ မွန်ပြည်နယ်အတွင်း၌ လေစွမ်းအင်သုံးလျှပ်စစ်ဓါတ်အား မဂ္ဂါဝပ်(၁၀၀၀) ထုတ်လုပ်နိုင်ရေးအတွက် ကျွမ်းကျင်သူများအဖွဲ့မှ မွန်ပြည်နယ်အတွ
င်းရှိ ပေါင်မြို့နယ် ကုလားမတောင်ရှိ Zingyaik Site နှင့် ဘီးလင်းမြို့နယ်အနီးရှိ Blin Site နေရာများတွင် စီမံကိန်းဖြစ်နိုင်စွမ်းလေ့လာမှုနှင့် ကွင်းဆင်းတိုင်းတာရေး လုပ်ငန်းများဆောင် ရွက်လျက်ရှိပြီး မိုလေ၀သနှင့် လေတိုက်နှုန်းတိုင်းတာရေးတိုင်များစိုက်ထူလျက်ရှိကြောင်း၊ လေ့လာရေးစီမံ ကိန်းများမှာ လာမည့် ၂၀၁၃ခုနှစ် စက်တင်ဘာလလောက်တွင်ပြီးဆုံးမှာဖြစ်ပြီး လုပ်ငန်းအောင်မြင်ပါက ၂၀၁၅ခုနှစ်၊ နှစ်လယ်ခန့်တွင် စက်လည်ပြီး စီးပွားဖြစ်ထုတ်လုပ်နိုင်မှာဖြစ်ကြောင်း သိရသည်။

Monday, 27 August 2012

ပြင်းထန်တဲ့ တိုက်ပွဲကြောင့် ကချင်စစ်ဘေးဒုက္ခသည် ပိုမိုထွက်ပြေး


2012-08-26 RFA

ကချင်ပြည်နယ် ဖားကန့် မြို့ နယ်မှာ အစိုးရ စစ်တပ်စစ်ကြောင်းတွေနဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွါးနေတဲ့ အတွက် စစ်ပြေးဒုက္ခသည်တွေ ဖါးကန့် မြို့ ပေါ်ကို ထွက်ပြေးလာတာ အခုဆိုရင် အနည်းဆုံး သုံးသောင်းကျော် ရှိပြီလို့  ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ NGO အဖွဲ့ဝင်တဦးက ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးတွေ ပြောင်းလဲတာ ဝန်ပေးအပ်


  • ပြည်ထောင်စုဝန်ကြီးတွေ ပြောင်းလဲတာ ဝန်ပေးအပ်တဲ့စာရင်းကို နိုင်ငံတော်သမ္မတ ရုံးက(၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၇ ရက် ) ယနေ့ နေ့ စွဲဖြင့် ထုတ်ပြန် လိုက်ပါတယ်။

    စက်မှုဝန်ကြီး ဦးစိုးသိန်း၊ ရထားဝန်ကြီး ဦးအောင်မင်း၊ စီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး ဦးတင်နိုင်သိန်း၊ ဘဏ်ဏ္ဍာရေးဝန်ကြီး ဦးလှထွန်းတို့ကို သမ္မတရုံးဝန်ကြီးတွေအဖြစ်နှင့်၊

    အလုပ်သမားဝန်ကြီး ဦးအောင်ကြည် ကို ပြန်ကြားရေး ဝန်ကြီး။

Facebook မှာ ကိုယ့် Profile ကို ဘယ်သူတွေ ဝင်ကြည့်သလဲ



မြန်မာပြည်ကတင် မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ Facebook user တော်တော်များများ သိချင်တဲ့ မေးခွန်း ဖြစ်ပါတယ်။

အချို့  က ကိုယ့် Profile ကို ဘယ်သူတွေ ဝင်ကြည့်သလဲ၊ ဘယ်နှစ်ယောက် က ဝင်ကြည့်သလဲဆိုတာကို သိအောင် Facebook မှာ ပြုလုပ်နိုင်တယ်လို့ ယုံကြည်နေကြပါတယ်။ အမှန်တော့ လုံးဝမရပါဘူး။ Facebook ရဲ့  Privacy Policy အရ ဘယ်သူကမှ ကိုယ့် Profile ကိုယ်ဘယ်သ
ူဝင်ကြည့်တယ်ဆိုတာ သိခွင့်မပေးပါဘူး။ ဘာကြောင့်လဲဆိုတာကတော့ Facebook မှာ အကြောင်းပြချက် သီးသန့်ရှိနေပါတယ်။ Facebook တင်မကပဲ အခြား Social Network တော်တော်များများလည်း ဒီ Option ကို ပေးမထားပါဘူး။ User interface သာ အဲလောက်ထိ ပေးလိုက်ရင် Facebook မှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်၌ ယနေ့ ဆွေးနွေးခဲ့သော ဒေါ်အောင်ဆန်းစုကြည်(ကော့မှူးမဲဆန္ဒနယ်)၏ ဆွေးနွေးချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။



အခု ဦးမြင့်စိုးအဆိုကို တရားဥပဒေရှုထောင့်က ကြည့်နိုင်သလို နိုင်ငံရေးရှုထောင့်ကလည်း ကြည့်နိုင်ပါတယ်။ တရားဥဒေရှုထောင့်ကနေ အများအပြား ဆွေးနွေးသွားပြီး ဖြစ်ပါတယ်။ အဲဒါကိုတော့ ထပ်ပြီးမဆွေးနွေးတော့ပါဘူး။ နိုင်ငံရေးရှုထောင့်ကနေပဲ ဆွေးနွေးပါရစေ။ နိုင်ငံရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒီမိုကရေစီကိုကျင့်သုံးတဲ့ နိုင်ငံတွေမှာ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့အကြား ချိန်ခွင်လျှာညီမျှရေးအတွက် ဆောင်ရွက်ကြရတာ ဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အငြင်းအခုံတွေ ဖြစ်ကြတာ ပြသနာတွေတက်တာ မထူးဆန်းပါဘူး။ ထိုနည်းတူပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်တာ။ သဘော မတူညီမှုတွေဖြစ်တာ၊ ပြသနာတွေတက်တာလည်း မထူးဆန်းပါဘူး။