Saturday, 8 March 2014

လူကြီးလူကောင်းဆန်ပါစေ


မာလာယု၊ မေယု၊ မန္တလေး

၁။ မန္တလေးမှာ လက်နက်တွေ ဆက်တိုက်မိတယ်ပြောတာပဲ။ Assault Riffles ပါမပါ သတိမထားမိတာ အမှန်ပါပဲ။ ကျည်ကာအင်ကျီတွေ၊ လေးခွတွေ၊ ဓားရှည်တွေ ပါတာတော့ တွေ့မိတယ်။ တကယ်လို့ လက်နက်များကို အမှန်တကယ် ရှာဖွေတွေ့ရှိမယ်ဆိုရင် မာလာယု၊ မေယု၊ မန္တလေးဆက်နွှယ်မှုကို သတိပြုရပါလိမ့်မယ်။ ဒါပေမဲ့ တွေ့ရှိတဲ့လက်နက်များဟာ မြန်မာအိမ်မှာလည်းပဲ ရှိတဲ့ လက်နက်များဆိုရင် ဒါဟာ တဖက်သတ် ဖြစ်သွားပါတယ်။ (၆)လက်မထက် ရှည်တဲ့ ဓားကို သိမ်းထားရင် ဥပဒေအရ ညိပေမဲ့ မြန်မာအိမ်အတော်များများမှာ အဲဒီလိုဓားမျိုး ရှိပါတယ်။ ဟုတ်ရင် ဖမ်းတာဆီးတာ ကောင်းပါတယ်၊ မဟုတ်ရင်တော့ ဒါက ဖိနှိပ်တာပဲ ဖြစ်တယ်။

မျိုးညစ်များ နေမထိထိုင်မသာ

၂။ Bimstec တတိယထိပ်သီးညီလာခံကို တက်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က သမ္မတဦးသိန်းစိန်နဲ့ သီးခြားတွေ့ဆုံရာမှာ ဘင်္ဂလီဒုက္ခသည်များကို ပြန်လက်ခံဖို့ တိုက်တွန်းခဲ့ရာ သမ္မတသိန်းစိန်က လက်မခံဘဲ ပယ်ချခဲ့ကြောင်း သမ္မတရုံးက ပြောတယ်။ ဒုက္ခသည်အရေးကို သီးသန့်ဆွေးနွေးဖို့ သမ္မတသိန်းစိန်က လက်ခံခဲ့ကြောင်း ဘင်္ဂဂလားဒေ့ရှ်အစိုးရရုံးက ထုတ်ဖော်ပြောကြားခဲ့ပေမဲ့ သိန်းစိန်ရုံးက မဟုတ်မှန်ကြောင်း ငြင်းဆိုသွားတယ်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တွေ့ခဲ့ရာ ပြောဆိုချက်များကို မသိရလို့ ရဲမိုးတို့လို မျိုးညစ်၊ စစ်ဖွတ်လော်ဘီအချို့က နေမထိထိုင်မသာ ဖြစ်လျက်ရှိကြောင်း သိရတယ်။

မြန်မာနိုင်ငံဖွဲ့စည်းပုံက အကောင်းဆုံးဖွဲ့စည်းပုံများကနေ ကူးယူခဲ့ကြောင်း ရွှေမန်းဆို

၃။ ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းက လက်ရှိ ၂၀၀၈-ခုဖွဲ့စည်းပုံဟာ အမေရိကန်၊ ဗြိတိန် အစရှိတဲ့ ဒီမိုကရေစီနိုင်ငံများရဲ့ ဖွဲ့စည်းပုံများက ကောင်းကွက်တွေကို ယူငင်ပြီး ရေးဆွဲထားခဲ့ကြောင်း၊ ဒါပေမဲ့ မြန်မာနိုင်ငံအခြေအနေနဲ့ မကိုက်ညီလို့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းအဆင်မချောခဲ့ကြောင်း၊ လွှတ်တော်ရဲ့ ဥပဒေပြုရေးကို အစိုးရက ဝင်စွက်ကြောင်း၊ ၂၀၁၅-ခုရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီက အလျှော့ပေးမှာမဟုတ်ကြောင်း၊ ၂၀၁၅-ခုနောက်ပိုင်း ဖြစ်ပျက်မဲ့အကြောင်းအရာကို သိပေမဲ့ ပြောပြဖို့ အချိန်မကျသေးကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတယ်။ အကောင်းဆုံးဥပဒေနဲ့ အကောင်းဆုံးလွှတ်တော်၊ အကောင်းဆုံးရှေ့ဖြစ်ဟောနိုင်သူ ရှိနေလို့ မြန်မာနိုင်ငံ စည်ပင်ဝပြောပါစေ။ 

Tuesday, 4 March 2014

သင့်ကိုချစ်တဲ့ မိန်းကလေး






မိန်းကလေးတိုင်း ငိုတတ်ကြတယ်။ သူတို့က ငိုချင်တိုင်း ငိုကြတာတော့ မဟုတ်ဘူး။ သူတို့ရင်ထဲမှာ နာကျင်လို့၊ ခံစားရခက်လို့၊ အကူအညီလိုလို့ ငိုတာဖြစ်တယ်။ ချစ်သူယောက်ျားလေးဖြစ်တဲ့ သင်က ဒါကိုပထမဦးဆုံး သတိပြုမိရမှာဖြစ်ပြီး သူ့နာကျင်မှုတွေ အပြင်ကို မျက်ရည်အဖြစ်နဲ့ စီးကျမလာခင် သူ့ကိုနှစ်သိမ့်၊ အားပေးကူညီသင့်တယ်။

မိန်းကလေးတွေက ကိုယ့်ချစ်သူကို "ငါ့ကိုချစ်လားဟင်" လို့ မေးတတ်ကြတယ်။ ဒီလိုမေးရာမှာ အခြေအနေ နှစ်မျိုးရှိတယ်။ ပထမအချက်က သူ့ချစ်တဲ့ကောင်လေးက ဒီစကားကို သိပ်မသုံးတော့လို့။ ဒုတိယအချက်က မိန်းကလေးတွေ ကိုယ့်ကိုယ်ကို သံသယရှိလာလို့ ဖြစ်တယ်။ သူဒီလိုမေးလာတဲ့အချိန်မှာ သူ့ကို ရင်ခွင်ထဲပွေ့ဖက်ပြီး နူးညံ့ညင်သာစွာနဲ့ "နင့်ကို ငါချစ်တယ်" လို့ပြောပါ။ ဒီစကားတစ်ခွန်းတည်းနဲ့ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို သင်ကာကွယ်နိုင်ပါလိမ့်မယ်။

မိန်းကလေးတွေက ဘာမှန်းညာမှန်းမသိ စိတ်တိုတတ်ကြတယ်။ သူတို့စိတ်တိုရတာ အကြောင်းရှိတယ်။ မကြည့်သင့်တာကို သင့်ကြည့်ခဲ့လို့၊ မပြောသင့်တာကို သင့်ပြောခဲ့လို့ဖြစ်တယ်။ ဒါမှမဟုတ် နောက်ကျမှ ဆက်တဲ့ဖုန်းကြောင့်ဖြစ်တယ်။တကယ်တော့ မိန်းကလေးတွေရဲ့ နှလုံးသားက နူးညံ့လွန်းတယ်။ ခွင့်လွှတ်ဖို့ သင်တောင်းပန်မယ်၊ သူ့ကို ယုယကြင်နာမယ်ဆိုရင် သူ့ရဲ့ စိတ်တိုဒေါသတွေက လေနဲ့အတူလွင့်သွားတဲ့ တိမ်လိုမျိုး တခဏချင်း ပျောက်ကွယ်သွားမှာဖြစ်တယ်။

မိန်းကလေးတွေက လက်ဆောင်ပန်းစည်း အမြဲလိုချင်တတ်ကြတယ်။ ပန်းကြိုက်တာမိန်းကလေးတိုင်းရဲ့ မွေးရာပါဖြစ်တယ်။ ယောက်ျားလေးတွေ သိထားရမှာက တန်ဖိုးကြီးတဲ့ နှင်းဆီပန်း တစ်စည်းပဲဖြစ်ဖြစ်၊ တောပန်းပွင့်လေး တစ်ပွင့်ပဲဖြစ်ဖြစ် တချို့မိန်းကလေးအတွက် ကျေနပ်မှုက တူတူပဲဖြစ်တယ်။ အဓိက,က သင့်ရဲ့ ရိုးသားတဲ့စိတ် ရှိဖို့ပဲဖြစ်တယ်။

မိန်းကလေးတွေက ဖုန်းအမြဲစောင့်တတ်တယ်။ ဒါက ချစ်စကြင်စ အချစ်ပင်လယ်မှာမျောနေတဲ့ မိန်းကလေးတို့ရဲ့ သဘာဝဖြစ်တယ်။ ဖုန်းကို လက်ထဲမှာ အမြဲကိုင်ထားပြီး ချစ်သူရဲ့ဖုန်းကို စောင့်နေတတ်ကြတယ်။

Friday, 13 December 2013

ဗုဒ္ဒဘာသာရဲ့ အားဆေးဆိုရင်... မနက်ဖြန်မှာကျနော်ဟာ ဘာသာမဲ့ ဖြစ်တယ်။



ဝတ်စရာမရှိ၊ အရှက်လုံအောင် အစုတ်နဲ့ နေလို့ရတယ်...
စားစရာမရှိ၊ ထမင်းကြမ်းခဲ ဆားနဲ့ စားလို့ရတယ်....။
တစ်နေ့စာ ၀မ်းရေးတောင် အနိုင်နိုင် ဘ၀တွေကို
ခင်ဗျားတို့ မို့ မီးပုံရှို့ရက်တယ်။
ခင်ဗျားတို့ဘာရလဲ...
သူတပါးပေါ် အကြမ်းဖက်တာ၊ဘ၀တွေကိုဖျက်စီးတာ
ပျော်စရာ ကောင်းလို့လား..
အခု...သူတို့မှာ အိမ်မရှိတော့ဘူး။ဘ၀မရှိတော့ဘူး။
ငိုနေတဲ့ သူတို့ရဲ့ မျက်ရည်ဟာ
ဗုဒ္ဒဘာသာရဲ့ အားဆေးဆိုရင်...
မနက်ဖြန်မှာကျနော်ဟာ ဘာသာမဲ့ ဖြစ်တယ်။

အပြမတော်တဲ့ မြန်မာဇာတ်ဝင်ခန်းတွေ မကြည့်ရဲရင် နိုင်ငံခြားကားလဲ မကြည့်နဲ့

မရီုက်ဖူးလို့တော့မပြောဘူး ကြည့်တဲ့ပရိသတ်ကိုပါ မကြည့်နဲ့တဲ့
ကျန်တဲ့သူတွေမပြောဘူး
နင်တို့ မြန်မာမတွေ

Thursday, 5 December 2013

ဆီးဂိမ်း အကြိုဂုဏ်ပြုပွဲကို Pee mak မင်းသမီးနဲ့ ထိုင်းမင်းသား တက်ရောက်



မေမြန်မာ

၂၇ ကြိမ်မြောက် ဆီးဂိမ်းအကြိုဂုဏ်ပြုပွဲကို ရန်ကုန် Junction Squireမှာ မနေ့ ညနေ ၆ နာရီကနေ ၉ နာရီအထိ ကျင်းပခဲ့ရာမှာ သရုပ်ဆောင် လူမင်း၊ စိုင်းစိုင်းခမ်းလှိုင်၊ မိုးစက်ဝိုင်တို့နဲ့ တခြား အနုပညာရှင်များစွာ အပြင်၊ ထိုင်းနိုင်ငံကနေ ဖိတ်ကြားထားတဲ့ Pee mak ရုပ်ရှင်မင်းသမီး Davira နဲ့ အဆိုတော် မင်းသား Mr.Mos တို့ တက်ရောက် အားဖြည့် ဂုဏ်ပြုခဲ့ကြ ပါတယ်။

ရွှေသန့်စင်လုပ်ငန်း၏ ဘေးထွက်ဆိုးကျိုးများကြောင့် ပြည်သူလူထု ထိခိုက်နစ်နာနေရမှုအား အရေးယူပေးရန်။

(email ဖြင့် ပေးပို့သော တိုင်စာ)
အမည်..........ဦးပြည့် ဖြိုးအောင်
မှတ်ပုံတင်အမှတ်......၇/တငန(ပြု)၀၀၀၁၆၆
နေရပ်လိပ်စာ............၁၇/၁၇၂၊ဈေးလမ်း၊တောင်ငူမြို့ ။
ဖုန်း..............၀၅၄-၂၃၄၃၃(တဆင့် ခေါ်)

အကြောင်းအရာ ။  ။ ရွှေသန့်စင်လုပ်ငန်း၏ ဘေးထွက်ဆိုးကျိုးများကြောင့်
ပြည်သူလူထု ထိခိုက်နစ်နာနေရမှုအား
အထက် အကြောင်းအရာပါ ကိစ္စနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊
(၁၇) ရပ်ကွက်၊ ဈေးလမ်း အိမ်အမှတ် (၁၇/၁၇၃) နေ ဦးသန်းထိုက်အောင် ဒေါ်အီငု
တို့ ပိုင်ဆိုင်သော (ဆန်းရတနာ ရွှေသန့်စင်လုပ်ငန်း) တွင် အသုံး
ပြုလျှက်ရှိသော ဆာလ်ဖျူရစ်အက်စစ်အငွေ့နှင့်
ရွှေသန့်စင်ရာတွင်အသုံးပြုပြီးေ
သာ စွန့်ပစ်ဒြပ်ပစ္စည်းများကြောင့် ၎င်းပတ်
ဝန်းကျင်ရှိ ဈေးလမ်းနေပြည်သူလူထုများနှင့် ရတနာလမ်းနေ ပြည်သူလူထုများ
များစွာထိခိုက်နေရပါသည်။

အနုပညာလောက နှင့် အာဏာရှင်မိသားစု မူးယစ်ဆေး အရှုပ်တော်ပုံ (၁)

 ၂။ လတ်တလောသတင်းဖော်ထုတ်ချက်အနေဖြင့် ၂ဝဝ၈ ခုနှစ်၊ ရန်ကုန်သင်္ကြန်ကာလအတွင်း မူးယစ်ဆေးဝါး သုံးစွဲ ရေကစားမှုများပြုလုပ်မည်ဟူသော သတင်းများအရ သတင်းပေးများဖြင့် စနစ်တကျ သတင်းတည်ဆောက်ခဲ့ရာ ရန်ကုန်မြို့ အလံပြဘုရားလမ်း ယုဇနဂါးဒင်းဟိုတယ်ရှိ Pioneer Club နှင့် တက္ကသိုလ်ရိပ်သာလမ်းရှိ BME Club တို့တွင် မင်းနိုင်ဆိုသူမှ ECSTASY ဆေးပြားများ ဖြန့်ဖြူးမည်ဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။ သတင်းအရ ရန်ကုန် အရှေ့ပိုင်း မူးယစ်အထူးအဖွဲ့မှ ၁၂-၄-၂ဝဝ၈ နေ့ ၁၄းဝဝ အချိန်တွင် ကမာရွတ်မြို့နယ်၊ ၁ဝရပ်ကွက်၊ ဦးဝိစာရလမ်းနှင့် ချင်းတွင်းလမ်းထောင့်၊ ပင်လုံထိပ်ထားစံအိမ်၊ အခန်း အမှတ် ၈ဝ၄ ရှိ မင်းနိုင်(ခ) စိုးလှိုင်မြတ်၊ ၄ဝ နှစ် (ဘ) ဦးချစ်မောင်အား ECSTASY ဆေးပြား ၆၉ ပြား နှင့် WY စိတ်ကြွဆေးပြား ၄၅ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

၆။ XXXXXXX
(က) အမေရိကန်နိုင်ငံမှ ECSTASY ဆေးပြားများ စီးဝင်ရောက်ရှိမှု
(၁) ၄-၂-၂ဝဝ၅ နေ့တွင် ရန်ကုန်မြို့ရှိ K Paradise Hotel တွင် ရဲကျော် (ခ) ကျော်ကျော်ဝင်းကို
ထံမှ ECSTASY ဆေးပြား ၆ ပြားကိုဖမ်းဆီးရမိခဲ့ပြီး ၄င်း၏နေအိမ်မှ ECSTASY ဆေးပြား ၂၈၆ ပြားကို ထပ်မံဖမ်းဆီးရမိခဲ့၍ ဥပဒေနှင့်အညီ အရေးယူခဲ့ပါသည်။ စစ်ဆေးပေါ်ပေါက်ချက်များအရ ရဲကျော် (ခ) ကျော်ကျော်ဝင်းကိုသည် အမေရိကန်နိုင်ငံသား ခံယူထားသူ မြန်မာလူမျိုးဖြစ်ပြီး အမေရိကန်နိုင်ငံတွင် ပညာသင်ကြားနေသူဖြစ်ပါသည်။ ၂ဝဝ၃ ခုနှစ်မှစ၍ ECSTASY ဆေးပြား ၈၂၅ ပြားကို Centrum ဆေးပြားဘူးများအတွင်း ခိုးဝှက်ထည့်သွင်းပြီး လေကြောင်းဖြင့် အကြိမ်ကြိမ် သယ်ဆောင်ခဲ့ကြောင်းလည်း ပေါ်ပေါက်ခဲ့၍ကျောက်တံတားမြို့နယ် တရားရုံးမှ သေဒဏ်ချမှတ်ခံထားရသူ ဖြစ်ပါသည်။

အနုပညာလောက နှင့် အာဏာရှင်မိသားစု မူးယစ်ဆေးဝါး အရှုပ်တော်ပုံ (၂)


အပိုင်း-၂ *
-------------------------------
၁၁။ ရန်ကုန်မြို့တွင် အဓိကဖြန့်ဖြူးသူ အောင်နိုင် (ဖမ်းဆီးရမိပြီး) ထံမှ စိတ်ကြွဆေးပြားများကို အများဆုံး ဝယ်ယူသူ နောက်တစ်ဦးမှာ ထက်ထက်အောင် (ဘ) ဦးသိန်းဝင်း ဖြစ်ပါသည်။ ၄င်းမှာ လူငယ်များအား ဆေးပြားများကို ရောင်းချပြီး ကိုယ်တိုင်လည်း သုံးစွဲသူဖြစ်ပါသည်။

၁၂။ စိုးမြတ်ကလျာသည် မဖြိုးထံမှလည်းကောင်း၊ ယခင် မဖြိုးထံမှ နောက်ပိုင်းတွင် အောင်နိုင်ထံမှ လည်းကောင်း၊ ၂ လအတွင်း ဆေးပြား ၂ဝဝ ပြား ၃ ကြိမ်ဝယ်ယူခဲ့ပြီး ၂ဝဝ၇ ခုနှစ်၊ သင်္ကြန်အကြိုနေ့တွင် အောင်နိုင်မှ စိုးမြတ်ကလျာ၏ နေအိမ်အဝသို့ ဆေးပြား ၂ဝဝ ပြားကို ကိုယ်တိုင်လာရောက်ပို့ပေးခဲ့ကြောင်း၊ အောင်နိုင်ထံသို့ စိတ်ကြွဆေးပြားဖိုးအကြွေးငွေ ၁၄ သိန်း ပေးရန်ကျန်ရှိနေသေးကြောင်း သိရှိရပါသည်။

အောင်ဇော်ရဲမြင့်

၁၄။ အောင်ဇော်ရဲမြင့် (၂၉/၀၈ နှစ်) သည် အဘဒုတိယဗိုလ်ချုပ်ကြီး ဦးရဲမြင့်၊ အမိ ဒေါက်တာ ဒေါ်တင်လေးမြင့်တို့မှ မွေးဖွားသော မွေးချင်း ၃ ဦးရှိသည့်အနက် ဒုတိယသားဖြစ်ပါသည်။ ရန်ကုန်ဇာတိဖြစ်ပြီး ၁၉၉၆ခုနှစ်တွင် တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီး မန္တလေးတက္ကသိုလ်မှ B.C Tech နှင့် M.C Tech ဘွဲ့ ရရှိခဲ့သည်။

အနုပညာလောက နဲ့ အာဏာရှင်မိသားစု မူးယစ်ဆေးဝါး အရှုပ်တော်ပုံ (၃)


အပိုင်း-(၃)
++++++++++++
ရန်ကုန်မူးယစ်အရှေ့အထူးအဖွဲ့ စစ်ဆေးချက်
စိုးမြတ်သူဇာ (ခ) မစိုး၏ အစစ်ခံချက် (၃ဝ-၄-၂ဝဝ၈)

၁။ အမည် - စိုးမြတ်သူဇာ (ခ) မစိုး
၂။ အသက် - ၁၉၇၁ (၃၇/ဝ၈)နှစ်
၃။ အလုပ်အကိုင် - ရုပ်ရှင်ဗွီဒီယိုသရုပ်ဆောင်
၎။ မှတ်ပုံတင်အမှတ် - ၁၂/ဗဟန (နိုင်)ဝ၆၉၄၉၃
၅။ အဘအမည် - ဗိုလ်မှူးစိုးမြင့် (အငြိမ်းစား)၊ နေရပ် - မ-၁၇၈၊ ရွှေနှင်းဆီ (၆) လမ်း၊ ၉ မိုင်၊ မရမ်းကုန်း
၆။ အမိအမည် - ဒေါ်ကြည်ကြည်ခင်၊ နေရပ် -

အနုပညာလောက နဲ့ အာဏာရှင်မိသားစု များရဲ့ မူးယစ်ဆေးဝါး ပြဿနာ အပိုင်း (၄)


Moe Zay Nyein
အပိုင်း(၄)

(မှတ်ချက် -
အပိုင်း-၁ မှာ ဒီဇာတ်လမ်းတွေရဲ့အစကို ဖော်ပြထားပါတယ်။ ၂၀၀၈ ခုနှစ် သင်္ကြန်မှာ တရားခံတစ်ယောက်ကို စတင်ဖမ်းမိပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာတော့ ၂၀၀၈ ခုနှစ် နှစ်လည်ပိုင်းလောက်မှာ ဖြစ်ပါတယ်။ ဒီတော့ အပိုင်း-၁ ကို မဖတ်မိသူတွေအနေနဲ့ လက်ရှိဖြစ်နေတဲ့ကိစ္စလို့ ထင်နေကြလို့ပါ။ သတိထားကြည့်မယ်ဆိုရင် အစစ်ခံချက်တွေရဲ့ ခေါင်းစဉ်တွေမှာလည်း စစ်ဆေးတဲ့နေ့စွဲတွေကို ပူးတွဲဖော်ပြ ထားတာကို တွေ့နိုင်ပါတယ်။

ဒီဖိုင်တွေကို ကျွန်တော့် ကွန်ပျူတာထဲမှာ သိမ်းထားခဲ့တာ လေးနှစ်ကျော် ငါးနှစ်လောက် ရှိပါပြီ။ ဖေ့စ်ဘုတ်မှာ ဖော်ပြဖို့လည်း မကြာခဏစဉ်းစားဖူးပါတယ်။ ဒါပေမဲ့ ဖိုင်တွေရဲ့ မူလဖောင့်က Win Researcher ဖောင့်တွေဖြစ်နေတာမို့ လက်လျှော့ခဲ့တာပါ။ ဒီအတိုင်းပဲထားရင် ဒိတ်အောက်ကုန်မယ်လို့ စဉ်းစားမိတာမို့ တပည့်တစ်ယောက်ကို အကူအညီတောင်း Zawgyi ဖောင့်ပြောင်းခိုင်းပြီးလို့ ဒီစာတွေ ဖေ့စ်ဘုတ်ပေါ် တင်ဖြစ်တာပါ။