Saturday, 15 December 2012

ရခိုင်ပြည်မှ လာသော သတင်းဆိုး


ရခိုင်ပြည်အနှံ့ စစ်တပ်မှ မိုးဆုံးမြေဆုံး တရွာဝင်တရွာထွက် တအိမ်တက်ဆင်း လိုက်လံဖမ်းဆီးနေပါသည်၊ တချို့နေရာများတွင် ကုလားများမှ လက်ညှိုးထိုး ဖမ်းခိုင်းလျှင် မလွတ်တမ်း ဖမ်းဆီးခံနေကြရပါသည် ဟု သိရပါသည်၊ မြို့ရော ကျေးလက် ဒေသမရွေး ၊ကျား မ မရွေး ရခိုင်လူမျိုးများကိုသာ ကြက်ကလေးငှက်ကလေးလို ဖမ်းဆီးနေသည်
မှာ အလွန်တရာမှ ၀မ်းနည်းဖွယ် ကောင်းလှပါသည်၊ ကိုယ့်ပြည် ကိုယ့်မြေတွင် ကိုယ့်လူမျိုးများ တရားခံ ဖြစ်နေကြရသည်မှာ မည်သို့မျှ ခံစားနားလည်၍ မရပေ၊ ရခိုင်လူမျိုးများသည် ခောတ်အဆက်ဆက် အစိုးရများ၏ (Political Game)ထဲတွင် အလူးအလိမ့်ခံစားနေကြရသည်မှာ ယနေ့ မှသည် နောင် မည်၍မည်မျှ ခံစားကြရပါမည်နည်း၊ စစ်တပ်မှ ရသေ့တောင်နှင့် ကျောက်တော်တွင် ရက်ရက်စက်စက် ရခိုင်လူမျိုးများကို ပစ်သတ်သည်မှာ အဘယ့်ကြောင်းပါနည်း၊ ကျောက်တော်တွင် ရွာအပြန်ဖြတ်သန်းသွားသည့် မော်တော်ဘုတ် တစ်စီးအား အောက်တိုဘာလ အဓိကရုန်းတွင် (Cease Fire) လုပ်ထားသည့် သူများ ပါဝင်ပတ်သက်သည်ဟု ယူဆကာ စစ်တပ်မှ ဒရကြမ်း စိန်ပြေနပြေ ပစ်ခတ်ခဲ့သဖြင့် (၃၅) ယောက်ပါ အဆိုပါဘုတ်မှ (၉)တမ်း ကျောင်းသားလေး တစ်ဦးသာ ကုလားတန်မြစ်ထဲ ဒိုင်ဗင် ထိုးချ၍
အသက်မသေပဲ သေနတ်ဒဏ်ရာ ပလပွ နှင့် ရူးကြောင်ကြောင် ဖြစ်သွားပြီး ယနေ့ထိ ဆေးကုသမှု ကို ခံယူနေရပါသည်၊ကျန်လူများအားလုံး ပွဲချင်းပြီး ပါ၊ မြစ်ထဲခုန်ချသည်ကိုပင် ခေါင်းဖော်လာသည်နှင့် ရက်စက်စွာပစ်သတ်ခဲ့သည်၊ ရခိုင်လူမျိုးတို့၏ တပူပေါ် နှစ်ပူ သုံးပူ ဆင့်ရသည်က ရင်နာမဆုံး တသက်လုံး အပူမီးအုံး၍သာ ဘ၀က တုံးသွားပါလိမ့်မည်၊ အဘယ့်ကြောင့်ဆိုသော် လယ်ယာမြေများကို စစ်တပ်မှ သိမ်းပိုက်ထား၍ ကန်စွန်းရွက်စိုက်စားဖို့ပင် နေရာကျန်ပါအုံးမည်လား?
(၁) ဥပဒေမဲ့ ပစ်သတ်သော စစ်သားများကို ဥပဒေကြောင်းအရ အရေးယူပါ၊

ရေနွေးကြမ်း နှင့် နှလုံးခုန်ရုတ်တရက် ရပ်တန့်ခြင်း



(ရေနွေးကြမ်း နှင့် နှလုံးခုန်ရုတ်တရက် ရပ်တန့်ခြင်း) ဒီဆောင်းပါးလေး ဟာ အလွန်ကောင်းမွန်တဲ့ ကျန်းမာရေး နဲ့ ပက်သက်တဲ့ ဆောင်းပါးလေးပါ။) ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့  သတိပေးတာ တခုတည်းမဟုတ်ပဲ နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ့  ရောဂါကိုလဲ သတိပေးရာရောက်ပါတယ်။ တရုတ်လူမျိုး နဲ့  ဂျပန်လူမျိုး တွေ ဟာ ထမင်းစားနေစဉ် မှာ ရေနွေး သေ
ာက်သုံးတဲ့  အလေ့ ရှိကြပါတယ်။ ရေအေး ( ရေခဲ ရေ သောက်သုံးလေ့ ) မရှိကြပါဘူး။ ခုချိန်မှာ တော့ သူတို့ ဆီက ထမင်းစား စဉ် ရေနွေးသောက်သုံး တဲ့  အလေ့ အထ ကို ပြောင်းလဲ ကျင့်သုံးသင့်ပါတယ်။ ထမင်းစား ပြီး တော့ ရေခဲရေသောက်သုံးသူတွေ အတွက် တော့ သက်ရောက်မှု့  ရှိပါတယ်။

Friday, 14 December 2012

ဒေါ်အောင်ဆန်းစုကြည် မိန်ခွန်းပြောကြားမည့် စင်အား ပေါက်ကွဲမူအသေးစားတစ်ခု ဖြစ်ပွားခဲ့


မြိတ်ခရိုင်ကျွန်းစုမြို့ နယ် ကန်မော်ရွာရှိ၊ ဒေါ်အောင်ဆန်းစုကြည် မိန်ခွန်းပြောကြားမည့် စင်အား သန့်ရှင်းရေးပြုလုပ်နေစဉ် ပေါက်ကွဲမူအသေးစားတစ်ခု ယနေ့ သုံးနာရီအချိန်တွင် ဖြစ်ပွားခဲ့ကြောင်း NLD Central နှင့် NLD Dawei facebook များတွင် ဖော်ပြထားချက်အရ သိရသည်။

အဆိုပါ သတင်းနှင့် ပတ်သတ်၍ ပေါက်ကွဲမှုဖြစ်စဉ်အပြီး ကိုယ်တိုင်သွားရောက် ကြည့်ရှုခဲ့သူ မြိတ်ခရိုင်ကျွန်းစုမြို့ နယ် ကန်မော်ရွာရှိ ဒေါက်တာထူးနေအောင်ကို မေးမြန်းခဲ့ရာ “ညနေ သုံးနာရီလောက်မှာ ဦးနောင်မဲပိုင်ဆိုင်တဲ့ ကွင်းပြင်မှာ သန့်ရှင်းရေးလုပ်ရင်း မြက်ခြောက်များကို မီးရှို့ရင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တာပါ အဲ့ဒီဖြစ်စဉ်မှာ မြက်ခြောက်မီးရှို့နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် အမျိုးသမီးနှစ်ယောက် ထိခိုက်ဒဏ်ရာအနည်းငယ် ရခဲ့တာပါ၊ တစ်ယောက်က ရင်ဘတ်မှာ နောက်တစ်ယောက် ပေါင်မှာပါ၊ တစ်ယောက်ကို ၂ ချက်စီလောက် ချုပ်ရတယ်” ဟု Eleven Media Group သို့ ဖြေကြားခဲ့သည်။

ခွေးလိမ္မာ

ကသာမြို့နယ်အတွင်း မိန်းမပျိုများ အကြောင်းမဲ့ ပျောက်ဆုံးလျှက်ရှိ၊ဒီဓါတ်ပုံရှင်အား တွေ့ရင် အကြောင်းကြားပေးကြပါ

(ဟာဂျူလီ-ကသာ)

Photo: ကသာမြို့နယ်အတွင်း မိန်းမပျိုများ အကြောင်းမဲ့ ပျောက်ဆုံးလျှက်ရှိ၊ဒီဓါတ်ပုံရှင်အား တွေ့ရင် အကြောင်းကြားပေးကြပါ(ဟာဂျူလီ-ကသာ)
ကသာမြို့ အမှတ်(၉)ရပ်ကွက်နေ မမေသက်ဇွန်သည် ၁၂၊၁၁၊၁၂ရက်နေ့ မနက်က အကြောင်းမဲ့ ပျောက်ဆုံးသွားခဲ့ပါသည်၊ထိုမိန်းကလေးမှာ အသက်၂၄နှစ်ရှိပြီဖြစ်ပြီး စက်ချုပ်မှုအလုပ်လုပ်
ကိုင်သူဖြစ်ကြောင်း ၄င်း၏မိခင်ဖြစ်သူဒေါ်ခင်နန်းမြင့်မှ ကျွန်တော့်ထံ ဆက်သွယ်ပြောဆိုခဲ့ပါသည်၊
“ကျွန်မသမီးလေးက ကျွန်မနဲ့ အတူနေလို့ ရည်းစားမရှိတာ ကျွန်မသိပါတယ်၊တကယ်လို့ ရည်းစားနောက်လိုက်သွားရင်လည်း အခုဆို (၁)လရှိနေပါပြီ၊သတင်းတစ်ခုခုတော့ ကြားရမှာပေါ့၊
အခုလို ရုတ်တရက် ဘာသတင်းမှ မကြားရဘဲ စုန်းစုန်းမြုတ် ပျောက်သွားတော့ ပိုစိတ်ပူနေရပါတယ်၊သမီးလေးပျောက်သွားတဲ့နေ့က စက်ချုပ်ပစ္စည်းတွေလည်းပါသွားတယ်၊သူ့ဆိုင်ကယ်ကို
လည်း ပေါင်သွားတယ်၊သူဆိုင့်ကယ်သွားပေါင်တဲ့ မိတ်ဆွေကပြောတာတော့ မေသက်ဇွန်ဆိုင်ကယ်လာပေါင်တဲ့ အချိန်မှာ ကသာမြို့ခံမဟုတ်တဲ့ မျက်နှာစိမ်းတစ်ယောက်ပါလာတယ်တဲ့၊
နောက်ပြီး ဗန်းမော်သွားတဲ့ ကားလမ်း၊ငါးအိုးရွာမှာလည်း မေသက်ဇွန်ကို အဲဒီမိန်းကလေးနဲ့ပဲ တွေ့တဲ့သူရှိတယ်တဲ့၊ဒီတော့ ကျွန်မတို့အနေနဲ့ လူကုန်ကူးခံလိုက်ရပြီလားလို့ တွေးမိပါတယ်”
ဒေါ်ခင်နန်းမြင့်ပြောခဲ့သည့် ဖြစ်စဉ်မျိုးမှာ ၂၀၁၀ခုနှစ်ကလည်း အင်းတော်မြို့တွင် ဖြစ်ဖူးခဲ့ပါသည်၊မြို့ခံမိန်းကလေးများကို ဆေးတိုက်ပြီး လူကြီးများ မသိအောင် အ၀တ်အစားယူစေ၍ တရုတ်နိုင်ငံသို့
ခေါ်ဆောင် ရောင်းချခဲ့သည့် ဖြစ်စဉ်များဖြစ်ပါသည်၊ထိုဖြစ်စဉ်အား ကျွန်တော်မှ ဖေါ်ထုတ်ရေးသားခဲ့ရာ  လူကုန်ကူးခဲ့သည့် တရားခံ များအားလုံး ထောင်(၁၀)နှစ်ကျခံလိုက်ရပြီးဖြစ်ပါသည်၊
ယခုပျောက်ဆုံးသွားသည့်ဖြစ်စဉ်မှာ ယခင်အင်းတော်မြို့တွင် ဖြစ်ပွားခဲ့သော ခြေရာလက်ရာအတိုင်းဖြစ်နေပါသောကြောင့် မိခင်ဖြစ်သူ၏ စိုးရိမ်မှုမှာ အပြစ်ဆိုစရာမရှိပါ၊ထိုပျောက်ဆုံးသွားသောမိန်းကလေးနှင့် ပါတ်သက်၍
တွေ့ရှိသူများး၊တွေ့မြင်သူများရှိပါက ကျွန်တော့်ထံ အွန်လိုင်းမှတဆင့်(သို့မဟုတ်)ဖုန်း၀၉၆၄၆၈၄၅၅ သို့ ဆက်သွယ်ကူညီပေးနိုင်ရန် ရေးသားလိုက်ရပါသည်၊(ဟာဂျူလီ-ကသာ)
ကသာမြို့ အမှတ်(၉)ရပ်ကွက်နေ မမေသက်ဇွန်သည် ၁၂၊၁၁၊၁၂ရက်နေ့ မနက်က အကြောင်းမဲ့ ပျောက်ဆုံးသွားခဲ့ပါသည်၊ထိုမိန်းကလေးမှာ အသက်၂၄နှစ်ရှိပြီဖြစ်ပြီး စက်ချုပ်မှုအလုပ်လုပ်
ကိုင်သူဖြစ်ကြောင်း ၄င်း၏မိခင်ဖြစ်သူဒေါ်ခင်နန်းမြင့်မှ ကျွန်တော့်ထံ ဆက်သွယ်ပြောဆိုခဲ့ပါသည်၊
“ကျွန်မသမီးလေးက ကျွန်မနဲ့ အတူနေလို့ ရည်းစားမရှိတာ ကျွန်မသိပါတယ်၊တကယ်လို့ ရည်းစားနောက်လိုက်သွားရင်လည်း အခုဆို (၁)လရှိနေပါပြီ၊သတင်းတစ်ခုခုတော့ ကြားရမှာပေါ့၊

Thursday, 13 December 2012

ကိုယ့်နိုင်ငံမှာ မျက်နှာ ငယ်ရတယ်....


13 December 2012 20:02
၂၀၁၂ အာဆီယံ-အိန္ဒိယချစ်ကြည်ရေး ကားမောင်းပွဲမှာ မောင်းနှင်းခဲ့ရတဲ့ လမ်းတွေထဲက ကိုယ့်နိုင်ငံအတွင်းမှာ မောင်းနှင်ရတာဟာ မျက်နှာငယ်ရတယ်လို့ ဝေဋ္ဌုကျော်က ပြောဆိုလိုက်ပါတယ်။

ခင်ဗျားတို့ပြောတဲ့ အထက်ကအမိန့်


၁။ အဖွဲ့အစည်းအားလုံးရဲ့ဖွဲ့စည်းပုံ (Organization Structure)ဟာ သူလုပ်ရမည့်လုပ်ငန်းနှင့် ကိုက်ညီအောင် ဖွဲ့စည်းထားရတာပါ။ အကျဉ်းထောင်ရဲ့အဓိက ရည်ရွယ်ချက်က အကျဉ်းသား ထွက်မပြေးနိုင်ဖို့၊ လုံခြုံမှုရှိဖို့ပါ။ ဒါကြောင့် တံခါးဖွင့်ပိတ်စနစ်တွေ၊ လူစစ်တဲ့စနစ်တွေ ပစ္စည်းထုတ်/သွင်းစနစ်တွေ၊ အုပ်ချုပ်တဲ့စနစ်တွေက တခြားအဖွဲ့အစည်းတွေနဲ့မတူပါ။ အလားတူ စစ်တပ်ကလည်း စစ်တိုက်ဖို့အတွက် ဖွဲ့ထားတဲ့ အဖွဲ့အစည်းဖြစ်လို့ သူ့ရဲ့ဖွဲ့စည်းပုံ၊ အုပ်ချူပ်ပုံ စီမံခန့်ခွဲပုံ ၊ခံယူချက်၊ အတွေးအခေါ်တို့ဟာ ကျန်တဲ့အဖွဲ့အစည်းနဲ့မတူပါ။ ဘာလို့လဲဆိုတော့ ထမ်းဆောင် ရတဲ့တာဝန်မတူလို့ပါ။

မိုဘိုင်းဖုန်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာအချို့


မိုဘိုင်းဖုန်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာ အချို့ကို စုစည်း ဖော်ပြလိုက် ရပါတယ်။

၁။ ကမ္ဘာ့ ပထမဆုံး လက်ကိုင် မိုဘိုင်းဖုန်း (ဆယ်လူလာ ဖုန်းအမျိုးအစား)ကို Motorola မှ ၁၉၈၃ ခုနှစ်က ထုတ်လုပ်ပြီး DynaTAC 8000X လို့ အမည် ပေးထားပါတယ်။

၂။ ကမ္ဘာ့ ပထမဆုံး SMS စာပို့ စနစ်ကို ၁၉၉၂ ခုနှစ်မှာ စတင်ခဲ့တာ
ဖြစ်ပါတယ်။

၃။ ယနေ့ မိုဘိုင်းဖုန်း အရေအတွက်ဟာ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော် ရှိပါတယ်။

၎။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ မိုဘိုင်းဖုန်းရဲ့ ၇၀ ရာခိုင်နှုန်းဟာ တရုတ်ပြည်မှ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။

၅။ နေ့စဉ် တစ်မိနစ်ကို မိုဘိုင်းဖုန်း အလုံး ၁ ထောင် (Activated) တိုးပွားလျက် ရှိပါတယ်။

ပျော်ရွှင်စွာ နေတတ်ကြသည့် အမျိုးသမီးများ၏ လျှို့ဝှက်ချက်


တစ်ချိန်လုံး အမြဲတမ်း ပျော်ရွှင်နေသူ တစ်ယောက်မှ မရှိကြပါဘူး။ ဒါပေမဲ့ တချို့သူတွေဟာ တခြားသူတွေထက် ပိုမို ပျော်ရွှင် နေတတ်ကြတာ ဟာ အောက်ပါ အကြောင်းတွေ ကြောင့်ပါ။

၁။ အကောင်းမြင်တတ်ပါတယ်
ပျော်ရွှင်စွာ နေတတ်သူ တွေဟာ မကောင်းတဲ့ အရာတွေ ဖြစ်ပေါ် လာတာကို လက်ခံပေမယ့် မကြာခင် ပြီးဆုံးမယ်လို့ ယုံကြည်တတ် ကြပါတယ်။ အဆိုးမြင် ၀ါဒ ရှိတတ်သူတွေ အနေနဲ့ တစ်ခုခု မှားရင် အကုန်လုံး မှားမှာပဲ လို့ ထင်တတ်ကြတဲ့ အလေ့အကျင့် ရှိတတ် ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တက္ကသိုလ်ဆိုင်ရာ စည်းဝေးတက်ရောက်

Subscribed · 9 minutes ago

ဝိဖ္ဖာသိပ္ပံတက္ကသိုလ်(ရန်ကုန်)၊ ၀ိဇ္ဖာခမ်းမတွင်ကျင်းပသော ရန်ကုန်တက္ကသိုလ်ဆိုင်ရာ အချက်အလက်များတင်ပြခြင်း အစည်းဝေးပွဲသို့ မေစုတက်ရောက်...
ထို့နောက် ပင်းယဆောင်၊ စစ်ကိုင်းဆောင် နှင့် ဘွဲ့နှင်းသဘင် ခမ်းမတို့ကို သွားရောက်ကြည့်ရှု... (13-12-2012).