Thursday, 13 December 2012

သူလာတောင်းပန်မှာတောင် စိုးရိမ်မိ




အမိုက်မဲ တပည့်တော်သာ အရှင်ဘုရားတို့နေရာမှာဆို ခုချိန် သူလာတောင်းပန်မှာတောင် စိုးရိမ်မိမလားမသိ။ အတင်းတောင်းဆိုတော့မှ စိတ်မပါလက်မပါနဲ့ လာတောင်းပန်ရင်လဲ ဘာတန်ဖိုးရှိမှာလဲဘုရား။ တောင်းပန်ပါလို့ တောင်းဆိုနေရတယ်ဆိုထဲကိုက ဟုတ်ကိုမဟုတ်တော့တာ။ တကယ်ပဲ လူလိုနားလည်တတ်တဲ့သူဆိုရင် တောင်းဆိုနေဖို့တောင်မလိုဘူး သူကိုယ်တိုင် အပြေးလေးရောက်လာတာ ကြာပေါ့ အရှင်ဘုရား။

အိုဘားမားပြန်သွားပြီးတော့ မြန်မာနိုင်ငံအတွင်းမှာ ပြဿနာတွေ တောက်လျှောက် ပေါ်လာပါတယ်။

ခရိုနီစီးပွားရေးတွေကို ဆက်လုပ်လိုတဲ့ လက္ခဏာတွေ၊ သတင်းမီဒီယာ ဖွံ့ဖြိုးရေးတွေကို နောက်ပြန်သွားစေတဲ့ လက္ခဏာတွေ၊ ဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နင်းမှုတွေ၊အစိုးရအနေ နဲ့ ဒီမိုကရေစီအခွင့်အရေးတွေနဲ့ပတ် သက်ပြီး နောက်ပြန်သွားမယ့်အသုံး အနှုန်းဖော်ပြချက်တွေတွေ့လာရတယ်။ Hard Liners တွေ အစိုးရအဖွဲ့အနား ရောက်လာတယ် ထင်ပါတယ်။

Tuesday, 11 December 2012

''ပူးပေါင်းပါဝင်လှုပ်ရှားနိုင်ရန်ဖိတ်ခေါ်ခြင်း''



ပြည်ထောင်စုလွှတ်တော်ပထမအကြိမ်၊ စတုတ္ထပုံမှန်အစည်းအဝေး၊ အမိန်ကြော်ငြာစာအမှတ် ၅၂/၂၀၁၂ ဖြင့်ဖွဲ့စည်းခဲ့သော ''လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုစုံစမ်းရေးကော်မရှင်'' ၏ လေးချိုးတစ်ချိုးစာသက်တမ်းကာလအတွင်း ပြုလုပ်ဆောင်ရွက်နေသည့် အခြေအနေများ သည် ပွင့်လင်းမြင်သာထိရောက်မှုနှင့် ယုံကြည်ဖွယ်ရာလုံးဝမရှိသေးပါဟု ပဲခူးတိုင်းဒေသကြီး ''လယ်ယာမြေနှင့်အခြားမြေများသိ
မ်းဆည်းခံရမှူစောင့်ကြည့်ပံ့ပိုးရေးကွန်ယက်'' များမှခံယူပြီး ယင်းအခြေအနေအပေါ်.. ပြည်ထောင်စုလွှတ်တော်နာယက၊စုံစမ်းကော်မရှင်ဥက္ကဌ နှင့် အဖွဲ့ဝင်များ အနေဖြင့် ရှင်းလင်းချက်ထုတ်ပေးရန် တောင်းဆိုရေးလှုပ်ရှားမှုများကို စတင်သွားတော့မည်ဖြစ်ကြောင်းကြေငြာပါသည်။'' စောင့်ကြည့်ပံ့ပိုးရေးကွန်ယက်'' အဖွဲ့ဝင်လယ်သိမ်းခံလယ်သမားများသည် ပြည်ထောင်စုလွှတ်တော်မှဖွဲ့စည်းခဲ့သောစုံစမ်းရေးကော်မရှင်အပေါ် အပြုသဘောဖြင့်ကြိုဆိုခဲ့ပြီး၊ယင်းကော်မရှင်၏ လုပ်ရပ်များ ကို စောင့်ကြည့်လျှက်ရှိကာ
ယခုလှုပ်ရှားမှူသည်..''.စောင့်ကြည့်ပံ့ပိုးရေးကွန်ယက်'' ၏ပထမဆုံးတုံ့ပြန်မှုဖြစ်မည်ဖြစ်သည်။

တရုတ်လူမျိုးများရဲ့ အခွင့်အရေးကို ကာကွယ်သင့်ကြောင်း ပြော..


မြန်မာ လူမျိုး များ က မြန်မာ အစိုးရ ပိုင် / မြန်မာ ပိုင် ဆေးရုံ များ တွင် တက်
ရောက် ကုသခံ ရန် ပင် အခက် အခဲ ဖြစ်နေ သော် လည်း လူ အခွင့် အရေး
နေ့  အခမ်းအနား တွင် တရုတ် လူမျိုး များ ၏ အခွင့် အရေး ကို ကာကွယ်
ရန် လို ကြောင်း ၀န်ကြီး ဦးအောင်မင်း က ပြောသည်။

"စားလောက်ရဲ့သားနဲ့...လာဘ်စားတဲ့လူတွေကို.... အရင်ဆုံး...အရေးယူလိုက်ပါလား..."








မန္တလေးမှ မိမိကိုယ်သေကြောင်းကြံစည်မှု



မန္တလေး ၃၃ လမ်းပေါ်ရှိ ဒိုင်းမွန်းပလာ အပေါ်ထပ်မှ မိမိကိုယ်သေကြောင်းကြံစည် ခုန်ချရန် ကြိုးစားသူတဦးကို ရဲများက ခေါ်ဆောင်လာစဉ်
(ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ)

အားလုံးကို ကျေးဇူးတင် တယ်...



"အလုပ်အကြွေးတွေ ပြန်လည်ပေးဆပ်ပါတော့မည်။ အကျဉ်းစခန်းမှလည်း အလုပ်များစွာပါလာခဲ့ပါသည်။"
ကျွန်တော်ဒီနေ့အာမခံနဲ့ပြန်လွတ်
လာပါပြီ။အန်တီနော်အုန်းလှ၊ဒေါ်ရှမ်းမ၊ဦးမျိုးချစ်၊ကိုရဲလင်း ၊ကိုညီညီ၊ကိုအောင်စိုး၊ကိုမိုးသွေးတို့လဲ အာမခံတွေနဲ့ပြန်လွတ်လာကြပါပြီ။

မည်သည့်တိုင်းပြည်နှင့်ပေါင်းပေါင်း တိုင်းပြည်အကျိုးရှိရန် အဓိကဟု ဝန်ကြီးဦးအောင်မင်း ပြောကြား


Messenger News Journal


အင်တာနက်အွန်လိုင်းစာမျက်နှာများတွင် တရုတ်နိုင်ငံနှင့်ပတ်သက်၍ ပြောကြားခဲ့မှုကြောင့် ဝေဖန်ခံခဲ့ရသည့် သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မည်သည့်တိုင်းပြည်နှင့်ပေါင်းပေါင်း မြန်မာနိုင်ငံ အကျိုးရှိရန်သာ အဓိကဖြစ်ကြောင်း ပြောသည်။
''ခုတလော ဦးအောင်မင်း ကံမကောင်းဘူး။ လုပ်ပေးနေတာပဲ။ အဲဒါကိုမှ သူတို့အဓိပ္ပာယ်ပေါက်တာ တော့ ကျွန်တော်လည်း စိတ်မကောင်း ဘူး။ လူဦးရေ သန်းခြောက်ဆယ်အ တွက် အလုပ်လုပ်တာ။ တရုတ်နဲ့ပဲ ပေါင်းပေါင်း အမေရိကန်နဲ့ပဲ ပေါင်း ပေါင်း တည့်အောင်ပေါင်းဖို့အဓိကပဲ။ တိုင်းပြည်အကျိုးရှိဖို့ပဲ''ဟု ဒီဇင်ဘာ လ၈ရက်နေ့က ရန်ကုန်မြို့ ငြိမ်းချမ်း ရေးစင်တာ၌ပြုလုပ်ခဲ့သော ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွင်၎င်းကပြောသည်။
တရုတ်နိုင်ငံနှင့် ပတ်သက် သည့် ပြောစကားမှာ ၄င်းစိတ်ထဲရှိ သည့်အတိုင်း ပြောကြားခြင်းဖြစ်၍ နိုင်ငံတကာအမြင်ဖြစ်ကြောင်း၊ ပြော ကြားမှုအပေါ် အစိုးရအဖွဲ့မှလည်း တစ်စုံတစ်ရာပြောဆိုခဲ့ခြင်းမရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ပြောကြားခဲ့သည်။
တိုင်းရင်းသားများ ကောင်း စားရေးအတွက် မည်သည့်ငြိမ်းချမ်း ရေးမဆို ဖော်ဆောင်နေခြင်းဖြစ်၍ အင်တာနက်တွင် တင်သည့်အတိုင်း ဒေါ်လာ ၆ သန်း ရရှိသည်ဆိုသည် မှာလည်း ဟုတ်မှန်ခြင်းမရှိကြောင်း၊ တစ်ပြားမှမရသလို ယူလည်းမယူ ကြောင်း ၄င်းက ဆိုသည်။

Monday, 10 December 2012

ဘုန်းကြီးနဲ့ မဆိုင်ဘူးလို့ ပြောတဲ့လူတွေ အတွက် တဲ့...

ခွေးသား သိန်းစိန် ကြည့်ဖို့

အားလုံးသိစေဖို့....



နေမျိုးဇင်ကို တပ်မှ ဖြုတ်ပစ်ခံရသူဖြစ်ကြောင်း၊ နည်းမျိုးစုံနဲ့ မဟုတ် မမှန် ၀ါဒ ဖြန့်နေသူတို့ သိစေဖို့ တင်ပြခြင်းဖြစ်ပါတယ်။ ခေတ်ပျက်မှာ အခွင့်ထူးခံပြီး နေခဲ့တဲ့သူ မဟုတ်ဘူး ဆိုတဲ့ သက်သေပါ။ အထူးသဖြင့် လူတယောက် အကြောင်း ဇာစ်မြစ်ကို သေချာ မလေ့လာပဲ တဖက်စောင်းနင်း အပုပ်ချတတ်တဲ့ နိုင်ငံဘဏ္ဍာ ပြည်သူ့အခွန်ငွေတွေနဲ့ ရုရှားမှာ ပညာတော်သင်နေသူ စစ်ဗိုလ် တွေလိုမျိုး အတွက် သိစေဖို့ တင်ပေးခြင်းဖြစ်ပါ
တယ်။

စစ်သားကောင်း စိတ်ဓါတ်နဲ့ပဲ လူထု အတွက် အလုပ်လုပ်နေပါတယ်။ အခွင့်အရေးသမား ဟုတ်လား မဟုတ်ဘူးလား ။ ရှင်းပြတာပါပဲ။ သိစေချင်တယ်။